Latest News

Monday, December 19, 2016

ဆင်ဆာစနစ်မီးပွိုင့်တွေတပ်ပြီးရင် ယာဉ်ကြောပိတ်တာ ၃၀ ရာခိုင်နှုန်း လျော့ကျမယ်လို့ဆို

ဆင်ဆာစနစ်မီးပွိုင့်တွေတပ်ပြီးရင် ယာဉ်ကြောပိတ်တာ ၃၀ ရာခိုင်နှုန်း လျော့ကျမယ်လို့ဆို

ဆင်ဆာစနစ်မီးပွိုင့် အခု ရှစ်ဆယ် တပ်ဆင်ပြီးပြီလို့ ဆိုပါတယ်။
 
ရန်ကုန်မြို့ထဲမှာတပ်ဆင်နေတဲ့ ဆင်ဆာစနစ်သုံး မီးပွိုင့်စနစ်တွေတပ်ဆင်ပြီးသွားရင် ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုကို ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်အထိလျော့ချပေးနိုင်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ဆီကနေ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ရန်ကုန်မြို့ထဲက မီးပွိုင့်ပေါင်း ၁၅၄ ခုကို ဆင်ဆာစနစ်သုံး မီးပွိုင့်တွေပြောင်းလဲတပ်ဆင်နေပြီး ခရေပင်လမ်းဆုံ၊ ပြည်လမ်းဆုံ၊ မင်းဓမ္မလမ်းနဲ့ ပြည်လမ်းဆုံ၊ လှည်းတန်းလမ်းဆုံနဲ့ရှစ်မိုင်လမ်းဆုံတို့မှာ တပ်ဆင်ထားတယ်လို့ သိရပါတယ်။


ရန်ကုန်မြို့ထဲမှာ ယာဉ်ကြောကြပ်တာကို ထိန်းချုပ်နိုင်ဖို့ဆောင်ရွက်နေတဲ့ အစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ ဆင်ဆာစနစ်သုံးမီးပွိုင့်တွေတပ်ဆင်တာနဲ့ Command Centre တစ်ခုကို ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းမှာ အပြီးတည်ဆောက်ဖို့ စီစဉ်နေပေမယ့် လက်ရှိအချိန်မှာ မီးပွိုင် အခု ၈၀ လောက်ပဲပြီးစီးသေးလို့ တိုင်းဒေသကြီးအစိုးရက တစ်ရက်ကို ကျပ်ငွေတစ်သိန်း ဒဏ်ငွေတပ်ရိုက်ထားတယ်လို့ သိရပါတယ်။

အဆိုပါဗဟိုမီးပွိုင့်ထိန်းချုပ် ရေးစနစ်အတွက် တရုတ်အစိုးရပိုင် China Railway ဆောက်လုပ်ရေးကော်ပိုရေးရှင်း(CRCC)နဲ့ ပြည်တွင်းမှ ရွှေယင်းကုမ္ပဏီတို့ကို အရင်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Source : Kumudra,7DayDaily,Duwun

No comments:

Post a Comment