Latest News

Monday, December 19, 2016

Miss Tourism Queen of the Year International 2016ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအလှမယ် ခင်အင်ကြင်းကျော် Best in Evening Grownဆုရရှိ

Miss  Tourism Queen of the Year International 2016ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအလှမယ် ခင်အင်ကြင်းကျော် Best in Evening Grownဆုရရှိ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ၂၀၁၆ခုနှစ် ဒီဇင်ဘာလ၁၈ရက်နေ့ည ၈နာရီက ကျင်းပပြုလုပ်ခဲ့သည့် Miss Tourism Queen of the year International 2016 ပြိုင်ပွဲတွင် Style Plus H ၏ Beauty Queen အလှမယ် ခင်အင်ကြင်းကျော် Best in Talent (Top 5) & Best in Evening Grown ဆုရရှိခဲ့ကြောင်း သိရသည်။
"ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ၊ လေ့ကျင့်မှုတွေ၊ သင်ယူမှုတွေ အများကြီး လုပ်ခဲ့ပါတယ်။ မြန်မာစလွယ်ကို လွယ်ပြီး မြန်မာကိုယ်စားပြု အလှမယ်တစ်ယောက်အနေနဲ့ သွားရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့အတွက် အရမ်းလဲဂုဏ်ယူမိပါတယ်။
ရွေးချယ်စေလွှတ်ခဲ့တဲ့ Style Plus H က teacher လှနုထွန်းကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ အခုလို Best in Evening Grown ဆုရရှိခဲ့အတွက်လည်း အရမ်းဝမ်းသာမိပါတယ်။  ” ဟု အလှမယ် ခင်အင်ကြင်းကျော် ကပြောသည်။

အဆိုပါပြိုင်ပွဲကို တရုတ်နိုင်ငံတွင် ၂၀၁၆ ဒီဇင်ဘာလ(၁)ရက်နေ့မှစတင်ကာ ကျင်းပခဲ့ကြောင်း၊ နိုင်ငံပေါင်း (၈၀)ကျော်မှ နိုင်ငံကိုယ်စားပြု  အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ Talent၊ Beauty၊ presentation နှင့် activity ပိုင်းများအတွက် ယှဉ်ပြိုင်ခဲ့ရကြောင်း၊ ဒီဇင်ဘာလ ၁၈ရက်နေ့တွင် ကျင်းပပြုလုပ်သည့် Final night တွင် Best in Talent (Top 5) & Designer Arr Kar တီထွန်ဖန်တီးချူပ်လုပ်ပေးခဲ့သည့် Best in Evening Grown ဆုရရှိခဲ့ကြောင်းသိရသည်။

အလှမယ် ခင်အင်ကြင်းကျော်သည် Miss Golden Land 2015 ၊ Miss International Myanmar နှင့် Miss Asia Myanmar ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Photogenic ဆုရရှိခဲ့ကြောင်းသိရသည်။

Sources ; ရတနာပုံသတင်းစာ

No comments:

Post a Comment