Latest News

Friday, December 23, 2016

ဈေးကွက်အတွင်းရှိ ငရုတ်သီးမှုန့်တံဆိပ် ၁၀ မျိုး FDA ထောက်ခံချက်မရှိဟု သတင်းထုတ်ပြန်


ဈေးကွက်အတွင်းရှိ ငရုတ်သီးမှုန့်တံဆိပ် ၁၀ မျိုး FDA ထောက်ခံချက်မရှိဟု သတင်းထုတ်ပြန်



ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ငရုတ်သီး မှုန့်အမှတ်တံဆိပ် ၁၀ မျိုးသည် FDA ထောက်ခံချက်ရရှိထားခြင်း မရှိ၍ အရည်အသွေးအာမခံချက် မရှိကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက သတိပေး ချက် ထုတ်ပြန်သည်။

ဈေးကွက်အတွင်း ရောင်းချ လျက်ရှိသော ငရုတ်သီးမှုန့်နှင့် မဆလာမှုန့်များကို နမူနာကောက် ယူစစ်ဆေးရာ၌ ပစ်တိုင်းထောင်၊ ရွှေကျီး၊ ရွှေကျောက်ဆည်/SKS၊ စပယ်ဦး၊ ရွှေ၊ ရွှေတီ၊ မြဝတီ၊ စိန်၊ ကောင်းကောင်းနှင့် ကရဝိက် အမှတ်တံဆိပ် ငရုတ်သီးမှုန့်ထုတ် ကုန် ပစ္စည်းများသည် အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ထောက်ခံချက်ရရှိထား ခြင်းမရှိ၍ ဘေးအန္တရာယ်ကင်း ရှင်းမှုနှင့် အရည်အသွေး အာမခံ ချက်မရှိကြောင်း ဒီဇင်ဘာ ၂၂ ရက်၌ ထုတ်ပြန်ခြင်းဖြစ်သည်။

 FDA ၌ မှတ်ပုံမတင်ထား သော ငရုတ်သီးမှုန့်များကို တိုင်း နှင့်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီကို ကြီးကြပ်ရန် လမ်းညွှန်မှုပေးထား ပြီးဖြစ်၍ တာဝန်ရှိသူများက စနစ် တကျထိန်းသိမ်းလုပ်ဆောင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံအစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက် တာသန်းထွဋ်က ဆိုသည်။

ဈေးကွက်အတွင်း ရောင်းချ နေသော ငရုတ်သီးမှုန့်များ၏ ထက်ဝက်ကျော်တွင် မှိုအဆိပ် (အယ်ဖာတောက်ဆင်)နှင့် ဆိုး ဆေးပါဝင်မှုများ တွေ့ရ၍ FDA ထောက်ခံချက် မရရှိထားသည့် အမှတ်တံဆိပ်များကို စားသုံးရန် မသင့် ကြေညာမည်ဖြစ်ပြီး အမှတ်တံဆိပ်မရှိဘဲ ရောင်းချနေသည့် ငရုတ်သီးမှုန့်များ တွေ့ရှိပါက မြို့ နယ်တိုင်းရှိ စားသုံးသူရေးရာဦးစီး ဌာနသို့ သတင်းပေးပို့တိုင်ကြား နိုင်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်)၌ နိုဝင်ဘာအတွင်း ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ဒေါက်တာသန်းထွဋ်ကပြောကြားပြီးနောက် တစ်လအကြာ ယခုကဲ့သို့ သတိပေးကြေညာ ချက်ထုတ်ပြန်ခြင်းဖြစ်သည်။

‘‘လုပ်ငန်းရှင်တွေအနေနဲ့ မိမိထုတ်ကုန် မိမိတာဝန်ယူမှုရှိစေ ချင်တယ်။ ပါးစပ်နဲ့ တာဝန်ယူတာ မဟုတ်ဘူး။ လက်တွေ့လုပ်ရ မယ်။ ဈေးကွက်ထဲမှာ ထုတ်လုပ်ရောင်းချချင်ရင် FDA မှာ တရား ဝင်လျှောက်ဖို့ ပြောထားတယ်။ FDA ထောက်ခံချက်မရှိဘဲ ရောင်းချနေတဲ့ အမှတ်တံဆိပ်တွေတွေ့ ရင် မြို့နယ်တိုင်းမှာရှိတဲ့ စားသုံးသူရေးရာဦးစီးဌာနကို သတင်းပေး နိုင်တယ်’’ဟု ဒေါက်တာသန်းထွဋ် က ပြောကြားထားသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ဈေးကွက် ရှိ ငရုတ်သီးမှုန့်အမျိုးမျိုးကို ဈေးကွက်ထောက်လှမ်း စောင့်ကြည့် ခြင်းလုပ်ငန်း ဆက်လက်ဆောင် ရွက်မည်ဖြစ်ပြီး အရည်အသွေး အာမခံချက်မရှိသော ငရုတ်သီး မှုန့်နှင့် မဆလာမှုန့် အမှတ်တံဆိပ်များကို ထပ်မံကြေညာမည်ဖြစ် သည်။ ယခု ကြေညာခဲ့သည့် ငရုတ်သီးမှုန့်အမှတ်တံဆိပ် ၁၀ မျိုးတွင် လေးမျိုးက လိပ်စာဖော်ပြထား ခြင်းမရှိပေ။

Sources ; 7 Day

No comments:

Post a Comment