Latest News

Friday, December 16, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား Facebook တွင် တိုက်ခိုက်သည်ဟု ဆိုကာ တရားစွဲခံထားရသော ငဖာ အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲချက်အမိန့်ချ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား Facebook တွင် တိုက်ခိုက်သည်ဟု ဆိုကာ တရားစွဲခံထားရသော ငဖာ အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲချက်အမိန့်ချ......

--------------------------------

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား Facebook တွင် တိုက်ခိုက်သည့် ပို့စ်တင်သည်ဟုဆိုကာ တရားစွဲခံထားရသော ငဖာ အကောင့်ပိုင်ရှင်အား မြောက်ဒဂုံမြို့နယ်တရားရုံးက ဒီဇင်ဘာ ၁၄ ရက်တွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့သည်။

တရားလို ကိုနေမျိုးကျော်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်အား ငဖာ အကောင့်ပိုင်ရှင် ကိုဇော်ဇော်က Facebook တွင်တိုက်ခိုက် စော်ကားသည့်ပို့စ်များ တင်သည်ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး မြောက်ဒဂုံမြို့နယ် တရားသူကြီးက တရားလိုပြသက်သေများကို စစ်ဆေးပြီးသည့်နောက် ယခုရုံးချိန်းတွင် စွဲချက်တင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

မြောက်ဒဂုံမြို့နယ် တရားသူကြီးက စွဲချက်တင် အမိန့်ချမှတ်ပြီးသည့်နောက် တွင် ငဖာအကောင့်ပိုင်ရှင် (ခ) ကိုဇော်ဇော်က ၎င်းတွင်အပြစ်မရှိကြောင်း၊ ၎င်းရေးသားသောစာ၊ ဓာတ်ပုံများသည် သူများတင်သော ဓာတ်ပုံများကို ကူးယူပြီး ပြန်လည်တင်ခြင်းသာ ဖြစ်ကြောင်း ရုံးတော်သို့ ပြန်လည်ပြောကြား ခဲ့ပြီး၊ ၎င်းဘက်မှသက်သေအဖြစ် စစ်ဆေးရန် တရားခံပြ သက်သေနှစ်ဦးကို ရုံးတော်သို့ တင်သွင်းခဲ့သည်။

“တရားခံပြသက်သေတွေကို စစ်ဆေးမှာပေါ့။ နောက်ရုံးချိန်းတွေမှာ။ အဲဒါပြီးရင်တော့ အမိန့်ချမှာပါ”ဟု ကိုဇော်ဇော် (ခ) ငဖာ၏ ရှေ့နေတစ်ဦးက ပြောကြားသည်။

ကိုဇော်ဇော် (ခ) ငဖာအကောင့်ပိုင်ရှင်အား မြောက်ဒဂုံမြို့နယ် ရဲစခန်းတွင် ကိုနေမျိုးကျော်က အောက်တိုဘာ ၇ ရက်တွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်တိုင်တန်းခြင်းဖြစ်ကာ အောက်တိုဘာ ၁၀ ရက်တွင် ကိုဇော်ဇော်ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ငဖာအကောင့်ပိုင်ရှင်အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် မြောက်ဒဂုံမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသော ကိုနေမျိုးကျော်သည် နေလင်းအောင် အကောင့်ပိုင်ရှင်ကိုလည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့်ပင် မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ တရားစွဲဆိုထားသေး ကြောင်း သိရသည်။

#EMG

No comments:

Post a Comment