Thursday, December 15, 2016
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် ယာဉ်တိမ်းမှောက်ပြီး လူသေဆုံး
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် ယာဉ်တိမ်းမှောက်ပြီး လူသေဆုံး
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့တာကြောင့် လူတစ်ယောက်သေဆုံးခဲ့ပါတယ်။
ယာဉ်တိမ်းမှောက်တဲ့နေရာဟာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၂၉/၁ နဲ့ ၃၂၉/၁ အကြားက ပြင်စည်အမြန်လမ်းရဲစခန်းအပိုင် နေရာဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်မှာ နေပြည်တော်ဘက်ကနေ မန္တလေးဘက်ကို မောင်းလာတဲ့ ဟိုက်လပ် VIGO အဖြူရောင်ယာဉ်ဟာ ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကပ်တုံးကို ဝင်တိုက်မိခဲ့ရာကနေ တစ်ပတ်လိမ့်တိမ်းမှောက်ပြီး လမ်းလယ်ကျွန်းပေါ်ကို တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
ယာဉ်တိုက်မှုကြောင့် စီးနင်းလိုက်ပါလာသူ နှစ်ယောက်ထဲက အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာကြောင့် သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ကာလတန်ဖိုး ကျပ် သိန်း ၂၀ ခန့် ရှိပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြင်စည်အမြန်လမ်းမကြီးရဲစခန်းက အစောပိုင်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ နဲ့ အမှုဖွင့်ခဲ့ရာကနေ ၃၀၄(က)/၃၃၈ နဲ့ ပြောင်းလဲ အမှုဖွင့်ပြီးဆောင်ရွက်နေပါတယ်။
SOURCES © 2016 MCN TV (NEWS CHANNEL)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် ယာဉ်တိမ်းမှောက်ပြီး လူသေဆုံး
Reviewed by Ar Ti
on
2:45 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment