Latest News

Thursday, December 8, 2016

အခြေအမြစ်မရှိ ပြစ်တင်ဝေဖန်နေခြင်းများသည် ပြသ၁နာများကို ကူညီဖြေရှင်းရာမရောက်ဟု ကိုဖီအာနန် ပြောကြား

အခြေအမြစ်မရှိ ပြစ်တင်ဝေဖန်နေခြင်းများသည် ပြသ၁နာများကို ကူညီဖြေရှင်းရာမရောက်ဟု ကိုဖီအာနန် ပြောကြား

မြန်မာနိုင်ငံ ရခိုင်ဒေသက ရခိုင်နှင့် မွတ်ဆလင်လူမျိုးစုအကြား တင်းမာမှုများကို ဖြေရှင်းနိုင်ရေး မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလိုက်သည်။

“ဒီလူအသိုင်းအဝိုင်း အုပ်စုတွေကြားက တင်းမာမှုတွေက အများကြီး ရှိနေသးတယ်လို့ ခံစားရပါတယ်” ဟု ကိုဖီအာနန်က အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ သို့ ရာတွင် သူတို့ ကော်မရှင်အနေဖြင့် သည်ဒေသတွင် ညှဉ်းပန်းနှိပ်စက်မှုများ တွေ့ခဲ့ပါသလားဆိုသည့် မေးခွန်းကိုဖြေဆိုရန် သူက ငြင်းဆန်ခဲ့သည်။

“စွပ်စွဲချက်တွေကို ကျွန်တော်တို့  စုံစမ်းနေတုန်း ရှိပါသေးတယ်၊ ဒါကြောင့် သည်အပေါ်မှာ မှတ်ချက်မပေးနိုင်သေးပါဘူး။ လူ့ အခွင့်အရေး ကျူးလွန်မှုတွေဆိုတဲ့ တိုင်းတန်းမှု စွဲချက်တွေကို ကျွန်တော်တို့  စိုးရိမ် အလေးထားပါတယ်” ဟု ကိုဖီအာနန်က ဆိုသည်။

ကိုဖီအာနန်သည် ရခိုင်အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးထင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့်လည်း တနင်္လာနေ့ က နေပြည်တော်တွင် ဆွေးနွေးခဲ့သည်။

“ကျွန်တော်တို့  ဆွေးနွေးချက်တွေဟာ ရခိုင်ဒေသက လူ့အသိုင်းအဝိုင်းများကြား ပြန်လည်ပေါင်းစည်း ညီညွတ်ရေး၊ လွတ်လပ်စွာလှုပ်ရှားမှု၊ နိုင်ငံသား ကတ်ပြား စီစစ် ထုတ်ပေးမှု၊ စီးပွားရေးနဲ့ လူမှုရေးတိုးတက်မှုတွေကို အသားပေး ပြောဆိုခဲ့ပါတယ်”

မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အသိုင်းအဝိုင်းသည် ရခိုင်နှင့် မွတ်ဆလင်လူမျိုးများအကြား မုန်းတီးမှုများဖြစ်အောင် လှုံ့ဆော် မီးမွှေးနေသည်ဟု စွပ်စွဲပြောကြားခဲ့သည့် အပေါ် သဘောတူပါသလားဟု မေးသည့်အခါ ကိုဖီအာနန်က မြန်မာသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပူးပေါင်း ပါဝင်မှု ပိုပြီး လိုအပ်နေသည်ဟု ဆိုသည်။

“သည်ပြသ၁နာကို ဖြေရှင်းရာမှာ နိုင်ငံတကာရဲ့ ပူးးပေါင်းဆောင်ရွက်မှုက အဓိကျပါတယ်” ထို့အပြင် ရခိုင်ဒေသတွင် လူမျိုးတုံး သတ်ဖြတ်နေသည်ဟူသော စွပ်စွဲချက်များကို သုံးစွဲနေခြင်းကိုလည်း သူက သတိပေးခဲ့သည်။

“ဒါတွေကို စွပ်စွဲဖို့ တရားဥပဒေအရ သုံးသပ်ဖို့ လိုပါတယ်။ ဒါက လွယ်လွယ်နဲ့ လျှော်လိုက်လို့ ရတဲ့  စွဲချက်မျိုးမဟုတ်ဘူး” ဟု ဆိုသည်။

ကိုဖီအာနန်၏ ရခိုင်အရေးကော်မရှင်သည် ၄င်းတို့ ၏တွေ့ရှိချက်များနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလက အစိုးရကို အစီရင်ခံစာ အကြမ်းတင်ပြခဲ့သည်။ အစီရင်ခံစာ အပြည့်အစုံကို ၂၀၁၇ ခုနှစ်တွင် တင်ပြမည်ဖြစ်သည်။

လင်းလင်း

The Ladies News

No comments:

Post a Comment