ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု၊ မြေနီတောင်ကျေးရွာတွင် WYစာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၂၉၅)ပြား ဖမ်းဆီးရမိ
ကျွန်းစု ဒီဇင်ဘာ ၁၈ ရက်
ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု၊ မြေနီတောင်ကျေးရွာတွင် မူးယစ်ဆေးဝါးများရောင်းချနေ ကြောင်း သတင်းအရ ကံမော်နယ်မြေစခန်းမှူး ဒုရဲအုပ်အောင်ဇော်မင်းထွန်း ဦးစီးသောတပ်ဖွဲ့ဝင်များနှင့် ကံမော်ကျေးရွာ(မာနာ) ဦးချစ်ကိုကိုဦး၊ ဦးကျော်စွာဦးတို့နှင့် သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးခွင့်ဝရမ်းအမှတ်(၄၇/၂၀၁၆)အရ မြေနီတောင်ကျေးရွာနေ ဦးအောင်ဇော်မြင့် ထံသွားရောက် စစ်ဆေးရှာဖွေခဲ့ကြရာ WYစာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၂၉၅)ပြားအား စစ်ဆေးရှာဖွေ ခဲ့မိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
၎င်းဖြစ်စဉ်မှာ ကံမော်နယ်မြေစခန်းမှူး ရဲအုပ်အောင်ဇော်မင်းထွန်းဦးစီးသော အဖွဲ့မှ မြေနီတောင် ကျေးရွာနေ အဘ ဦးရန်စိန်၏သား ဦးအောင်ဇော်မြင့် အသက်(၄၄)နှစ် နေအိမ်သို့ သွားရောက်ရှာဖွေကြရာ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိရ၍ ဦးအောင်ဇော်မြင့်အား စစ်ဆေးခဲ့ကြရာ မူးယစ်ဆေးဝါးများအား ၎င်း၏ယောက္ခမဖြစ်သူ ဦးမောင်အေး၏ နေအိမ်တွင် သိမ်းဆည်းထားကြောင်း ၎င်းကိုယ်တိုင်လိုက်လံပြသပြီး နေအိမ်အတွင်းရှိ ဗီဒိုအတွင်းမှ မိန်းမကိုင်ပန်းရောင်လက်ကိုင်အိတ်(၁)လုံးအား ထုတ်ယူလာပြီးအပ်ပေးသဖြင့် သက်သေများရှေ့ဖွင့်ကြည့်ရာ အအေးသောက်သည့်ပိုက်တစ်ထောင့်လျှင် WYစာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၂၅)ပြားပါ ပိုက်(၁၁)ချောင်း၊ အအေးသောက်သည့်ပိုက်တစ်ထောင့် လျှင် WYစာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၂၀)ပြားပါ ပိုက်(၁)ချောင်း၊ စုစုပေါင်း WYစာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၉၅)ပြား၊ ကာလတန်ဖိုး(၁၄၇၅၀၀၀)ကျပ်အား ရဲအုပ်အောင်ဇော်မင်းထွန်းမှ သက်သေများ ရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများလက်ဝယ်တွေ့ရှိသူ ဦးဇော်မြင့်အား ကံမော်နယ်မြေရဲစခန်းမှ ရဲအုပ် အောင်ဇော်မင်းထွန်းက တရားလိုပြုလုပ်၍ ကံမော်နယ်မြေရဲစခန်းမှ မယ(ပ)၃၆/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်လှစ်ကာ ဒုရဲအုပ် ရဲမင်းထွန်းမှ စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
kokyunthar
မြိတ်ပုလဲမြေ
Sunday, December 18, 2016
ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု၊ မြေနီတောင်ကျေးရွာတွင် WYစာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၂၉၅)ပြား ဖမ်းဆီးရမိ
ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု၊ မြေနီတောင်ကျေးရွာတွင် WYစာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၂၉၅)ပြား ဖမ်းဆီးရမိ
Reviewed by Ar Ti
on
9:37 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment