Latest News

Monday, December 12, 2016

မင်္ဂလာဒုံမြို့နယ်ရှိ ဧည့်ရိပ်သာတစ်ခုရှေ့၌ ရပ်တန့်ထားသည့်ယာဉ်ကို ခိုးယူသွားသူနှစ်ဦးအနက် တစ်ဦးအား ဖမ်းဆီးရမိ


မင်္ဂလာဒုံမြို့နယ်ရှိ ဧည့်ရိပ်သာတစ်ခုရှေ့၌ ရပ်တန့်ထားသည့်ယာဉ်ကို ခိုးယူသွားသူနှစ်ဦးအနက် တစ်ဦးအား ဖမ်းဆီးရမိ



မင်္ဂလာဒုံမြို့နယ်ရှိ ဧည့်ရိပ်သာတစ်ခုရှေ့တွင် ရပ်တန့်ထားသည့်ယာဉ်အား ခိုးယူသွားသူနှစ်ဦးအနက် တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဒီဇင်ဘာ ၁၀ ရက် နံနက် ၂ နာရီခန့်က မရမ်းကုန်းမြို့နယ်နေ ကို......သည် မင်္ဂလာဒုံ မြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲ (၁) ရပ်ကွက်၊ ဘိုခြံလမ်းမကြီးရှိ ဧည့်ရိပ်သာတစ်ခု ရှေ့တွင် ၎င်းမောင်းနှင်လာသည့် တိုယိုတာ Belta ယာဉ်အား ရပ်ထားခဲ့ကာ ဧည့်ရိပ်သာ၌ တည်းခိုနေထိုင်သော ၎င်းနှင့် ခင်မင်ရင်းနှီးသူ  ၀မ်းကိုကိုဆိုသူထံသို့ သွားရောက်တွေ့ ဆုံခဲ့ကြောင်း သိရသည်။


ယင်းသို့ သွားရောက်တွေ့ဆုံပြီးနောက် ယင်းနေ့နံနက်  ၂ နာရီ ၂၀ မိနစ်ခန့်တွင် ဧည့်ရိပ်သာမှ ပြန်လည်ထွက်ခွာလာစဉ် ဧည့်ရိပ်သာရှေ့တွင် ရပ်တန့်ထားခဲ့သည့် ယာဉ်မှာပျောက်ဆုံးနေသဖြင့် ထောက်ကြန့်နယ်မြေ ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။

ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပျောက်ဆုံးနေသည့်ယာဉ်အား စုံစမ်းရှာဖွေခဲ့ရာ အဆိုပါယာဉ်မှာ ယင်းနေ့နံနက် ၂ နာရီ ၁၁ မိနစ်ခန့်က မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီးအတိုင်း ကုန်းတလပေါင် တိုးဂိတ်မှ အမြန်လမ်းမကြီးဘက်သို့ ဖြတ်သန်းမောင်းနှင်သွားကြောင်းနှင့် ခိုးယူသွား သူအား လိုက်လံဖမ်းဆီးခဲ့ရာ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာနေ အရှည်ကြီး (ခ)ကျော်ဇေယျ (၄၃ နှစ်) ဆိုသူအား ၎င်း၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဖမ်းဆီးရမိသူအား စစ်ဆေးရာ ၀မ်းကိုကိုဆိုသူမှ ကားတစ်စီးအား ယူဆောင်မောင်းနှင်ပြီး ၎င်းနေထိုင်ရာ ကရင်ပြည်နယ် သံတောင်ခရိုင် သံတောင်ကြီးမြို့ နယ်ရှိနေအိမ်သို့ ပို့ဆောင်ပေးရန် ပြောဆိုသဖြင့် ၀မ်းကိုကို နေထိုင်ရာတည်းခိုခန်းသို့ သွားရောက်ခဲ့ကြောင်း၊ ယင်းနောက် ၀မ်းကိုကိုဆိုသူမှ တိုယိုတာ Belta ယာဉ်အား မောင်းနှင်ပေးရမည်ဖြစ်ပြီး ကားသော့တစ်ချောင်းနှင့် ကားဆီဖိုးအဖြစ် ကျပ် ၁၅၀၀၀ အား ကြိုတင်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ယင်းနေ့နံနက် ၂ နာရီခန့်တွင် တိုယိုတာ Belta ယာဉ်မှာ တည်းခိုခန်းသို့ ရောက်ရှိလာပြီး  ယာဉ်မောင်းကို.......မှာ ၀မ်းကိုကိုဆိုသူ တည်းခိုနေထိုင်သည့် အခန်းအတွင်းသို့ ၀င်ရောက်သွားသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ယင်းနောက် သုံးမိနစ်ခန့်အကြာတွင် ၀မ်းကိုကိုမှာ ၎င်းကားအား မောင်းနှင်ယူ ဆောင်သွားရန် ဖုန်း Miss Call ပေး၍ အချက်ပြသဖြင့် အဆိုပါယာဉ်အား မောင်းနှင်သွား ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်အား ထောက်ကြန့်နယ်မြေ ရဲစခန်းက (ပ) ၇၅၉/ ၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ထားပြီး ၀မ်းကိုကိုအား ဆက်လက်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။              

Sources : သန့်ဇင်ကျော် : Eleven

No comments:

Post a Comment