Latest News

Friday, December 23, 2016

ဇနီးနဲ့ ကလေးတွေအတွက် ချက်ပြုတ်နေတဲ့ ဒေးဗစ်ဘက်ခမ်း

ဇနီးနဲ့ ကလေးတွေအတွက် ချက်ပြုတ်နေတဲ့ ဒေးဗစ်ဘက်ခမ်း

မိသားစုအတွက် အထူးဟင်းလျာကို ကိုယ်တိုင်ချက်ပြုတ်နေတာပါ။

နာမည်ကျော် ဘောလုံးသမားဟောင်းကြီးဟာ ဇနီးသည် ဗစ်တိုးရီးယားဘက်ခမ်းနဲ့ သားသမီး ၄ ယောက်အတွက် အမဲဟင်းလျာ ပြင်ဆင်ရင်း အလုပ်များနေတာကို မြင်တွေ့ရပါတယ်။ အဲဒီဟင်းလျာအတွက် ချက်ပြုတ်နည်းကို သူ့ရဲ့မိခင် ဆန်ဒရာဆီက ရရှိတာ ဖြစ်ပြီး ဟင်းလျာရဲ့ လျှို့ဝှက်ချက်ကတော့ ဆော့စ်ထဲကို Guinness ဘီယာ တစ်ဘူးထည့်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အကြီးဆုံးသား အသက် ၁၇ နှစ်အရွယ် ဘရွတ်ကလင်းက ဘက်ခမ်း ဟင်းချက်နေပုံကို ဗီဒီယိုရိုက်ကူးပေးခဲ့တာဖြစ်ပြီး အဲဒီဗီဒီယိုကို ဘက်ခမ်းက သူ့ရဲ့အင်စတာဂရမ်ကနေ ပြန်လည်မျှဝေခဲ့တာပါ။ "ဘာချက်နေတာလဲ သိလား ဘရွတ်ကလင်း" လို့ ဗီဒီယိုရိုက်နေတဲ့ သားကို ဘက်ခမ်းက လှမ်းမေးခဲ့ပါတယ်။ "အမဲသားဟင်း..Guinness နဲ့" လို့ သူ့ဘာသာပဲ ဘက်ခမ်းက ပြန်ဖြေခဲ့ပါတယ်။

Preparing the beef stew just like mum used to make it... Not as tasty but not far away... Plus dumplings mmmmmm oh and a little Guinness @gordongram
A video posted by David Beckham (@davidbeckham) on Dec 22, 2016 at 3:19am PST

အသက် ၄၁ နှစ်အရွယ် ဒေးဗစ်ဘက်ခမ်းဟာ အဲဒီဗီဒီယိုကို "အမေချက်နေကျအတိုင်း အမဲသားဟင်းချက်နေတာ..အမေ့ဟင်းလောက် အရသာ မရှိပေမဲ့ သိပ်တော့ မလိုတော့ပါဘူး။ ဖက်ထုပ်တွေနဲ့ Guinness နည်းနည်း ထပ်ထည့်ထားတယ်" ဆိုတဲ့ စာသားနဲ့အတူ မျှဝေခဲ့တာ ဖြစ်ပါတယ်။

ဘက်ခမ်းဟာ အဲဒီဗီဒီယိုဖိုင်ကို သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ ရုပ်သံစားဖိုမှူး Gordon Ramsy ကိုလည်း Tag တွဲထားပြီး သူ့ရဲ့ဟင်းချက်ကျွမ်းကျင်မှုကို ကြွားလိုက်ပါသေးတယ်။ ဒေးဗစ်နဲ့ ဗစ်တိုးရီးယားတို့ မိသားစုဟာ သူတို့လိုပဲ ကလေး ၄ ယောက်ရှိတဲ့ ဂေါ်ဒန်တို့မိသားစုနဲ့အတူ ခရစ္စမတ်ပွဲတော်ကို အတူဆင်နွှဲဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။


ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ဟာ အသက် ၁၇ နှစ်အရွယ် ဘရွတ်ကလင်း၊ အသက် ၁၄ နှစ်အရွယ် ရိုမီယို၊ အသက် ၁၁ နှစ်အရွယ် ခရုစ်နဲ့ အသက် ၅ နှစ်အရွယ် တစ်ဦးတည်းသော သမီးလေး ဟာပါဆိုတဲ့ ချစ်စဖွယ် သားသမီး ၄ ဦးကို ပိုင်ဆိုင်ထားကြပြီး အခုလို ခရစ္စမတ်အားလပ်ရက်အချိန်မှာ ကလေးတွေကို အချိန်ပေးလို့ ပျော်ရွှင်စရာအချိန်တွေကို အတူတူကုန်ဆုံးလျက် ရှိပါတယ်။

Source & Photos : Online : Duwun
 

No comments:

Post a Comment