နေပြည်တော်၊ ဒီဇင်ဘာ ၎
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသရှိ ကွတ်ခိုင်မြို့အတွင်းသို့ KIA/TNLA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က ယနေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် လက်နက်ကြီးဖြင့် ၃ ချက်လာရောက် ပစ်ခတ်ခဲ့သဖြင့် အမှတ်(၅)ရပ်ကွက်အတွင်း ဗုံးသီး ၃လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂ ဦးအနက် မနှင်းနှင်းဆွေ၏ ဒဏ်ရာများမှာ ပြင်းထန်၍ စိုးရိမ်ရသဖြင့် ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံမှတစ်ဆင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးလျက်ရှိကြောင်းနှင့် တပ်မတော်စစ်ကြောင်းက နယ်မြေလိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။
Yatanarpon News
No comments:
Post a Comment