Latest News

Sunday, January 1, 2017

Excel Tower တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်

Excel Tower တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်


ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ဗဟန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်း Excel Tower, Royal Treasure ဟိုတယ်တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၇ နာရီခွဲခန့်က နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဟိုတယ် ၆ လွှာ အခန်း အမှတ် (C) တွင် ဧည့်ကြို ဝန်ထမ်းအမျိုးသမီး တစ်ဦးကို ၎င်း၏ချစ်သူ အမျိုးသားက ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ပြီးနောက် ၎င်းကိုယ်တိုင် ဓားဖြင့်ထိုးပြီး အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အသက် ၂၁ နှစ်အရွယ် ဧည့်ကြိုဝန်ထမ်း မစန္ဒာ(ခ) စန်းရတနာဦးကို ယင်းဟိုတယ်ရှိ အခန်းအမှတ် (C) တွင် ၎င်း၏ ချစ်သူ ကိုရဲဝင်းက ရှစ်လက်မ ဓားဦးချွန်ဖြင့် ထိုးသတ်ခဲ့သောကြောင့် ရင်အုံတွင် ထိုးသွင်းဒဏ်ရာ ၁၃ ချက်၊ ခါးတွင် ထိုးသွင်း ဒဏ်ရာ တစ်ချက်၊ ညာပါးပြင်နဖူး၊ လက်နှင့် ပခုံးတို့တွင် ပြတ်ရှဒဏ်ရာ စုစုပေါင်း ၈ ချက်ဖြင့် ရရှိခဲ့သည်။

မစန္ဒာ သေဆုံးခဲ့ပြီးနောက် ချစ်သူဖြစ်သူ ကိုရဲဝင်းက ၎င်း၏ ရင်အုံကို ဓားဖြင့် ခုနှစ်ချက် ထိုးသွင်းပြီး ၎င်းကိုယ်တိုင် အဆုံးစီရင်ခဲ့ခြင်းဖြစ်၍ ဗဟန်းမြို့မ ရဲစခန်းက လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး ရုပ်အလောင်းများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ကာ အမှုဖြစ်စဉ်အသေးစိတ်ကို ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိသည်။

Sources; The Voice

No comments:

Post a Comment