Latest News

Wednesday, December 28, 2016

ဓာတ်ပုံဟောင်းတွေကို resolution ကောင်းကောင်းနဲ့ ပြင်ဆင်ထိန်းသိမ်းနိုင်မယ့် app

ဓာတ်ပုံဟောင်းတွေကို resolution ကောင်းကောင်းနဲ့ ပြင်ဆင်ထိန်းသိမ်းနိုင်မယ့် app



လူတိုင်း လူတိုင်းမှာ အမှတ်တရအချိန်အခါ၊ အခိုက်အတန့်လေးတွေဆိုတာ ရှိပါတယ်။ တစ်ချို့က ဒီအချိန်လေးတွေကို ဓာတ်ပုံမှတ်တမ်းတင်ထားတတ်ကြတယ်။ ကိုယ့်အတွက် အရေးပါလွန်းတဲ့  ဓာတ်ပုံတွေဆိုရင်တော့ ပုံတွေထုတ်ထားတဲ့အထိကို သေသေချာချာ သိမ်းထားချင်တတ်ကြပါတယ်။ တကယ်တော့ အဖိုးတန် ဓာတ်ပုံဟောင်းတွေ ထိန်းသိမ်းရတာ အလုပ်တစ်ခုပါပဲ။ အဲဒီ hard copy တွေ၊  အစားထိုးမရတဲ့ ဓာတ်ပုံတွေကို တစ်နှစ်ပြီးတစ်နှစ် မူလပကတိ လက်ရာမပျက်အောင် ထိန်းသိမ်းရတာ အဓိကပြသနာတစ်ရပ်ပါပဲ။ ဒီတော့ ဓာတ်ပုံတွေကို resolution ကောင်းကောင်းနဲ့ ဘယ်လိုပြင်ဆင်ထိန်းသိမ်းမလဲဆိုတဲ့ အချက်လေးကို ပြောပြချင်ပါတယ်။

Print ထုတ်ထားတဲ့ ဓာတ်ပုံမှန်သမျှ တစ်ပြားမှမကုန်ကျဘဲ စက္ကန့်ပိုင်းအတွင်း ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်မွမ်းမံနိုင်ရန် ဖန်တီးထားတဲ့ Google က app သစ်တစ်ခု ဖြစ်တဲ့ PhotoScan app ထဲသို့ ဝင်ရပါမယ်။

ယင်း App (Android နဲ့ iPhone နှစ်ခုလုံးဖြင့် သုံးနိုင်) ကို ဒေါင်းလုဒ်ဆွဲပြီး စမတ်ဖုန်းကင်မရာပေါ်အောင် ဖွင့်ပါ။ ထိန်းသိမ်း သိမ်းဆည်းလိုတဲ့ ဓာတ်ပုံကို သေချာ နေရာချပြီး ဓာတ်ပုံတစ်ချက် ရိုက်ရပါမယ်။ ခုနရိုက်ထားတဲ့ပုံမှာ အစက် ၄ ခုပေါ်လာမှာဖြစ်ပြီး စခရင်မ်ကနေ အလင်းအမှောင်တစ်ခါတည်း ချိန်ပေးရပါမယ်။

Print တုန်းကပုံနဲ့ resolution ကောင်းကောင်း ချွတ်စွပ်တူ ဓာတ်ပုံလေးတစ်ပုံရရှိကာ တစ်သက်လုံး ရှေးမူမပျက်သိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

Sources; purewow Trend Myanmar

No comments:

Post a Comment