Latest News

Monday, December 19, 2016

ကော့မှူးမြို့နယ် တိုးမြစ်အတွင်း၌ ရေယာဉ်(၂)စီး တိုက်မှုဖြစ်ပွား

ကော့မှူးမြို့နယ် တိုးမြစ်အတွင်း၌ ရေယာဉ်(၂)စီး တိုက်မှုဖြစ်ပွား

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

၁၉.၁၂.၂၀၁၆ ရက်နေ့ ၂၀၀၀ အချိန်တွင် ကော့မှူးမြို့နယ်၊ တိုးမြစ်အတွင်း ၀ဲကြီးကွေ့အနီး၌ ရေယာဉ်အုပ် ဦးတင်မြင့်၊ (၆၃)နှစ်၊ မောင်းနှင်သော ပုသိမ်သူ ရန်ကုန်-မော်ကျွန်း-ပုသိမ်ခရီးသည်တင် ရှပ်ပြေးရေယာဉ်နှင့် ဦးစိုးစိုး၊ (၃၈)နှစ် မောင်းနှင်သော ချမ်းမြေ့ထွန်း ကုန်တင်ရေယာဉ်တို့ တိုက်မိခဲ့ပြီး ချမ်းမြေ့ထွန်းကုန်တင်ရေယာဉ်မှာ တိုးမြစ်အတွင်း နစ်မြုပ်မှု
ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မော်ကျွန်း-ပုသိမ်သို့ပြေးဆွဲနေသော ခရီးသည်တင် ရေယာဉ်၌ ခရီးသည် (၃၀၀)ဦးခန့်ပါရှိပြီး ရန်ကုန်မြို့မှမော်ကျွန်းမြို့သို့ မောင်းနှင်သွားနေစဉ် ချမ်းမြေ့ထွန်းကုန်တင်ယာဉ်မှာ ကျိုက်လတ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာနေစဉ် တိုးမြစ်အတွင်းရှိ ၀ဲကြီးကွေ့အရောက်၌
၎င်းဝဲအား ရှောင်ကွင်းမောင်းနှင်ရာမှ ရှပ်ပြေးရေယာဉ်ရှေ့သို့ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင် တိုက်မိကာ နစ်မြုပ်သွားခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ ရေယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် ချမ်းမြေ့ထွန်းကုန်တင်ရေယာဉ် ပေါ်ပါ ဦးသန်းအေးတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ပုသိမ်သူရေယာဉ်ပေါ်ပါ ခရီးသည်များမှာ ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment