Latest News

Friday, December 9, 2016

၆၆(ဃ)သည် နိုင်ငံရေးအရဖိနှိပ်သင်းကွပ်သည့်ပုဒ်မဟု ပုသိမ် NLD ဒု-ဥက္ကဌြေေပြော

၆၆(ဃ)သည် နိုင်ငံရေးအရဖိနှိပ်သင်းကွပ်သည့်ပုဒ်မဟု ပုသိမ် NLD ဒု-ဥက္ကဌ ပြော

ဆက်သွယ်ရေးဥပဒေပုဒ်မတခုဖြစ်သော ၆၆(ဃ)သည် နိုင်ငံရေးအရဖိနှိပ်သင်းကွပ်သည့် ဥပဒေပုဒ်မတခုလိုဖြစ်လာကြောင်း ပုသိမ်မြို့နယ် NLD ဒု-ဥက္ကဌ ဦးဆန်းရွှေက ဒီဇင်ဘာ ၉ ရက်နေ့တွင် ပြောသည်။

'ကျွန်တော်နားလည်တာက ၆၆(ဃ) ပုဒ်မသည် လူ့ဂုဏ်သိက္ခာကို အကာအကွယ်ပေးရမယ့် ပုဒ်မတခုဖြစ်ပါတယ်။ ဒါပေမယ့် အခုဖြစ်နေတာတွေက ဒီပုဒ်မကို နိုင်ငံရေးအရ ဖိနှိပ်တဲ့သင်းကွပ်တဲ့ပုဒ်မတခုလို အသုံးချလာတာတွေ တွေ့ရတယ်။ ကျွန်တော်ကတော့ အမှန်တရားပေါ်ပေါက်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်”ဟု ၎င်းကပြောသည်။

ပုသိမ်မြို့နယ်တရားရုံးတွင် ဒီဇင်ဘာ ၉ ရက်နေ့တွင် ဆက်သွယ်ရေးပုဒ်မဖြင့် တရားစွဲခံထားရသည့် ဦးဆန်းရွှေကို ဒုတိယအကြိမ်ရုံးထုတ်စဉ် ၎င်းကအထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပုသိမ်မြို့နယ် NLD ဒု-ဥက္ကဌဖြစ်ပြီး ငွေဆောင်မြို့နယ်တာဝန်ခံတဦးဖြစ်သူ ဦးဆန်းရွှေသည် နိုဝင်ဘာ ၂၀ ၇က်နေ့တွင် ၎င်း၏လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာပေါ်၌ ပုသိမ်မြို့နယ် ဆင်မကျေးရွာတွင် အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များက အရက်ပုန်းဆိုင်များကို အရက်ဆီများ မယူမနေရ လိုက်လန်ဖြန့်ဖြူးနေကြောင်း၊ ယင်းသို့ဖြန့်ချိရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်၏တူသားနောင်မယ်၏ပစ္စည်းများဖြစ်သဖြင့် ၀ယ်ယူပေးရမည်ဟု နာမည်အလွဲသုံးစားပြုလုပ်နေသည်ကို ရပ်ကျေးများမှ လာရောက်တင်ပြကြောင်း၊ ပါတီ၊ လွှတ်တော်နှင့် ဥက္ကဋ္ဌ၏ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း စသည်ဖြင့် ရေးသားဖော်ပြခဲ့သည့်အတွက် အဆိုပါကိစ္စနှင့်ပတ်သက်၍ လာရောက်ဖြေရှင်းရန် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ရဲစခန်းမှ ဆင့်ခေါ်ခဲ့ပြီး ထိုနေ့ညပိုင်းတွင်ပင် ၆၆(ဃ) ဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံခဲ့ရသည်။

ဦးဆန်းရွှေ၏ရုံးချိန်းကို လာမည့် ဒီဇင်ဘာလ ၂၃ ၇က်နေ့သို့ ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။

ဖြိုးကိုနိုင်
News Watch



No comments:

Post a Comment