Latest News

Friday, December 23, 2016

မန္တလေးမြို့အနီး ဧရာဝတီမြစ်အတွင်းရှိ မြေဧက ၂,၀၀၀ ကျော်ပေါ်တွင် အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်မည်

မန္တလေးမြို့အနီး ဧရာဝတီမြစ်အတွင်းရှိ မြေဧက ၂,၀၀၀ ကျော်ပေါ်တွင် အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်မည်



ရှမ်းကလေးကျွန်းကျေး ရွာအနီးရှိ မြေနုကျွန်းနှင့် ကိုင်း ကျွန်းမြေများအပါအဝင် မန္တလေး မြို့အနီး ဧရာဝတီမြစ်အတွင်းရှိ မြေဧက ၂,၀၀၀ ကျော်ပေါ်တွင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတစ်ခု အကောင်အထည်ဖော် တည် ဆောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းဟု အမည်ပေးထားသည့် ယင်းဖွံ့ဖြိုးရေးစီမံကိန်းကို စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်၏ Mandalay Business Capital City Development Co.,Ltd (MBCCD)က အကောင်အထည် ဖော်တည်ဆောက်ရန် စီစဉ်နေပြီး ၂၀၁၇    နှစ်ဆန်း၌   တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ရန် ရည်ရွယ်ထားကြောင်း MBCCD ကုမ္ပဏီပြောရေးဆိုခွင့် ရှိသူ ဦးဇော်ရဲဝင်းက ပြောသည်။

စီမံကိန်းအတွင်း ပါဝင်မည့် မြေဧရိယာ၏ သုံးပုံတစ်ပုံကျော် ကို ဒေသခံများထံမှ ဝယ်ယူထား ပြီး လိုအပ်သည့် သဘာဝပတ်ဝန်း ကျင်နှင့် လူမှုဘဝထိခိုက်မှုဆိုင်ရာ စစ်တမ်း (EIA, SIA) ကောက်ယူနေပြီဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဝန် ကြီးဌာနများက ခွင့်ပြုသည်နှင့် တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ရန်     ရည်ရွယ်ထား ကြောင်း ဦးဇော်ရဲဝင်းက ပြော သည်။

စီမံကိန်းအကောင်အထည် ဖော်မည့် မြေဧရိယာများသည် ရှမ်းကလေးကျွန်းအပါအဝင် မန္တလေး မြို့ ကန်တော်ကြီးဝန်းကျင်၊ ရွှေကြက်ယက်ဘုရားဝန်းကျင်နှင့် ရတနာပုံတံတားအနီး ဝန်းကျင်ရှိ ဧရာဝတီမြစ်ကမ်းရိုးတစ်လျှောက် ရှိ ရေဝပ်ဧရိယာ၊ မြေနုကျွန်း၊ ကိုင်းမြေ၊ ကျွန်းမြေနှင့် ရွာမြေ အများစုပါဝင်သည်။ မြေနေရာ များ ဝယ်ယူခြင်းအပါအဝင် စီမံ ကိန်းလုပ်ငန်းတစ်ခုလုံးကို ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အ ထည်ဖော်ရန် စီစဉ်ခြင်းဖြစ်ပြီး ပထမအဆင့်အဖြစ်    ကျပ်ဘီ လီယံ ၅၀၀ ရင်းနှီးကာ စတင်လုပ် ကိုင်မည်ဟု ဦးဇော်ရဲဝင်းက ဆိုသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းသည် ဧရာဝတီမြစ်အတွင်း မြေနုကျွန်းနှင့် ရေဝပ်ဧရိယာများ ကို မြေဖို့ကာ တည်ဆောက်မည့် ဖွံ့ဖြိုးရေးစီမံကိန်းဖြစ်၍ ကမ်းပြို ခြင်းအပါအဝင် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်မည်ကို အမရပူရနှင့် တံ တားဦးအပါအဝင် မန္တလေးမြို့ ခံများက စိုးရိမ်မှုများရှိနေသည်။

စီမံကိန်းလုပ်ငန်းကြောင့် အင်းဝမြို့ဟောင်း ကမ်းပြိုပျက်စီး မည်ကို စိုးရိမ်ပြီး ကုမ္ပဏီအနေဖြင့် ကမ်းမပြိုဘဲ လုပ်ဆောင်မည်ဟု အာမခံရန်လိုအပ်ကြောင်း အင်းဝ မြို့ခံ ဦးစိုးက ပြောသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းသည် မန္တလေး၊ အင်းဝ၊ အမရပူရ စသည့် သမိုင်းတန်ဖိုး ကြီးမားသည့် ရှေးဟောင်းမြို့ကြီး သုံးမြို့နှင့် ဆက်စပ်နေသကဲ့သို့ ဧရာဝတီမြစ်အတွင်း အကောင် အထည်ဖော်တည်ဆောက်မည် ဖြစ်၍ သဘာဝပတ်ဝန်းကျင်ထိ ခိုက်မှုများ ဖြစ်ပေါ်မည်ကို အထူးစိုးရိမ်ကြောင်း ဒေသခံအရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။

စီးပွားရေးလုပ်ငန်းရှင် ဦး မောင်ဝိတ်က အမရပူရမြို့ပြဖွံ့ ဖြိုးရေးစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုရှိမည်မ ဟုတ်ဘဲစီမံကိန်း Master Plan ရေးဆွဲခြင်းအပါအဝင် EIA, SIA စစ်တမ်းကောက်ယူရာတွင် နိုင် ငံတကာအဆင့်မီ   လုပ်ဆောင် ထားကြောင်း ပြောသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းအကောင်အထည်ဖော်တည် ဆောက်ရန် ပြီးခဲ့သည့် အစိုးရ သက်တမ်းကတည်းက မန္တလေး မြို့တော်စည်ပင်ကော်မတီက ခွင့်ပြုထားပြီး   ယင်းစီမံကိန်းအ ကောင်အထည်ဖော်ပြီးပါက မန္တလေးစည်ပင်အနေဖြင့်    စီမံကိန်း၏ ၂၅ ရာခိုင်နှုန်းအထိ ရရှိ မည်ဟုဆိုသည်။

ကုမ္ပဏီက တင်ပြလာမည့် EIA, SIA, EMP Report များအ ပေါ် မူတည်ကာ သက်ဆိုင်ရာဝန်ကြီးဌာနများက စိစစ်ပြီး နောက်ဆုံး လုပ်ကိုင်ခွင့်ပြုပေးမည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးမျိုး သစ်ကပြောသည်။

Sources 7 Day

No comments:

Post a Comment