Latest News

Thursday, December 15, 2016

ရခိုင်မှာ အကြမ်းဖက်သူတွေ ဆော်ဒီနဲ့ ပါကစ္စတန်က လူတွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ ICG ပြော


ရခိုင်မှာ အကြမ်းဖက်သူတွေ ဆော်ဒီနဲ့ ပါကစ္စတန်က လူတွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ ICGြေေပြော


ရခိုင်ပြည်နယ်၊ မောင်တောဒေသက နယ်ခြားစောင့်စခန်းကို အကြမ်းဖက်စီးနင်းတိုက်ခိုက်ခဲ့တဲ့ အစွန်းရောက်အဖွဲ့ဟာ ဆော်ဒီအာရေဗျနဲ့ ပါကစ္စတန်နိုင်ငံက ဘာသာရေးသဘောထားတင်းမာသူနဲ့ ဆက်နွယ်မှုရှိနေတယ်လို့ နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG)က ပြောကြားလိုက်ပါတယ်။


ICG အဖွဲ့ရဲ့ ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ အဲဒီလို ထုတ်ပြန်ခဲ့တာပါ။

Harakah al-Yakin (HaY) လို့နာမည်ပေးထားတဲ့ အဲဒီအကြမ်းဖက်အဖွဲ့ကို ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင်ခြောက်ယောက်ကို ICG အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။ အဖွဲ့ဝင်လေးဦးကတော့ ရခိုင်ပြည်နယ်မှာဖြစ်ပြီး ကျန်တဲ့နှစ်ဦးကတော့ ပြည်ပမှာ ရောက်ရှိနေတာပါ။

Harakah al-Yakin (HaY) အဖွဲ့ရဲ့ ခေါင်းဆောင်ဟာ အာတာအူလာလို့ အမည်ရပြီး ပါကစ္စတန်နိုင်ငံ၊ ခရာချီမှာ မွေးဖွားပြီး ကလေးဘဝမှာပဲ ဆော်ဒီအာရေဗျက မက္ကာကို သွားရောက်ခဲ့သူဖြစ်ပါတယ်။ အတိအကျ အတည်မပြုနိုင်ပေမဲ့ ရရှိတဲ့အချက်အလက်တွေအရတော့ အာတာအူလာဟာ ပါကစ္စတန်ကို သွားရောက်ပြီး ခေတ်သစ်တိုက်ခိုက်ရေးသင်တန်း တက်ရောက်ခဲ့သူလို့လည်း ICG က ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့်စခန်း အကြမ်းဖက်တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးယောက် ကျဆုံးခဲ့ပါတယ်။ Harakah al-Yakin (HaY) အဖွဲ့ကတော့ ဒီလုပ်ရပ်ဟာ သူတို့ရဲ့လက်ချက်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အကြမ်းဖက်စီးနင်တိုက်ခိုက်မှုတွေဖြစ်ပြီးနောက်မှာ မြန်မာအစိုးရက အဲဒီတိုက်ခိုက်မှုမှာ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ပါဝင်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။


SOURCES © 2016 MCN TV (NEWS CHANNEL)

No comments:

Post a Comment