Latest News

Wednesday, December 28, 2016

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ယေရှုခရစ်တော်၏ မွေးနေ့တော် (ခရစ္စမတ်) နှင့် နှစ်သစ်ကူး အကြို ကျေးဇူး တော်ချီးမွမ်းခြင်း ညစာစားပွဲတက်ရောက်

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး   ယေရှုခရစ်တော်၏ မွေးနေ့တော် (ခရစ္စမတ်) နှင့် နှစ်သစ်ကူး အကြို ကျေးဇူး တော်ချီးမွမ်းခြင်း ညစာစားပွဲတက်ရောက်




နေပြည်တော် ဒီဇင်ဘာ ၂၈

မြန်မာနိုင်ငံဧ၀ံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ် (MECA)က ကြီးမှူးကျင်းပ သည့် ယေရှုခရစ်တော်၏ မွေးနေ့တော် (ခရစ္စမတ်) နှင့် နှစ်သစ်ကူးအကြို ကျေးဇူး တော်ချီးမွမ်းခြင်း ညစာစားပွဲကို ယနေ့ညနေ ၅နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ် ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့်ဇနီး တက်ရောက်ချီးမြှင့်သည်။

ရှေးဦးစွာ သိက္ခာတော်ရ ဆရာတော်များက သမ္မာကျမ်းစာဖတ်ကြားခြင်း၊ ဆု တောင်းဆက်ကပ်ခြင်းများ ဆောင်ရွက်ကြပြီး ညစာစားပွဲတက်ရောက် လာသူများက ဓမ္မသီချင်းစုပေါင်း သီဆိုကြသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့သည့် ခရစ္စမတ် ဆုတောင်းသ၀ဏ် လွှာကို ဖတ်ကြားသည်။

ထို့နောက် သိက္ခာတော်ရဆရာတော်များက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြပြီး  မြန်မာနိုင်ငံ ဧ၀ံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်မှ EC အဖွဲ့ဝင်များ နှင့် မိတ်ဆက်ပေးကာ Jesse က ဂုဏ်တော် ချီးမွမ်းသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က နှုတ်ခွန်းဆက်စကားပြောကြား၍ တေးသံရှင်များက ဂုဏ်တော် ချီးမွမ်းကြပြီး ဒေသနာရှင် Dr.CK No Chum ကခရစ္စမတ်ဒေသနာဟောကြားသည်။

ယင်းနောက် သိက္ခာတော်ရ ဆရာတော်ဦးစောရွှေလင်းကနိုင်ငံတော်အတွက် မေတ္တာပို့ ဆုတောင်း စကားပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု ၀န်ကြီးများ နှင့်အတူ မြန်မာနိုင်ငံဧ၀ံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် (MECA)အသင်းဝင်များက စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံရိုက်ကူး ကြပြီး ညစာအတူတကွ သုံးဆောင်ကြသည်။

Sources;MOI

No comments:

Post a Comment