Latest News

Sunday, December 18, 2016

ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာတွင် မူးယစ်ဆေးဝါး(ဘိန်းစာမှုန့် )များဖမ်းဆီးရမိ

ကျွန်းစုမြို့နယ်၊  မဲတောကျေးရွာတွင် မူးယစ်ဆေးဝါး(ဘိန်းစာမှုန့် )များဖမ်းဆီးရမိ


ကျွန်းစု ဒီဇင်ဘာ ၁၈ ရက်

ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာတွင် ကံမော်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ဇော်မင်းထွန်း နှင့် တပ်ဖွဲ့များက သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ ဒီဇင်ဘာလ(၁၇)ရက်နေ့ ညနေ(၄)နာရီခန့်က မဲတောကျေးရွာနေ ဦးဝင်းဇော် နေအိမ်မှ ဘိန်းစာမှုန့်ဟုယူဆရသော စိမ်းဝါရောင်မှုန့်ထုပ်(၇၄)ထုပ်အား ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ကျွန်းစုမြို့နယ် ကံမော်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ဇော်မင်းထွန်း နှင့် တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ မဲတောကျေးရွာနေအဘ ဦးဘမော်၏သား ဦးဝင်းဇော် အသက်(၃၉)နှစ် နေအိမ်သို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစိဆေးဝါးရှာဖွေဝရမ်းအမှတ်(၄၆/၂၀၁၆)အရ ၀င်ရောက်ရှာဖွေကြရာ ၎င်းနေအိမ်၏အနောက်ဘက်(၁၀)ပေခန့်အကွာ ဇရပ်တောအတွင်းမှ ပလပ်စတစ်ပုံး အပြာရောင်ဖြင့်ထည့်ထားသော ဘိန်းစာမှုန့်ဟုယူဆရသော တစ်ထုပ်လျှင်(၅၀)ဂရမ်ခန့်ပါ စိမ်းဝါရောင်အမှုန့် ထုပ် (၄)ထုပ်နှင့် ပလပ်စတစ်အနက်ရောင်ခြင်းအတွင်း ဆာလာအိတ်ဖြင့် ထည့်ထားသော တစ်ထုပ်လျှင် (၅၀)ဂရမ်ခန့်ပါ စိမ်းဝါရောင်အမှုန့်ထုပ်(၇၀)ထုပ်၊ စုစုပေါင်း(၇၄)ထုပ်၊ စုစုပေါင်းအလေးချိန်(၃.၃၇)ကီလိုဂရမ်၊ ကာလာတန်ဖိုး(၂၁၀၉၀၀)ကျပ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ စခန်းမှူး ရဲအုပ်အောင်ဇော်မင်းထွန်းက တရားလိုပြုလုပ်၍ ကံမော်နယ်မြေ ရဲစခန်းသို့ တိုင်တန်းခဲ့ရာ ကံမော်နယ်မြေရဲစခန်းမှ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် မယ(ပ)အမှတ် ၃၅/၂၀၁၆၊မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်လှစ်၍ ဦးဝင်းဇော်အား အမှုဖြင့်ဖမ်းဆီးပြီး ဒုရဲအုပ် ရဲမင်းထွန်းမှ အမှုအားစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ကျွန်းစုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
kokyunthar
မြိတ်ပုလဲမြေ

No comments:

Post a Comment