Latest News

Thursday, December 15, 2016

အရင်အစိုးရက တရားမ၀င် ရွှေလုပ်ကွက် အများအပြား ခွင့်ပြုပေးခဲ့တယ်လို့ စစ်ကိုင်း ၀န်ကြီးချုပ်ပြော'

အရင်အစိုးရက တရားမ၀င် ရွှေလုပ်ကွက် အများအပြား ခွင့်ပြုပေးခဲ့တယ်လို့ စစ်ကိုင်း ၀န်ကြီးချုပ်ပြော

အရင်ဦးသိန်းစိန် အစိုးရလက်ထက်က တရားမ၀င် ရွှေတူးဖော်ခွင့် အများအပြား ပေးထားခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင် က ပြောဆိုလိုက်ပါတယ်။


ဒီဇင်ဘာလ ၁၅ ရက် ဒီကနေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက တရားမ၀င် ရွှေတူးဖော်နေရာတွေကို သွားရောက်စစ်ဆေးချိန်မှာ အခု လိုပြောဆိုလိုက်တာပါ။ အဲဒီတရားမ၀င်ရွှေတူးဖော်နေတဲ့ ကုမ္ပဏီတွေကို အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့လည်း ၀န်ကြီးချုပ်က ပြောဆိုလိုက်တာပါ။ ဟုမ္မလင်းမြို့နယ် လောင်းဖောင်ကျေးရွာနဲ့ ထိပ်ကုန်းကျေးရွာ အနီးတဝိုက်မှာ တရားဝင် ရွှေတူးဖော်နေတဲ့ ကုမ္ပဏီတွေနဲ့ တရားမဝင်ရွှေမျောတွေကြောင့် ကျေးရွာလူနေအိမ် တွေ၊ လယ်မြေတွေ ပျက်စီးမှုတွေ ရှိနေတာဖြစ်ပါတယ်။

တရားဝင် တူးဖော်ခွင့်ရတဲ့ ကုမ္ပဏီတွေကလည်း သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာခြင်းမရှိတဲ့အတွက် အဲဒီလုပ်ကွက်တွေကို ပိတ်သိမ်းဖို့၊ လျော်ကြေးပေးသွင်းဖို့နဲ့ ဥပဒေကြောင်းအရ တရားစွဲဆိုဖို့အပါအ၀င် တရားမ၀င် ရွှေမျောတွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ MCN သတင်းဌာနက သီးခြားဆက်သွယ်မေးမြန်းစဉ်မှာ ပြောဆိုခဲ့ပါတယ်။ ယခုအချိန်မှာ တော့ ရွှေတူးဖော်နေတဲ့ ကုမ္ပဏီတွေအားလုံးကို ရွှေတူးဖော်ခွင့် ယာယီရပ်ဆိုင်းလိုက်ပါတယ်။


SOURCES © 2016 MCN TV (NEWS CHANNEL)

No comments:

Post a Comment