Latest News

Saturday, December 10, 2016

ဈေးနှုန်း အသင့်အတင့်နဲ့ နောက်ဘက် ကင်မရာ နှစ်ခုပါ GR5 2017 စမတ်ဖုန်း အသစ်ကို Huawei မိတ်ဆက်

ဈေးနှုန်း အသင့်အတင့်နဲ့ နောက်ဘက် ကင်မရာ နှစ်ခုပါ GR5 2017 စမတ်ဖုန်း အသစ်ကို Huawei မိတ်ဆက်



ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီကြီး Huawei ကနေပြီး ဈေးနှုန်း အလယ်အလတ်နဲ့ နောက်ဘက် ကင်မရာ နှစ်ခုပါ စမတ်ဖုန်းအသစ် GR5 2017 ကို မိတ်ဆက်လိုက်ပါတယ်။

GR5 2017 ဟာ ယခင် ထွက်ရှိခဲ့တဲ့ Huawei GR5 လိုပဲ ဈေးနှုန်းက အလယ်အလတ်သာ ဖြစ်ပေမယ့် အဆင့်မြင့် တန်ဖိုးကြီး စမတ်ဖုန်းတွေမှာသာ ပါဝင်သေးတဲ့ နောက်ဘက် ကင်မရာ နှစ်ခု အပါအဝင် အခြား မြင့်မားတဲ့ စွမ်းဆောင်ရည်တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။

Huawei ရဲ့ GR5 2017 ဟာအနောက်ဘက်မှာ 12MP နဲ့ 2MP ကင်မရာ နှစ်ခုပါဝင်ပြီး ၀.၃ စက္ကန့်အတွင်း Auto Focus ပြုလုပ်နိုင်ကာ ရိုက်ကူးလိုတဲ့အရာကို ထင်းနေစေပြီး နောက်ခံမြင်ကွင်းကို မှုန်ဝါးနေစေတဲ့ Bokeh Effects အပြင် မှန်ဘီလူး တစ်ခုတည်းနဲ့ မရနိုင်တဲ့ ရိုက်ချက်တွေနဲ့ ဖန်တီးနိုင်တာကြောင့် အသုံးပြုသူတွေကို Professional  ဓါတ်ပုံဆရာ တစ်ယောက်လို ရိုက်ကူးနိုင်တဲ့ အစွမ်းကို ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် GR5 2017 ဟာ ဈေးနှုန်း အလယ်အလတ်တန်း ဖုန်းတွေထဲမှာ ဒီလို စွမ်းဆောင်ရည်မျိုး ပါဝင်တဲ့ ပထမဆုံးဖုန်းလည်း ဖြစ်ပါတယ်။

ဒီစွမ်းဆောင်ရည်အပြင် GR5 2017 ရဲ့ နောက်ဘက် အဓိက ကင်မရာမှာ DSLR ကင်မရာ တစ်လုံးလို စွမ်းဆောင်ရည်တွေ ဖြစ်တဲ့ အလင်းရောင်နည်းတဲ့ အခြေအနေမှာ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေ ဖမ်းယူနိုင်စွမ်း၊ လျှပ်တပြတ် ရိုက်လိုက်ချိန်မှာတောင် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်စွမ်း၊ Manual စနစ်နဲ့ အလိုအလျောက် စနစ်နဲ့ ထိန်းချုပ်နိုင်စွမ်းတွေ များစွာလည်း ပါဝင်နေပါသေးတယ်။

GR5 2017 ရဲ့ အရှေ့ဘက် ကင်မရာဟာလည်း 8MP ရှိတဲ့အပြင် အကောင်းဆုံး Selfie ပုံ တစ်ပုံ ဖန်တီးနိုင်မယ့် 10 level Beauty စနစ်၊ Auto Make-Up စနစ်တို့လို လုပ်ဆောင်ချက်တွေ၊ သူငယ်ချင်းတွေ အများကြီးနဲ့ Selfie ပုံ အဆင်ပြေပြေ ရိုက်ကူးနိုင်မယ့် ထူးခြားလှတဲ့ Panoramic Selfie လုပ်ဆောင်ချက်၊ ရှေ့ကင်မရာနဲ့ပဲ ဗီဒီယိုရိုက်ကူးဖို့ လိုအပ်တဲ့အခါမှာ Selfie ဗီဒီယိုတွေကို 1080p အရည်အသွေးရှိ ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့ စွမ်းဆောင်ရည်တွေ ပါဝင်နေတာကို တွေ့ရပါတယ်။

ဘက်ထရီ အပိုင်းမှာလည်း စွမ်းဆောင်ရည် ပြည့်ဝတဲ့ 3340 mAh ဘက်ထရီနဲ့ Huawei ရဲ့ ကိုယ်ပိုင် စွမ်းအင်ချွေတာတဲ့ စနစ်တို့ကြောင့် ပုံမှန် သုံးမယ်ဆိုရင် တစ်ရက်ခွဲလောက် ကြာတဲ့အထိ အားထပ်သွင်းစရာ မလိုဘဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် GR5 2017 မှာ HiSilicon Kirin 655 Octa-Core processor နဲ့ အသစ် ထပ်သွင်းထားတဲ့ i5 coprocessor တို့ ပါဝင်ကာ နောက်ဆုံးပေါ် Android M Dose app standby နည်းပညာတို့ ထည့်သွင်းထားတာကြောင့် ဗီဒီယို ကြည့်ခြင်း၊ ဂိမ်းဆော့ခြင်းတို့ကို စွမ်းအင် အများကြီး သုံးစွဲစရာ မလိုဘဲ အဆင်ပြေစွာ လုပ်ဆောင်နိုင်စွမ်း ရှိစေပါတယ်။

ယနေ့ခေတ် စမတ်ဖုန်းတွေမှာ မပါမဖြစ် လက်ဗွေ စနစ်အတွက်လည်း GR5 2017 မှာ ၀.၃ စက္ကန့်အတွင်း လျင်မြန်စွာ ဖွင့်ပေးနိုင်ပြီး ၃၆၀ ဒီဂရီ အာရုံခံနိုင်စွမ်း၊ လက်က စိုစွက်နေသည်ဖြစ်စေ၊ ခြောက်သွေ့နေသည်ဖြစ်စေ မှတ်မိ သိရှိနိုင်စွမ်းတို့နဲ့ အဆင့်မြင့်မားတဲ့ လက်ဗွေစနစ် ပါဝင်ပါတယ်။ လက်ဗွေစနစ်နဲ့ ဖုန်းကို Unlock လုပ်တာအပြင် ကင်မရာ ရိုက်ကူးတာလို အခြား လုပ်ဆောင်ချက်တွေကိုလည်း လုပ်ဆောင်နိုင်ပါသေးတယ်။

GR5 2017 ရဲ့မျက်နှာပြင် ၅ ဒသမ ၅ လက်မ အရွယ်ရှိ ကြီးမားတဲ့မျက်နှာပြင်ဖြစ်ပြီး High Defination ရုပ်ထွက် အရည်အသွေး ဖြစ်တာကြောင့် ပြင်ပက အရောင်တွေ၊ မြင်ကွင်းတွေအတိုင်း ကြည်လင်ပြတ်သားပြီး စစ်မှန်တဲ့ ပုံရိပ်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် GR5 2017 မှာ အသုံးပြုသူရဲ့ မျက်လုံးကို သက်သာစေဖို့အတွက် သိပ္ပံပညာရှင်တွေနဲ့ စနစ်တကျ သုတေသန ပြုထားတဲ့ နည်းပညာအသစ် တစ်မျိုးကိုလည်း ထည့်သွင်းထားတာကြောင့် ဖုန်းကို အချိန်ကြာကြာ အသုံးပြုတဲ့အခါ ဒါမှမဟုတ် ဖုန်းနဲ့ စာဖတ်တဲ့အခါမျိုးတွေမှာ မျက်လုံး ညောင်းညာမှု မရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီဇိုင်းပိုင်းကလည်း သတ္ထုဘောင်နဲ့ သားနားတဲ့ အသွင်အပြင် ရှိတာကြောင့် GR5 2017 ဟာ စွမ်းဆောင်ရည်အရရော၊ အသွင်အပြင်အရပါ ဈေးနှုန်း အလယ်အလတ်တန်း ဖုန်းတစ်လုံးလို့ ထင်စရာ မရှိတဲ့ ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။


Huawei GR5 2017 ကို ၂၈၉၀၀၀ ကျပ်နဲ့ ရောင်းချသွားမှာ ဖြစ်ပြီး ရွှေရောင်၊ ငွေရောင်နဲ့ မီးခိုးဆိုပြီး အရောင် ၃ ရောင် ရရှိနိုင်မှာပါ။ ဒီစမတ်ဖုန်းကို ဒီဇင်ဘာလ၊ ၃ ရက်နေ့ကနေ ၉ ရက်နေ့အတွင်း Huawei Branded Shop တွေနဲ့ Huawei အရောင်း ဝန်ထမ်းတွေရှိတဲ့ ဖုန်းဆိုင်တွေမှာ ငွေကျပ် ၃၀၀၀၀ ပေးသွင်းပြီး ကြိုတင်မှာယူနိုင်တယ်လို့ သိရပါတယ်။အဲဒီလို ကြိုတင်မှာယူတဲ့သူတွေ အနေနဲ့ အရည်အသွေးမြင့် ကျောပိုးအိတ်၊ 13000 mAh powerbank နဲ့အတူ 32GB SD Card တို့ကို အထူး မေတ္တာလက်ဆောင် အနေနဲ့ ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ (၁၀) ရက်နေ့မှ စတင် ဝယ်ယူသူတွေ အနေနဲ့လည်း အရည်အသွေးမြင့် ကျောပိုးအိတ်နဲ့ 32GB SD Card တို့ကို လက်ဆောင် ရရှိနိုင်မှာ ဖြစ်ပါတယ်။

GR5 2017 ကို MPT Edition အနေနဲ့လည်း မကြာမီ ထုတ်လုပ် ဖြန့်ချိသွားဖို့ရှိပြီး MPT အသုံးပြုသူတွေအတွက် ထူးခြားတဲ့ အကျိုး ခံစားခွင့်တွေ ထည့်သွင်းပေးသွားမယ်လို့လည်း သိရပါတယ်။

Sources ; The Voice

No comments:

Post a Comment