Latest News

Monday, December 12, 2016

ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဖြံ႕ၿဖဳိးမႈအကူအညီမ်ား ညႇိႏႈိင္းေရးအဖြဲ႕(DACU)ႏွင့္ ပူးေပါင္းေဆာင္ရြက္ေရး မိတ္ဖက္မ်ားအဖြဲ႕(CPG) ပထမအႀကိမ္ အစည္းအေ၀းသို႔ တက္ေရာက္ မိန္႔ခြန္းေျပာၾကား

ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဖြံ႕ၿဖဳိးမႈအကူအညီမ်ား ညႇိႏႈိင္းေရးအဖြဲ႕(DACU)ႏွင့္ ပူးေပါင္းေဆာင္ရြက္ေရး မိတ္ဖက္မ်ားအဖြဲ႕(CPG) ပထမအႀကိမ္ အစည္းအေ၀းသို႔ တက္ေရာက္ မိန္႔ခြန္းေျပာၾကား
==============================================
ေနျပည္ေတာ္ ဒီဇင္ဘာ ၁၂

ဖြံ႕ၿဖဳိးမႈအကူအညီမ်ားညႇိႏႈိင္းေရးအဖြဲ႕(DACU)ႏွင့္ ပူးေပါင္းေဆာင္ရြက္ေရးမိတ္ ဖက္မ်ားအဖြဲ႕(CPG) ပထမအႀကိမ္ အစည္းအေ၀းကုိ ယေန႔နံနက္ ၉နာရီခြဲတြင္ ေနျပည္ ေတာ္ရွိ စီမံကိန္းႏွင့္ဘ႑ာေရး၀န္ႀကီးဌာန စုေ၀းခန္းမ၌ က်င္းပရာ ဖြံ႕ၿဖိဳးမႈအကူအညီ မ်ားညႇိႏႈိင္းေရးအဖြဲ႕ဥကၠ႒၊ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ မိန္႔ခြန္းေျပာၾကားသည္။

အစည္းအေ၀းသို႔ ဖြံ႕ၿဖဳိးမႈအကူအညီမ်ားညႇိႏႈိင္းေရးအဖြဲ႕ ဒုတိယဥကၠ႒၊ စီမံကိန္း ႏွင့္ဘ႑ာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္၀င္း၊ ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင့္ေဆြ၊ ဦးသန္႔စင္ေမာင္၊ ဦးေဖဇင္ထြန္း၊ ေဒါက္တာမ်ိဳးသိမ္းႀကီး၊ ဦး၀င္းခိုင္၊ ညႇိႏႈိင္းေရးအဖြဲ႕၀င္မ်ားျဖစ္ၾကသည့္ ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ ပူးေပါင္းေဆာင္ရြက္ ေရးမိတ္ဖက္မ်ားအဖြဲ႕(CPG)မွ ကုိယ္စားလွယ္မ်ား၊ ဖိတ္ၾကားထားသူမ်ားႏွင့္ တာ၀န္ရွိ သူမ်ားတက္ေရာက္ၾကသည္။

အစည္းအေ၀းတြင္ ဖြံ႕ၿဖိဳးမႈအကူအညီမ်ားညႇိႏႈိင္းေရးအဖြဲ႕ဥကၠ႒၊ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အဖြင့္မိန္႔ခြန္းေျပာၾကားရာတြင္  ဖြံ႕ၿဖိဳးမႈမိတ္ဖက္ႏိုင္ငံမ်ားက ျမန္မာႏိုင္ငံ၏ ဖြံ႕ၿဖိဳးမႈဦးစားေပးလုပ္ငန္းမ်ားႏွင့္ မူဝါဒမ်ား ႏွင့္အညီ ပြင့္လင္းျမင္သာစြာျဖင့္ ၄င္းတို႔၏အကူအညီေပးေရးကို ပူးေပါင္းေဆာင္႐ြက္ မည္ျဖစ္ေၾကာင္း၊ မိမိတို႔ အစိုးရႏွင့္ ဖြံ႕ၿဖိဳးမႈမိတ္ဖက္ႏိုင္ငံမ်ားက ဖြံ႕ၿဖိဳးမႈအက်ိဳးရလဒ္မ်ား ရရွိေရးအတြက္ ျမန္မာျပည္သူမ်ားႏွင့္ အခြန္ေဆာင္အလႉရွင္မ်ားအတြက္ တာဝန္ခံရ မည္ျဖစ္ေၾကာင္း။

ယေန႔အခ်ိန္တြင္ အျခားဖြံ႕ၿဖိဳးဆဲႏိုင္ငံအမ်ားအျပား၌ ဖြံ႕ၿဖိဳးမႈအကူအညီမ်ားကို ယုံၾကည္မႈ ကင္းမဲ့ေသာ သံသယျဖင့္ ႐ႈျမင္ၾကေၾကာင္း၊ သို႔ေသာ္လည္း တိုးတက္လာ ေသာ ၫွိႏႈိင္းေဆာင္႐ြက္မႈႏွင့္ ဖြံ႕ၿဖိဳးမႈမိတ္ဖက္ႏိုင္ငံမ်ားႏွင့္ DACU ၏ နီးကပ္ေသာ လက္တြဲေဆာင္႐ြက္မႈမွတစ္ဆင့္ ျမန္မာႏိုင္ငံ၌ အလားတူအေျခအေနတစ္ရပ္ ျဖစ္ေပၚမႈ ကို ေရွာင္ရွားႏိုင္မည္ဟု မိမိယုံၾကည္ေၾကာင္း။

ဖြံ႕ၿဖိဳးမႈအကူအညီမ်ားအတြက္ ဉီးစားေပးလုပ္ငန္းမ်ားသတ္မွတ္ရာ၌ အမ်ိဳးသား ဖြံ႕ၿဖိဳးမႈ ဦးစား ေပးလုပ္ငန္းမ်ားကို ပထမအဆင့္အျဖစ္ သတ္မွတ္ရန္လိုအပ္ေၾကာင္း၊ လာမည့္လမ်ားအတြင္း အစိုးရ၏ စီးပြားေရးမူဝါဒ ၁၂ ခ်က္အေပၚအေျခခံ၍ ဝန္ႀကီး ဌာနမ်ားအတြင္း ညွိႏႈိင္းေဆာင္႐ြက္မႈ လုပ္ငန္းစဥ္တစ္ရပ္မွတစ္ဆင့္ အမ်ိဳးသားဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ ဦးစားေပးစီမံကိန္းမ်ားႏွင့္ အစီအစဥ္မ်ား သတ္မွတ္မည္ျဖစ္ ေၾကာင္း။

မိမိတို႔အစိုးရအေနျဖင့္ ဖြံ႕ၿဖိဳးမႈအကူအညီ အမွန္တကယ္လိုအပ္ေသာ စီမံကိန္း အခ်ိဳ႕ကို သတ္မွတ္ၿပီးျဖစ္ကာ ယင္းစီမံကိန္းမ်ားတြင္ အေျခခံအေဆာက္အအုံ၊ အလုပ္ အကိုင္ဖန္တီးေရး၊ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးတို႔ ပါဝင္ ေၾကာင္း။

လာမည့္လမ်ားအတြင္း ဖြံ႕ၿဖိဳးမႈအကူအညီဆိုင္ရာ အမ်ိဳးသားအဆင့္မူဝါဒ တစ္ရပ္ကို DACU က ေရးဆြဲမည္ျဖစ္ၿပီး မိမိတို႔ႏိုင္ငံက မည္သည့္အကူအညီ အမ်ိဳးအစား လက္ခံရရွိလိုသည္ကို စီစဥ္ တင္ျပမည္ျဖစ္ေၾကာင္း၊ အဆိုပါမူဝါဒေရးဆြဲရာ တြင္ DACU အေနျဖင့္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ား၊ ဖြံ႕ၿဖိဳးမႈမိတ္ဖက္ႏိုင္ငံမ်ားႏွင့္ အနီးကပ္တိုင္ပင္ေဆြးေႏြးမည္ျဖစ္ေၾကာင္း၊ မူဝါဒကို ႏိုင္ငံတကာမွ အေကာင္းဆုံး စံႏႈန္းျဖင့္ ေရးဆြဲမည္ျဖစ္ေသာ္လည္း ျမန္မာႏိုင္ငံ၏အေျခအေနကို ထည့္သြင္းစဥ္းစား၍ အေျခခံမည္ျဖစ္ေၾကာင္း။

ဖြံ႕ၿဖိဳးမႈအကူအညီမူဝါဒေျဖရွင္းမည့္ အေရးႀကီးကိစၥရပ္မ်ားအနက္တစ္ခုမွာ အတိုင္ပင္ခံမ်ား၏ အခန္းက႑ျဖစ္ေၾကာင္း၊ အစိုးရတာဝန္ရွိသူအမ်ားစုမွာ ျပည္ပမွ အတိုင္ပင္ခံမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြး ရာတြင္ ၄င္းတို႔၏အျမင္ကို ေဖာ္ထုတ္ျပႏိုင္စြမ္း မရွိေၾကာင္း၊ အတိုင္ပင္ခံမ်ားမွာ လက္ေတြ႕က်ၿပီး အခ်ိဳးက်ေသာသူမ်ားျဖစ္ေစရန္ ၄င္းတို႔ႏွင့္ဆက္စပ္ေသာ ကုန္က်စရိတ္မ်ားကိုလည္း ဂ႐ုတစိုက္ျဖင့္ စိစစ္ရမည္ ျဖစ္ေၾကာင္း။


သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားက တာဝန္ခံရမည္ျဖစ္ေၾကာင္း၊ ဝန္ႀကီးဌာနမ်ားက အတိုင္ပင္ခံ မ်ားကို လိုအပ္ခ်ိန္မွသာ ငွားရမ္းၿပီး ကုန္က်စရိတ္ႏွင့္ေလ်ာ္ညီေအာင္ အက်ိဳးရွိရွိအသုံးခ်မည္ဟု မိမိတို႔ ေမၽွာ္လင့္ပါေၾကာင္း၊ ဤနယ္ပယ္အတြင္း သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားကို DACU က ပံ့ပိုးကူညီမည္ျဖစ္ေၾကာင္း၊ မိမိတို႔ရည္မွန္း ခ်က္မွာ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားအားလုံးအတြက္ အေလအလြင့္မ်ား ေလ်ာ့ခ်ရန္ ျဖစ္ေၾကာင္း၊ အတိုင္ပင္ခံအခ်ိဳ႕က အခေၾကးေငြမယူဘဲ လိုအပ္ေသာအကူအညီမ်ား ေပးခဲ့သည္ကို သိရွိထားသင့္ေၾကာင္း။

DACU ၏ အခန္းက႑မွာ အစိုးရေပါင္းစုံအဆင့္ ၫႈိႏႈိင္းေဆာင္႐ြက္မႈကို ႀကီးၾကပ္ကြပ္ကဲ ရန္ျဖစ္ေၾကာင္း၊ က႑အလိုက္ေဆာင္႐ြက္မႈတြင္ ၫႈိႏႈိင္းေဆာင္႐ြက္ မႈမွာ အေျခခံက်ေၾကာင္း၊ ေနာင္ လာမည့္သီတင္းပတ္တြင္ ဖြံ႕ၿဖိဳးမႈအကူအညီေပးေရး ဦးစားေပးသတ္မွတ္ခ်က္မ်ားကို ပိုမိုသက္ေရာက္ မႈရွိေစမည့္ က႑အလိုက္အသင္း အဖြဲ႕ ေဆာင္႐ြက္မႈမ်ားျပဌာန္းမႈကို စိစစ္တည္းျဖတ္ၿပီးတင္ျပမည္ ျဖစ္ေၾကာင္း၊ SWGs ကိုမည္ကဲ့သို႔ေဆာင္႐ြက္သင့္သည္ကို DACU ကလမ္းၫႊန္မႈေပးရမည္ျဖစ္ ေၾကာင္း၊ SWG ဥကၠဌမ်ားအေနျဖင့္ ၎တို႔၏အက်ိဳးသက္ေရာက္မႈမ်ားကို တာဝန္ခံေဆာင္႐ြက္ရ မည္ျဖစ္ေၾကာင္း။
ဖြံ႕ၿဖိဳးမႈ မိတ္ဖက္ႏိုင္ငံမ်ားအေနျဖင့္ ခြင့္ျပဳထားေသာနယ္ေျမမ်ားတြင္ ခြင့္ျပဳခ်က္ ေတာင္းခံရန္ မလိုဘဲသြားေရာက္လည္ပတ္ႏိုင္မည္ျဖစ္ေၾကာင္း၊ ခြင့္ျပဳထားေသာ အကူအညီမ်ားအေပၚ အခြန္စည္းက်ပ္သည့္ မေလ်ာ္ကန္သည့္အျပဳအမူမ်ားျဖစ္သည့္ အခြန္ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍လည္း သေဘာတူညီမႈ ရွိခဲ့ေၾကာင္း။

တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပုဂၢလိကက႑မွာ အေရးပါေသာ အခန္းက႑မွပါဝင္မည္ျဖစ္ေၾကာင္း၊ မိမိတို႔၏ ႀကီးမားေသာအေျခခံအေဆာက္အအုံ လိုအပ္ခ်က္မ်ားကို ေထာက္ပံ့ေၾကး မ်ား၊ ေခ်းေငြမ်ားျဖင့္ ေျဖရွင္းေပးႏိုင္မည္မဟုတ္ ေၾကာင္း၊  သို႔မဟုတ္ စဥ္ဆက္မျပတ္ေသာ ေရရွည္အ လုပ္အကိုင္ဖန္တီးမႈကို ျမႇင့္တင္ႏိုင္မည္မဟုတ္ေၾကာင္း၊ အစိုးရ၊ ပုဂၢလိကက႑ႏွင့္ ဖြံ႕ၿဖိဳးမႈမိတ္ဖက္ႏိုင္ ငံမ်ားအၾကား ၫွိႏႈိင္းေဆာင္႐ြက္မႈမွာ မိမိတို႔လိုအပ္ေနေသာ ရင္းႏွီးျမႇပ္ႏွံမႈရရွိေရး အတြက္ အဓိကက်ေၾကာင္း၊  အရပ္ဘက္အဖြဲ႕အစည္းမ်ား၊ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းမ်ားႏွင့္ အေရးပါေသာ ျပည္တြင္းႏွင့္ ႏိုင္ငံတကာအလႉရွင္ႏိုင္ငံမ်ားႏွင့္ မိမိတို႔အစိုးရ၏ ထိေတြ႕ဆက္စပ္မႈကို ထပ္မံခိုင္မာ အားေကာင္းေအာင္လုပ္ေဆာင္ရန္      DACU အေနျဖင့္ ရည္႐ြယ္ေၾကာင္း၊  DACU အေနျဖင့္ ဆန္းသစ္ေသာ၊ ဖန္တီးႏိုင္မႈမ်ား ကိုရွာေဖြၿပီး အက်ိဳးသက္ေရာက္မႈရွိေစမည့္ အေတြးအေခၚမ်ားကိုႀကိဳ ဆိုလက္ခံ ေၾကာင္း၊ DACU ၏တစ္ခုတည္းေသာရည္႐ြယ္ခ်က္မွာ ေစတနာႀကီးစြာျဖင့္ အဖြဲ႕ဝင္ႏိုင္ငံအခ်င္းခ်င္း ကူညီေထာက္ပံ့ရန္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ယင္းေနာက္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးဆက္ေအာင္က ဖြံ႕ၿဖိဳး မႈအကူအညီေပးေရးဆိုင္ရာ မူ၀ါဒႏွင့္ ဦးစားေပးလုပ္ငန္းစဥ္မ်ားကုိလည္းေကာင္း၊ စီမံ ကိန္းႏွင့္ ဘ႑ာေရး၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ဦးထြန္းထြန္းႏုိင္က စီမံခ်က္မ်ား အေကာင္အထည္ေဖာ္ရာတြင္ ေတြ႕ႀကဳံရသည့္ အခက္အခဲမ်ားႏွင့္ စိန္ေခၚမႈမ်ားကို လည္းေကာင္း၊ ျမန္မာ့ဖြံ႕ၿဖိဳးမႈအဖြဲ႕အစည္း(MDI) အမႈေဆာင္ဒါ႐ိုက္တာ ဦးမင္းရဲပိုင္ ဟိန္းက အေထြေထြကိစၥရပ္မ်ားကုိလည္းေကာင္း ေဆြးေႏြးတင္ျပၾကၿပီး ပူးေပါင္းေဆာင္ ရြက္ေရးမိတ္ဖက္မ်ားအဖြဲ႕ ကိုယ္စားလွယ္ Mr. Nck Cumpston က ႏႈတ္ခြန္းဆက္ စကားေျပာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ႏုိင္ငံ ေတာ္အတိုင္ပင္ခံ႐ုံး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင့္ေဆြတို႔က ၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္ဆိုင္ရာ ရန္ပုံေငြဆိုင္ရာ ပူးတြဲညႇိႏႈိင္းေရးအဖြဲ႕၏ လုပ္ငန္းစဥ္မ်ားကို ရွင္းလင္းေျပာၾကားခဲ့သည္။
အဆုိပါ ဖြံ႕ၿဖိဳးမႈအကူအညီမ်ား ညႇိႏႈိင္းေရးအဖြဲ႕ကို ႏုိင္ငံတကာကေပးအပ္ေသာ ဖြံ႕ၿဖိဳးမႈအကူအညီမ်ားကုိ အသုံးျပဳရာတြင္ ျပည္သူမ်ားထိေရာက္စြာ အက်ိဳးရွိေစေရး အတြက္ ျမန္မာႏိုင္ငံႏွင့္ မိတ္ဖက္အဖြဲ႕အစည္းမ်ား အခ်င္းခ်င္းညႇိႏႈိင္းျခင္း၊ ဖြံ႕ၿဖိဳးမႈ အကူအညီရယူျခင္းႏွင့္ အသုံးျပဳျခင္းတို႔ေဆာင္ရြက္ရာတြင္ ပြင့္လင္းျမင္သာမႈရွိျခင္း၊ ထိေရာက္စြာအသုံးျပဳျခင္းႏွင့္ တာ၀န္ခံျခင္းတို႔ျဖင့္ ေဆာင္ရြက္ႏုိင္ရန္အတြက္  ေအာက္တုိဘာ ၆ ရက္က ဖြဲ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

[Unicode]
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့(DACU)နှင့် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များအဖွဲ့(CPG) ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက် မိန့်ခွန်းပြောကြား
==============================================
နေပြည်တော် ဒီဇင်ဘာ ၁၂

ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့(DACU)နှင့် ပူးပေါင်းဆောင်ရွက်ရေးမိတ် ဖက်များအဖွဲ့(CPG) ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲတွင် နေပြည် တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ဖွံ့ဖြိုးမှုအကူအညီ များညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားသည်။

အစည်းအဝေးသို့ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဦးသန့်စင်မောင်၊ ဦးဖေဇင်ထွန်း၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးဝင်းခိုင်၊ ညှိနှိုင်းရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပူးပေါင်းဆောင်ရွက် ရေးမိတ်ဖက်များအဖွဲ့(CPG)မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိ သူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြားရာတွင်  ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုဦးစားပေးလုပ်ငန်းများနှင့် မူဝါဒများ နှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့် ၎င်းတို့၏အကူအညီပေးရေးကို ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများက ဖွံ့ဖြိုးမှုအကျိုးရလဒ်များ ရရှိရေးအတွက် မြန်မာပြည်သူများနှင့် အခွန်ဆောင်အလှူရှင်များအတွက် တာဝန်ခံရ မည်ဖြစ်ကြောင်း။

ယနေ့အချိန်တွင် အခြားဖွံ့ဖြိုးဆဲနိုင်ငံအများအပြား၌ ဖွံ့ဖြိုးမှုအကူအညီများကို ယုံကြည်မှု ကင်းမဲ့သော သံသယဖြင့် ရှုမြင်ကြကြောင်း၊ သို့သော်လည်း တိုးတက်လာ သော ညှိနှိုင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် DACU ၏ နီးကပ်သော လက်တွဲဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံ၌ အလားတူအခြေအနေတစ်ရပ် ဖြစ်ပေါ်မှု ကို ရှောင်ရှားနိုင်မည်ဟု မိမိယုံကြည်ကြောင်း။

ဖွံ့ဖြိုးမှုအကူအညီများအတွက် ဉီးစားပေးလုပ်ငန်းများသတ်မှတ်ရာ၌ အမျိုးသား ဖွံ့ဖြိုးမှု ဦးစား ပေးလုပ်ငန်းများကို ပထမအဆင့်အဖြစ် သတ်မှတ်ရန်လိုအပ်ကြောင်း၊ လာမည့်လများအတွင်း အစိုးရ၏ စီးပွားရေးမူဝါဒ ၁၂ ချက်အပေါ်အခြေခံ၍ ဝန်ကြီး ဌာနများအတွင်း ညှိနှိုင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ရပ်မှတစ်ဆင့် အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးစားပေးစီမံကိန်းများနှင့် အစီအစဉ်များ သတ်မှတ်မည်ဖြစ် ကြောင်း။

မိမိတို့အစိုးရအနေဖြင့် ဖွံ့ဖြိုးမှုအကူအညီ အမှန်တကယ်လိုအပ်သော စီမံကိန်း အချို့ကို သတ်မှတ်ပြီးဖြစ်ကာ ယင်းစီမံကိန်းများတွင် အခြေခံအဆောက်အအုံ၊ အလုပ် အကိုင်ဖန်တီးရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးတို့ ပါဝင် ကြောင်း။

လာမည့်လများအတွင်း ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ အမျိုးသားအဆင့်မူဝါဒ တစ်ရပ်ကို DACU က ရေးဆွဲမည်ဖြစ်ပြီး မိမိတို့နိုင်ငံက မည်သည့်အကူအညီ အမျိုးအစား လက်ခံရရှိလိုသည်ကို စီစဉ် တင်ပြမည်ဖြစ်ကြောင်း၊ အဆိုပါမူဝါဒရေးဆွဲရာ တွင် DACU အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် အနီးကပ်တိုင်ပင်ဆွေးနွေးမည်ဖြစ်ကြောင်း၊ မူဝါဒကို နိုင်ငံတကာမှ အကောင်းဆုံး စံနှုန်းဖြင့် ရေးဆွဲမည်ဖြစ်သော်လည်း မြန်မာနိုင်ငံ၏အခြေအနေကို ထည့်သွင်းစဉ်းစား၍ အခြေခံမည်ဖြစ်ကြောင်း။

ဖွံ့ဖြိုးမှုအကူအညီမူဝါဒဖြေရှင်းမည့် အရေးကြီးကိစ္စရပ်များအနက်တစ်ခုမှာ အတိုင်ပင်ခံများ၏ အခန်းကဏ္ဍဖြစ်ကြောင်း၊ အစိုးရတာဝန်ရှိသူအများစုမှာ ပြည်ပမှ အတိုင်ပင်ခံများနှင့် တွေ့ဆုံဆွေးနွေး ရာတွင် ၎င်းတို့၏အမြင်ကို ဖော်ထုတ်ပြနိုင်စွမ်း မရှိကြောင်း၊ အတိုင်ပင်ခံများမှာ လက်တွေ့ကျပြီး အချိုးကျသောသူများဖြစ်စေရန် ၎င်းတို့နှင့်ဆက်စပ်သော ကုန်ကျစရိတ်များကိုလည်း ဂရုတစိုက်ဖြင့် စိစစ်ရမည် ဖြစ်ကြောင်း။


သက်ဆိုင်ရာဝန်ကြီးဌာနများက တာဝန်ခံရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများက အတိုင်ပင်ခံ များကို လိုအပ်ချိန်မှသာ ငှားရမ်းပြီး ကုန်ကျစရိတ်နှင့်လျော်ညီအောင် အကျိုးရှိရှိအသုံးချမည်ဟု မိမိတို့ မျှော်လင့်ပါကြောင်း၊ ဤနယ်ပယ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများကို DACU က ပံ့ပိုးကူညီမည်ဖြစ်ကြောင်း၊ မိမိတို့ရည်မှန်း ချက်မှာ သက်ဆိုင်ရာဝန်ကြီးဌာနများအားလုံးအတွက် အလေအလွင့်များ လျော့ချရန် ဖြစ်ကြောင်း၊ အတိုင်ပင်ခံအချို့က အခကြေးငွေမယူဘဲ လိုအပ်သောအကူအညီများ ပေးခဲ့သည်ကို သိရှိထားသင့်ကြောင်း။

DACU ၏ အခန်းကဏ္ဍမှာ အစိုးရပေါင်းစုံအဆင့် ညှိုနှိုင်းဆောင်ရွက်မှုကို ကြီးကြပ်ကွပ်ကဲ ရန်ဖြစ်ကြောင်း၊ ကဏ္ဍအလိုက်ဆောင်ရွက်မှုတွင် ညှိုနှိုင်းဆောင်ရွက် မှုမှာ အခြေခံကျကြောင်း၊ နောင် လာမည့်သီတင်းပတ်တွင် ဖွံ့ဖြိုးမှုအကူအညီပေးရေး ဦးစားပေးသတ်မှတ်ချက်များကို ပိုမိုသက်ရောက် မှုရှိစေမည့် ကဏ္ဍအလိုက်အသင်း အဖွဲ့ ဆောင်ရွက်မှုများပြဌာန်းမှုကို စိစစ်တည်းဖြတ်ပြီးတင်ပြမည် ဖြစ်ကြောင်း၊ SWGs ကိုမည်ကဲ့သို့ဆောင်ရွက်သင့်သည်ကို DACU ကလမ်းညွှန်မှုပေးရမည်ဖြစ် ကြောင်း၊ SWG ဥက္ကဌများအနေဖြင့် ၎င်းတို့၏အကျိုးသက်ရောက်မှုများကို တာဝန်ခံဆောင်ရွက်ရ မည်ဖြစ်ကြောင်း။
ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံများအနေဖြင့် ခွင့်ပြုထားသောနယ်မြေများတွင် ခွင့်ပြုချက် တောင်းခံရန် မလိုဘဲသွားရောက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ ခွင့်ပြုထားသော အကူအညီများအပေါ် အခွန်စည်းကျပ်သည့် မလျော်ကန်သည့်အပြုအမူများဖြစ်သည့် အခွန်ကိစ္စရပ်များနှင့် ပတ်သက်၍လည်း သဘောတူညီမှု ရှိခဲ့ကြောင်း။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍမှာ အရေးပါသော အခန်းကဏ္ဍမှပါဝင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ ကြီးမားသောအခြေခံအဆောက်အအုံ လိုအပ်ချက်များကို ထောက်ပံ့ကြေး များ၊ ချေးငွေများဖြင့် ဖြေရှင်းပေးနိုင်မည်မဟုတ် ကြောင်း၊  သို့မဟုတ် စဉ်ဆက်မပြတ်သော ရေရှည်အ လုပ်အကိုင်ဖန်တီးမှုကို မြှင့်တင်နိုင်မည်မဟုတ်ကြောင်း၊ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင် ငံများအကြား ညှိနှိုင်းဆောင်ရွက်မှုမှာ မိမိတို့လိုအပ်နေသော ရင်းနှီးမြှပ်နှံမှုရရှိရေး အတွက် အဓိကကျကြောင်း၊  အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရေးပါသော ပြည်တွင်းနှင့် နိုင်ငံတကာအလှူရှင်နိုင်ငံများနှင့် မိမိတို့အစိုးရ၏ ထိတွေ့ဆက်စပ်မှုကို ထပ်မံခိုင်မာ အားကောင်းအောင်လုပ်ဆောင်ရန်      DACU အနေဖြင့် ရည်ရွယ်ကြောင်း၊  DACU အနေဖြင့် ဆန်းသစ်သော၊ ဖန်တီးနိုင်မှုများ ကိုရှာဖွေပြီး အကျိုးသက်ရောက်မှုရှိစေမည့် အတွေးအခေါ်များကိုကြို ဆိုလက်ခံ ကြောင်း၊ DACU ၏တစ်ခုတည်းသောရည်ရွယ်ချက်မှာ စေတနာကြီးစွာဖြင့် အဖွဲ့ဝင်နိုင်ငံအချင်းချင်း ကူညီထောက်ပံ့ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ဖွံ့ဖြိုး မှုအကူအညီပေးရေးဆိုင်ရာ မူဝါဒနှင့် ဦးစားပေးလုပ်ငန်းစဉ်များကိုလည်းကောင်း၊ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က စီမံချက်များ အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို လည်းကောင်း၊ မြန်မာ့ဖွံ့ဖြိုးမှုအဖွဲ့အစည်း(MDI) အမှုဆောင်ဒါရိုက်တာ ဦးမင်းရဲပိုင် ဟိန်းက အထွေထွေကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး ပူးပေါင်းဆောင် ရွက်ရေးမိတ်ဖက်များအဖွဲ့ ကိုယ်စားလှယ် Mr. Nck Cumpston က နှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံ တော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့က ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဆိုင်ရာ ရန်ပုံငွေဆိုင်ရာ ပူးတွဲညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ကို နိုင်ငံတကာကပေးအပ်သော ဖွံ့ဖြိုးမှုအကူအညီများကို အသုံးပြုရာတွင် ပြည်သူများထိရောက်စွာ အကျိုးရှိစေရေး အတွက် မြန်မာနိုင်ငံနှင့် မိတ်ဖက်အဖွဲ့အစည်းများ အချင်းချင်းညှိနှိုင်းခြင်း၊ ဖွံ့ဖြိုးမှု အကူအညီရယူခြင်းနှင့် အသုံးပြုခြင်းတို့ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိခြင်း၊ ထိရောက်စွာအသုံးပြုခြင်းနှင့် တာဝန်ခံခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ရန်အတွက်  အောက်တိုဘာ ၆ ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment