Latest News

Sunday, December 25, 2016

အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေက ထိုင်းအလုပ်ရှင်တွေကို တရားပြန်စွဲ

အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေက ထိုင်းအလုပ်ရှင်တွေကို တရားပြန်စွဲ

လုပ်အားခတွေ ပုံမှန်ရှင်းပေးဖို့တောင်းဆိုခဲ့လို့ အလုပ်ထုတ်ခံခဲ့ရတာပါ။
     
ထိုင်းနိုင်ငံဘန်ကောက်မြို့ ဘန်ခွန်ထီယံနယ်မြေက အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၂၀ ကျော်ကို အလုပ်ထုတ်ပယ်ခဲ့လို့ မြန်မာလုပ်သားတွေ က ထိုင်းစက်ရုံပိုင်ရှင်ကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

လုပ်အားခတွေ ပုံမှန်ရှင်းပေးဖို့တောင်းဆိုခဲ့တဲ့ ထိုင်းအလုပ်သမားခြောက်ဦးနဲ့ မြန်မာလုပ်သား ၂၁ ဦးတို့ကို ထိုင်းအထည်ချုပ် စက်ရုံပိုင်ရှင်က ဒီဇင်ဘာ ၂၃ ရက်မှာ အလုပ်ထုတ်လိုက်လို့ မြန်မာအလုပ်သမားတွေက ထိုင်းစက်ရုံပိုင်ရှင်ကို ထိုင်းနိုင်ငံ အလုပ်သမားကာကွယ် စောင့်ရှောက်ရေးဌာနမှာ တရားစွဲဆိုထားတယ်လို့ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သားတွေကို  ကူညီပေးနေတဲ့ ထိုင်းနိုင်ငံအခြေစိုက် AAC မဟာမိတ် အဖွဲ့မှ ကိုရဲမင်းက ပြောပါတယ်။

‘‘အလုပ်သမားတွေပြောတာ တော့ ထိုင်းအလုပ်ရှင်က လုပ် အားခတွေ ပုံမှန်ရှင်းမပေးဘူးလို့ ပြောတယ်။ အလုပ်သမားတွေက တောင်းဆိုတာ။ အဲဒါကြောင့် အ လုပ်က ထုတ်ပစ်တာလို့ အလုပ် သမားတွေက ပြောတယ်။ အဲဒါကြောင့် အလုပ်က ထုတ်ပယ်မှုရယ်၊ နစ်နာကြေးတွေရဖို့ရယ် ပြန်ပြီးတရားစွဲထားပါတယ်’’လို့ ကိုရဲမင်းက ပြောပါတယ်။

အဆိုပါအထည်ချုပ်စက်ရုံမှာ မြန်မာလုပ်သား ၅၀ ပတ်ဝန်းကျင် အလုပ်လုပ်ကိုင်နေပြီး လုပ်အားခတွေ ပုံမှန်ရဖို့ တောင်းဆိုရာမှာ ဦးဆောင်ခဲ့တဲ့ အလုပ်သမားတွေကိုပဲ ထိုင်းအလုပ်ရှင်က အလုပ်ထုတ်ပယ်ခဲ့တာပါ။

Source & Photo : 7DayDaily

No comments:

Post a Comment