Latest News

Thursday, December 15, 2016

MPT က CDMA ဖုန်း ငွေဖြည့်ကတ် ထုတ်လုပ်မှု ရပ်ဆိုင်း

MPT က CDMA ဖုန်း ငွေဖြည့်ကတ် ထုတ်လုပ်မှု ရပ်ဆိုင်း


ရန်ကုန်၊ ဒီဇင်ဘာ ၁၄

လက်ရှိအခြေအနေ၌ အသုံးပြုမှု လျော့နည်းလာသည့် CDMA ဖုန်း ဆင်းမ်ကတ်များအတွက် ငွေဖြည့်ကတ်များ ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ ပြန်ကြားရေးဌာန တာဝန်ခံ ဒေါ်ဟေမာန်စိုးက ပြောကြားသည်။

ယင်းငွေဖြည့်ကတ်များ ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်သော်လည်း CDMA 450 MHz နှင့် 800 MHz ဖုန်းဆင်းမ်ကတ်များ ငွေဖြည့်ရာတွင် GSM ငွေဖြည့်ကတ်များဖြင့် ငွေဖြည့်သွင်းနိုင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

လက်ရှိအချိန်တွင် GSM မိုဘိုင်းလ်ကွန်ရက် ပိုမိုကျယ်ပြန့်လာခြင်းနှင့် CDMA အသုံးပြုသူ အရေအတွက် အနည်းငယ်သာ ရှိတော့သည့်အတွက် ယင်းသို့ ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“GSM ငွေဖြည့်ကတ်နဲ့ဆိုရင် အလွယ်တကူ ဝယ်ယူငွေဖြည့်နိုင်ဖို့အတွက် လုပ်လိုက်တာပါ” ဟု ၎င်းက ဆိုသည်။

CDMA မိုဘိုင်းလ်ဖုန်းများအတွက် GSM ဖုန်းငွေဖြည့်ကတ်များကို အသုံးပြုရမည် ဖြစ်သော်လည်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က သီးခြားဝန်ဆောင်မှု ပေးနေသော MECTel ၏ CDMA များ အတွက်ကိုမူ GSM ဖုန်းငွေဖြည့်ကတ်များကို အသုံးပြုနိုင်မည် မဟုတ်ကြောင်း MPT ထံမှ သိရသည်။

J-01

VIAVOICE ADMIN

No comments:

Post a Comment