Latest News

Saturday, December 10, 2016

ဒီဇင်ဘာ ၂ ရက်တွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စင်ကာပူအခြေစိုက် Channel News Asia ရုပ်သံလိုင်းက တွေ့ဆုံမေးမြန်းခန်း

င်ဘာ ၂  ရက်တွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်ကို စင်ကာပူအခြေစိုက် Channel News Asia ရုပ်သံလိုင်းက တွေ့ဆုံမေးမြန်းခန်း

ဒီဇင်ဘာ ၂  ရက်တွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
 ဒေါ်အောင်ဆန်းစုကြည်ကို စင်ကာပူအခြေစိုက် Channel News Asia ရုပ်သံလိုင်းက တွေ့ဆုံမေးမြန်းခဲ့သည်။  အဆိုပါတွေ့ဆုံမေးမြန်းခန်းတွင် ဘင်္ဂါလီအရေး၊  စီးပွားရေး၊ NLD ပါတီ၏ ရာထူးဆက်ခံရေး အစီအစဉ်များ၊  တရုတ်နိုင်ငံနှင့် ဆက်ဆံရေးနှင့်  မကြာမီတက်လာတော့မည့် ထရန့်အစိုးရ တို့နှင့်ပတ်သက်သော အကြောင်းအရာများကို ပြောဆိုခဲ့ကြသည်။  ယင်းတွေ့ဆုံမေးမြန်းခန်း အပြည့်အစုံကို ဆီလျော်အောင်ဘာသာပြန် ဆို ဖော်ပြလိုက်ပါသည်။

အပိုင်း (၁)

ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုမရှိဘဲ ရေရှည်ဖွံ့ ဖြိုးတိုးတက်မှုမရနိုင်ပါဘူး။ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကို
သာယာဝပြောမှုမရှိဘဲ မထိန်းသိမ်းနိုင်ပါဘူး။ အဲဒါတွေအားလုံး အတူတကွ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ရွေးကောက် ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာခဲ့သော ဒေါ်အောင် ဆန်းစုကြည်က "NLD ပါတီသည် အောက် ခြေမှပြည်သူများနှင့် အလွန်နီးကပ်စွာဆက်ဆံ ခဲ့သောကြောင့် လွန်ခဲ့သောဆယ်စုနှစ်နှစ်ခု ကျော်ကြာ ပြည်သူ့ထောက်ခံမှုကို ထိန်းသိမ်း ထားနိုင်ခြင်းဖြစ်ကြောင်း" ထောက်ပြပြောဆိုခဲ့ သည်။ ဒီဇင်ဘာ ၂ ရက်တွင်ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မနေအိမ်အကျယ်ချုပ်နဲ့ ၁၅ နှစ် ကျခံနေ ရတုန်းက ပြည်သူတွေအတွက်ပဲ စဉ်းစားနေ ခဲ့ပါတယ်။ ပြီးတော့ ကျွန်မတို့အခက်အခဲကြီး တွေရှိတဲ့ကြားထဲက ကျွန်မတို့ပါတီဆက်လက် ရပ်တည်ရေးကို လုပ်ဆောင်ခဲ့ရပါတယ်။ ဒါ ကြောင့် ရှင်တို့က ကျွန်မတို့နိုင်ငံရေးပါတီအဖွဲ့ ၀င်တွေ တော်တော်များများရဲ့လုပ်ဆောင်နိုင် စွမ်းကို လျှော့မတွက်သင့်ပါဘူး။ ကျွန်မတို့ရဲ့ အဖွဲ့ဝင်တွေဟာ တကယ်တော့ ပြည်သူတွေ ပါပဲ" ဟု ပြောဆိုခဲ့သည်။

တွေ့ဆုံမေးမြန်းခြင်း

လွီရှူလင်း - ကျွန်မတို့နဲ့ စကားလာရောက် ပြောဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် - ကျေးဇူးတင်ပါတယ်။

မေး - ဘင်္ဂါလီပြဿနာက ထိန်းချုပ်ဖို့ခက်ခဲ တယ်လို့ ထင်ပါသလား။
ဖြေ - ကျွန်မမထင်ပါဘူး။ ဒါပေမဲ့ အဲဒါဟာ ဘယ်လောက်တောင်ကြီးမားတဲ့ စိန်ခေါ်မှုကြီး လဲဆိုတာနဲ့ ဘယ်လောက်အကဲဆတ်ပြီး နူးညံ့ သိမ်မွေ့တဲ့ကိစ္စရပ်လဲဆိုတာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက နားလည်မှုကြီးကြီးနဲ့ အသိ အမှတ်ပြုပေးမယ်ဆိုရင် အကူအညီဖြစ်မှာပါ၊ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ မူဆလင်တွေကချည်း ကြောက်လန့်စိတ်ပူနေရတာမဟုတ်ပါဘူး။ ရခိုင်လူမျိုးတွေကလည်း စိတ်ပူနေရတာပါပဲ။ ရခိုင်လူမျိုးတွေရဲ့ လူဦးရေရာခိုင်နှုန်းကျုံ့လာ နေတာနဲ့ပတ်သက်လို့ စိုးရိမ်နေကြရပါတယ်။ ပြီးတော့ အသိုင်းအ၀ိုင်းနှစ်ခုကြားမှာ ဆက် ဆံရေးမကောင်းခဲ့ဘူးဆိုတာကိုလည်း ကျွန်မ တို့ လျစ်လျူရှုလို့မရပါဘူး။ ကျွန်မတို့က ပို ကောင်းအောင် ကြိုးစားလုပ်ဆောင်ပေးချင်ပါ တယ်။ ဒါပေမဲ့ အောက်တိုဘာ ၉ ရက်မှာ စတင်ခဲ့တဲ့ ရဲစခန်းတွေတိုက်ခိုက်ခံရတာတွေ ရှိနေသားနဲ့တောင် မကောင်းတဲ့အခြေအနေ အပေါ်ကိုပဲ လူတွေကအာရုံစိုက်နေမယ်ဆို ရင်တော့ ဒါဟာကူညီရာမရောက်ပါဘူး။ကျွန်မ တို့အနေနဲ့ အခြေအနေကိုတည်ငြိမ်သွား အောင်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံ တကာအသိုင်းအ၀ိုင်းအနေနဲ့ မကျေနပ်မှုတွေ ကြီးမားလာအောင် မီးလောင်ရာလေပင့် အမြဲ တစေတောင်းဆိုနေမယ့်အစား ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းတဲ့နေရာမှာ ကျွန်မတို့ကိုကူညီမယ်ဆိုရင်၊ ပြီးတော့ အသိုင်း အ၀ိုင်းနှစ်ခုကြား ဆက်ဆံရေးပိုကောင်းလာ အောင်လုပ်တဲ့နေရာမှာ ကျွန်မတို့ကိုကူညီမယ် ဆိုရင် ကျွန်မ အရမ်းကျေးဇူးတင်မိမှာပါ။

မေး - ဒါပေမဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒါဟာအကြောင်းရင်းဖြစ်တယ်လို့ ပြောနေကြ တာမဟုတ်ပါဘူး။ အတိုင်ပင်ခံပုဂ္ဂိုလ်ရှင့်၊ မြေ ပြင်အခြေအနေအရ ခက်ခဲတာတွေ ရှိနေပါ သေးတယ်။
ဖြေ - ကျွန်မသိပါတယ်။ အခက်အခဲမရှိဘူးလို့ ကျွန်မပြောနေတာမဟုတ်ပါဘူး။ ဒါပေမဲ့ တကယ်ဖြစ်နေတာထက် ပိုဆိုးရွားနေတယ် ဆိုတာကို အကျယ်ချဲ့ပြောကြတယ်ဆိုတာထက် အဲဒီအခက်အခဲတွေကိုဖြေရှင်းဖို့ ပိုအာရုံစိုက် မယ်ဆိုရင်၊ အဲဒီအခက်အခဲတွေကို လူတွေက အသိအမှတ်ပြုမယ်ဆိုရင် ကူညီရာရောက်မှာပါ။

မေး - ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ အကြံ ပေးအဖွဲ့နဲ့ပတ်သက်လို့ ပြဿနာတွေရှိနေ တယ်နော်။ ဒေသခံအဖွဲ့အစည်းတွေက နိုင်ငံ ခြားသားတွေ ရောနှောပါဝင်နေတယ်ဆိုပြီး ထောက်ခံမှုမပေးဘူးဆိုပြီး ပြောနေတာတွေရှိ ပါတယ်။ အဲဒါက ဒေသခံအသိုင်းအ၀ိုင်းတွေ ကိုယ်တိုင်ပြောကြတာပါ။
ဖြေ - အဲဒါကို ဒေသခံအသိုင်းအ၀ိုင်းအဖွဲ့ဝင် အချို့ကပြောတာပါ။ ပြီးတော့ ကော်မရှင်ဟာ ဘာအတွက်ဖွဲ့ထားတယ်ဆိုတာကို စစ်မှန်စွာ နားလည်ဖို့ထက် နိုင်ငံရေးအစီအစဉ်တွေ အတွက်လို့ ကျွန်မထင်ပါတယ်။ ဥပမာအနေ နဲ့ ရခိုင်ပါတီတစ်ခုနဲ့ အခြားသူတွေက နိုင်ငံ တကာစင်မြင့်ပေါ်ကို ပြည်တွင်းရေးကိစ္စကို ဆွဲခေါ်တင်ဖို့အတွက်၊ ကော်မရှင်ဖွဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးဆန့်ကျင်ကြဖို့ ဥပဒေပြုလွှတ်တော် မှာ အဆုံးအဖြတ်တစ်ခုရရှိနိုင်ဖို့၊ ကြိုးစားခဲ့ ကြပါတယ်။ ၂၀၁၀ ခုနှစ်ကနေစပြီး ကုလ သမဂ္ဂအစည်းအဝေးလုပ်ငန်းစဉ်မှာ အဲဒီကိစ္စ နဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒေါက်တာအာနန်ရဲ့ စွမ်းဆောင် ရည်အပေါ် တကယ့်ကိုပဲယုံကြည်ပြီး အဲဒီလို တင်းမာမှုနဲ့ ပဋိပက္ခတွေဖြစ်နေတာကိုဖြေရှင်း ဖို့ ကျွန်မတို့ ကြိုးစားနေတာဖြစ်ပါတယ်။

မေး - ပြီးတော့ အဲဒါကိုရော ဒေသခံအသိုင်း အ၀ိုင်းက လက်ခံမှာလား။
ဖြေ - အဲဒါကို ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကို လိုချင်တဲ့ ရခိုင်ပြည်နယ်မှာတင်မဟုတ်ဘဲ ကျွန်မတို့နိုင်ငံရဲ့ အစိတ်အပိုင်းတိုင်း၊ နေရာ တိုင်းမှာ သဟဇာတဖြစ်မှုကိုထူထောင်ချင်တဲ့ ကျွန်မတို့နိုင်ငံထဲက ပြည်သူအများစုကတော့ လက်ခံမှာပါ။
မေး - ပြီးတော့ ဖွဲ့စည်းထားတဲ့စုံစမ်းစစ်ဆေး ရေးကော်မရှင်ကရော ရည်ရွယ်ချက်ကဘာလဲ ဆိုတာရယ်၊ အဲဒီကနေ ဘာရလဒ်တွေကို မြင် တွေ့ချင်ပါသလဲ။
ဖြေ - အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုတွေ ကို စုံစမ်းစစ်ဆေးမှာဖြစ်ပြီး အချိန်တချို့ကြာ နိုင်ပါတယ်။ ပြီးတော့ လူ့အခွင့်အရေးချိုး ဖောက်တာတွေကအမှန်ပဲလို့ စွပ်စွဲချက်တွေ ဟုတ်မဟုတ်ဆိုတာ အဖြေရှာဖို့ဖြစ်ပါတယ်။ ကျွန်မတို့လိုအပ်တဲ့ အရေးယူမှုတွေလုပ်ဆောင် မှာပါ။

မေး - ဒါပေမဲ့ ကော်မရှင်ဟာ တပ်မတော်က ပုဂ္ဂိုလ်တွေပါဝင်နေတာဟာ စိတ်ကသိကအောင့် မဖြစ်ဘူးလား။ အဲဒီအပေါ်မှာ ပဋိပက္ခရှိနေ တာလား။
ဖြေ - မဟုတ်ပါဘူး၊ လုံးဝမရှိပါဘူး။ လူ တိုင်းဟာ သူ့အမြင်နဲ့သူ ကိုယ်စားပြုနိုင်တယ် ဆိုတာကို ကျွန်မတို့ အသေအချာပြောလိုပါ တယ်။ ပြီးတော့ တကယ်ဘာတွေဖြစ်နေတယ် ဆိုတာ သူတို့ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဘက်မျှတဲ့ကော်မရှင်တစ်ခုကို လိုအပ်တယ် လို့ ထင်ပါတယ်။

မေး - အခုအချိန်မှာ ဘက်မျှတဲ့ကော်မရှင် တစ်ခုဖြစ်တယ်လို့ရော ခံစားရပါသလား။
ဖြေ - ကျွန်မတို့ အကောင်းဆုံးလုပ်ဆောင်ခဲ့ ပါတယ်။ ကော်မရှင်က ဘက်မျှသည်ဖြစ်စေ၊ မမျှသည်ဖြစ်စေ မကြာခင်ဖြေရှင်းနိုင်တော့မှာ ပါ။ ဒါကြောင့် ကော်မရှင်ရဲ့ဖွဲ့စည်းမှုကို ပြောင်းလဲဖို့လိုအပ်တယ်ဆိုရင် မလုပ်နိုင် စရာ အကြောင်းတော့မရှိပါဘူး။

မေး - တပ်မတော်နဲ့ အလုပ်အတူတွဲလုပ်ရတာ ကရော အပေးအယူလုပ်လိုက်ရတယ်လို့ရော ထင်ပါသလား။
ဖြေ - ရှင်ပြောတဲ့ အပေးအယူလုပ်တယ်ဆိုတဲ့ စကားကို ကျွန်မနားမလည်ပါဘူး။ အပေးအယူ လုပ်တယ်လို့ယူဆတဲ့ လူတွေအပေါ်ပဲမူတည် ပါတယ်။ တချို့လူတွေက အပေးအယူလုပ် တယ်လို့ပြောကြတဲ့အခါ သူတို့ဆိုလိုတဲ့ စည်း မျဉ်းစည်းကမ်းသတ်မှတ်ချက်အပေးအယူ တွေကို ကျွန်မတို့မလုပ်ပါဘူး။ ဒါပေမဲ့ တစ်ဦး ကိုတစ်ဦးနားလည်အောင်ကြိုးစားသင်ယူပြီး ဆွေးနွေးညှိနှိုင်းမှုနဲ့ပဲ ရှင်းရှင်းလင်းလင်းပဲ အမြဲ စဉ်းစားပါတယ်။ အဲဒါကိုမှ Give & Take (အပေးအယူ)လို့ထင်ပါတယ်။ တချို့လူတွေ က အပေးအယူဆိုတာ သူတို့တစ်ချိန်လုံးယူ နေပြီး တစ်ဖက်က တစ်ချိန်လုံးပေးနေရတာ လို့ အဓိပ္ပာယ်ဖော်ကြပါတယ်။ ဒါဟာ အပေး အယူမဟုတ်ပါဘူး။ ဒါကြောင့် စကားလုံးနား လည်မှုလွဲမှားတဲ့အတွက် အဲဒါဟာ အပေးအယူ လို့ ကျွန်မမထင်ပါဘူး။ ကျွန်မတို့က ဆွေးနွေး ညှိနှိုင်းဖို့အဆင်သင့်ပါပဲ။ ကျွန်မတို့ထက်ပို ကောင်းတဲ့အချက်ရှိရင် နားထောင်လက်ခံဖို့ အဆင်သင့်ပါပဲ။ ပြီးတော့လည်း သူတို့ကလည်း အလားတူလုပ်ဆောင်ရပါမယ်။

မေး - တပ်မတော်ဟာ တရားဥပဒေစိုးမိုးမှု အောက်မှာလုပ်ဆောင်နေတယ်လို့ ထင်ပါသလား။
ဖြေ - ကျွန်မတို့ တော်တော်လေးကိုကောင်း ကောင်းမွန်မွန်ပူးပေါင်းဆောင်ရွက်နေကြပါ တယ်။ တပ်မတော်နဲ့ အလုပ်အတူတွဲလုပ်ရတာ ဘာကြောင့်လဲဆိုတာတော့ ရခိုင်ပြည်နယ်မှာ ရဲတပ်ဖွဲ့နဲ့တပ်မတော်ဟာ အလုပ်အတူတွဲလုပ် ခဲ့ကြလို့ပဲဖြစ်ပါတယ်။ ပြီးတော့ ရဲတပ်ဖွဲ့ဟာပြည် သူ့အစိုးရအဖွဲ့အောက်မှာ တည်ရှိနေတာပါ။

မေး - ဒါပေမဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရှင့်၊ နိုင်ငံ တကာလေ့လာစောင့်ကြည့်သူတွေ၊ ဂျာနယ် လစ်တွေကို ၀င်ရောက်ကြည့်ရှုခွင့်မပြုဘူးဆို တဲ့ကိစ္စကရော။
ဖြေ - အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကို ၀င်ရောက်ကြည့်ရှုဖို့ အဖွဲ့တွေကို ကျွန်မတို့ ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ နေရာတိုင်း အတွက် လုံခြုံရေးကိုအာမမခံနိုင်ပါဘူး။ လူ တိုင်းအတွက် ခိုင်မာသေချာတဲ့ လုံခြုံရေးတရား ၀င်အာမခံချက်ရဖို့ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ သေချာအောင်လုပ်ဆောင်ရမှာပါ။

မေး - နိုင်ငံရေးသမားတိုင်းဟာ အချိန်ဇယား နဲ့ လုပ်ဆောင်လေ့မရှိဘူးလို့ ကျွန်မသိထားပါ တယ်။ ဒါပေမဲ့ ဒီပြဿနာတွေဟာ ထိန်းချုပ် နိုင်တယ်လို့ပြောနိုင်လား၊ မြန်မာနိုင်ငံမှာ ငြိမ်း ချမ်းရေးနဲ့ တည်ငြိမ်မှု ဘယ်အချိန်မှာရလာ နိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ - ကျွန်မတို့ အချိန်ဇယားနဲ့ မလုပ်ဆောင် ချင်လို့တော့မဟုတ်ပါဘူး။ ပြီးတော့ အချိန် တစ်ခုမှာပြီးစီးရမယ်လို့ ပြောတဲ့သူတွေအတွက် ကတော့ သူတို့အဖြေကို ဘယ်လိုရှာတွေ့မယ် ဆိုတာကိုတော့ ကျွန်မမသိပါဘူး။ ကျွန်မပြော နိုင်တာက အဲဒီပြဿနာတွေကို ဖြစ်နိုင်ရင် အလျင်မြန်ဆုံးဖြေရှင်းလိုပြီး ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အပေါ်အခြေခံပြီး ကျွန်မတို့ ဘယ်လိုဖြေရှင်းဆောင်ရွက်သွားမယ်ဆိုတာကိုပဲဖြစ်ပါတယ်။ ပြည်သူလူထုက ကျွန်မတို့နဲ့ အတူတူရှိနေတယ်ဆိုရင်၊ ကျွန်မ တို့ကြိုးပမ်းဆောင်ရွက်တဲ့အထဲ ကျွန်မတို့ နောက်မှာ ကျွန်မတို့ပြည်သူအများစုကသာရှိ နေမယ်ဆိုရင် အဲဒီပြဿနာတွေကို လျင်လျင် မြန်မြန်နဲ့ ဖြေရှင်းနိုင်မှာပါ။ ဒါပေမဲ့ သူတို့ ကျွန်မ တို့နဲ့အတူမရှိဘူးဆိုရင်တော့ ပြဿနာတွေက ကြာရှည်ပါလိမ့်မယ်။ ပြည်သူလူထုနဲ့ အနီးကပ် ဆောင်ရွက်မယ့် အစိုးရရဲ့ကိစ္စရပ်ဖြစ်ပြီးတော့ ဘာလုပ်ဖို့ကြိုးစားနေတယ်ဆိုတာကို ရှင်း လင်းပြောပြဖို့ကြိုးစားရမှာဖြစ်ပါတယ်။ ပွင့် လင်းမြင်သာမှုက ပိုမိုအရေးကြီးပါတယ်။

မေး - အခုပြည်သူတွေနဲ့ မြန်မာနိုင်ငံက နိုင်ငံ သားတွေဟာ ရှင်တို့လုပ်ဆောင်ဖို့ ကြိုးစားနေ တာတွေကို နားလည်လက်ခံပြီလို့၊ အချိန်တစ်ခုကို ပေးဖို့ စိတ်ရှည်ကြလိမ့်မယ်လို့ ထင်ပါသလား။
ဖြေ - လူအများစုကတော့ နားလည်လက်ခံ မယ်၊ စိတ်ရှည်မယ်လို့ ကျွန်မထင်ပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စကို လျင်လျင်မြန်မြန်မဖြေရှင်း စေချင်တဲ့သူတွေ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ လည်း ရှိနေပါသေးတယ်။

မေး - ကုန်လွန်ခဲ့တဲ့အချိန်ကိုးလမှာရော ပျော်ရွှင်ရလား။
ဖြေ - ပျော်ရွှင်လား၊ မပျော်ရွှင်လားဆိုတာ ကျွန်မသေချာမသိပါဘူး။ ကျော်လွှားရမယ့်စိန် ခေါ်မှုတွေများစွာရှိခဲ့ပြီးတော့ ကျော်လွှားခဲ့ရ တာတွေရှိတယ်လို့ ကျွန်မတို့သိထားပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က အလျင်အမြန် ကျော်လွှားချင်တဲ့အခါမျိုးရှိမယ်၊ ဒါပေမဲ့ ဘာ ဖြစ်ရမယ်ဆိုတဲ့ လက်တွေ့ကျတဲ့ အမြင်ထက် ဆန္ဒတစ်ခုသာဖြစ်တယ်လို့ ကျွန်မတို့နားလည် ထားပါတယ်။ ဒါပေမဲ့ တစ်ခုလုံးကိုခြုံငုံပြော နိုင်တာကတော့ အစီအစဉ်နဲ့လာတာမဟုတ် တဲ့ စိန်ခေါ်မှုတော်တော်များများကို တွေ့ကြုံ ခဲ့ရတဲ့အတွက် ကျွန်မ ကျေနပ်အားရပါတယ်။ ဒါပေမဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီနေတဲ့ နေရာမှာ စီမံခန့်ခွဲပေးဖို့လုပ်ဆောင်နေရတုန်း လို့ ကျွန်မထင်ပါတယ်။

မေး - တိုတောင်းခဲ့ပေမယ့်လည်း ဒီကိုးလမှာ အကျေနပ်ဆုံးကိစ္စဆိုရင် ဘာဖြစ်မလဲ။
ဖြေ - အဲဒါကတော့ ၀န်ကြီးတွေ အကျင့်ပျက် လာဘ်မစားတော့တာပါပဲ။
လင်း - ဟုတ်ပါတယ်။ အဲဒါဟာထိရောက် တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။
ဖြေ - အဲဒါက အရေးကြီးပါတယ်။ ၀န်ကြီးတွေ က လာဘ်မစားတော့ဘူး။ အငယ်တန်းအရာ ရှိအချို့ကတော့ သူတို့လိုချင်တာကို တောင်း ဆိုနေတုန်းပဲလို့ဆိုတာကိုတော့ ပြည်သူလူထု ကတော့ လက်ခံပါတယ်။

မေး - အဲဒါကို ပြောင်းလဲနိုင်မယ်လို့ ရှင်ထင် လား။ ဘာကြောင့်လဲဆိုတော့ တစ်ခါတလေမှာ တချို့လူတွေက အရှေ့တောင်အာရှနိုင်ငံတွေ မှာ ဒီလိုမသမာကြေးယူလေ့ရှိကြတယ်။ လာဘ် ယူရတာနှစ်သက်တဲ့သူတွေနဲ့ အဆင်ပြေပြေ အလုပ်လုပ်ချင်တာဟာ ယဉ်ကျေးမှုလိုဖြစ်နေ ပြီလို့ ပြောကြတယ်။
ဖြေ - ကျွန်မ အကျင့်ပျက်ခြစားမှုစုံစမ်းစစ် ဆေးရေးဗျူရိုကို ရောက်ခဲ့တဲ့အခါ သူတို့ ကျွန်မကို စာရွက်တချို့ပေးတယ်။ အဲဒီထဲက တစ်ခုမှာ အကျင့်ပျက်လာဘ်စားမှုဆိုတာ ဘ၀ ရဲ့အကြောင်းအရာတစ်ခုဖြစ်ပြီး ဘ၀ရှင်သန် ရေးနည်းလမ်းမဟုတ်ပါဘူးတဲ့။ ကျွန်မ အဲဒါ ကိုသိပ်ကြိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကျွန်မတို့နိုင်ငံမှာဖြစ်နေတာပါပဲ။ လူ တွေက ဒါဟာဘ၀ရဲ့အကြောင်းအရာတစ်ခု လို့ အသိအမှတ်မပြုကြပေမယ့်လည်း အသက် ရှင်သန်ဖို့နည်းလမ်းမဟုတ်ဘူးလို့ လက်ခံပါ တယ်။ ပြောချင်တာက အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဟာ ကျွန်မတို့ယဉ်ကျေးမှုမှာ နစ်မြုပ်နေတာတော့ မဟုတ်ပါဘူး။ အရမ်းကို တိုက်တွန်းအားပေးရမှာပဲဖြစ်ပါတယ်။

မေး - ပြည်တွင်းရော နိုင်ငံခြားကနေပါ တိုက် ရိုက်ရင်းနှီးမြှုပ်နှံမှုကတော့ ယေဘုယျအားဖြင့် တိုးတက်လာပါတယ်။ ဒါပေမဲ့ မကြာသေးမီ လများအတွင်းမှာ ကျဆင်းသွားတာမျိုးရှိခဲ့ တယ်။ လစဉ်အတက်အကျကိစ္စတွေကိုကြည့် လိုက်မယ်ဆိုရင် ကိစ္စတွေက မသေမချာဖြစ် နေတဲ့အချိန်မှာ အဲဒီကိုးလနဲ့ပတ်သက်လို့ ပြည်သူတွေက နည်းနည်းလောက်စိုးရိမ်သွား ကြတယ်လို့ ထင်ပါသလား။
ဖြေ - အထွေထွေနှေးကွေးနေတဲ့ ကမ္ဘာ့စီး ပွားရေးအလုပ်လုပ်ဖို့ဆိုတာ စိုးရိမ်မှုဆိုတာ ထက် သတိထားပြီးအလုပ်လုပ်ရမယ်လို့ထင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေ က ရင်းနှီးမြှုပ်နှံမှုဥပဒေထွက်လာဖို့ စောင့် နေကြတာပါ။ အရင်တုန်းကတော့ ကျွန်မတို့ ဆီမှာ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ခုရှိပါတယ်။ ယေဘုယျအားဖြင့် သင့်လျော်တယ်လို့မမြင် ကြတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ဥပဒေ တစ်ခုနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအတွက် ဥပဒေ တစ်ခုရှိခဲ့ပါတယ်။ ဒါကြောင့် အရင်တုန်းက ရော၊ အခုရော ဥပဒေပြုအမတ်တွေကနေတစ် ဆင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တစ်ခုရှိနေပါ ပြီ။ အဲဒါကိုဆက်လက်လုပ်ဆောင်ဖို့လည်း စည်းမျဉ်းတွေ ရေးဆွဲနေပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတော်တော်များများ စောင့် မျှော်နေကြတာ အဲဒါလို့ ကျွန်မထင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် ဘာ တွေလုပ်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်ကို သူ တို့ကမြင်ချင်ကြတာပါ။ ကျွန်မတို့က ကျွန်မ တို့နိုင်ငံဟာ ရင်းနှီးဖော်ရွေစွာရင်းနှီးမြှုပ်နှံလို့ ရတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ သူတို့ကိုနားလည် စေချင်တာပါ။

မေး - ဒါပေမဲ့ အနည်းဆုံးလုပ်အားခနဲ့ပတ် သက်တဲ့မေးခွန်းတွေကိုကြည့်လိုက်တဲ့အခါနဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦးက အနိမ့်ဆုံးလုပ်အား ခနဲ့ ဘယ်နေရာမှာရမယ်ဆိုတာ သိဖို့ခက်ခဲ နိုင်ပါသလား။ မြင့်မားတဲ့လုပ်အားခရဖို့ထက် မြန်မာပြည်သူတွေက ပိုအကျိုးကျေးဇူးရသင့် တာလား။ ဥပမာအားဖြင့် အထည်ချုပ်စက် ရုံမှာ ဖြစ်နေတာမျိုးပါ။
ဖြေ - အဲဒီလိုပြဿနာတွေကတော့ရှိနေ မှာပါပဲ။ ပြီးတော့ ကျွန်မလွန်ခဲ့တဲ့နှစ်ရက် လောက်က စင်ကာပူစီးပွားရေးအသိုက်အ၀န်း နဲ့တွေ့ဆုံခဲ့တဲ့အခါ သူတို့ထဲကတစ်ယောက် က ထမေးတယ်။ အလုပ်သမားသမဂ္ဂနဲ့ပတ် သက်ပြီး သူတို့ စိုးရိမ်နေပါတယ်။ အဲဒါဟာ ရှောင်လွှဲလို့မရနိုင်တဲ့ကိစ္စဖြစ်ပြီး ချဉ်းကပ်ပုံ အသစ်တစ်ခုကို ချမှတ်လုပ်ဆောင်သင့်တယ် ဆိုတာရယ်၊ တခြားအသစ်တစ်ခုလုပ်သင့်တယ် ဆိုတာရယ် ကျွန်မပြောပြခဲ့ပါတယ်။ သူတို့ ဘာ ကြုံတွေ့ရနိုင်တယ်ဆိုတာကို မကြည့်ဘဲနဲ့ သူ တို့ဘာလုပ်နိုင်တယ်ဆိုတာကိုသာ ကြည့်သင့် ပါတယ်။ ရင်းနှီးတဲ့သမဂ္ဂချဉ်းကပ်မှုလို့ ကျွန်မ ခေါ်တဲ့ချဉ်းကပ်ပုံတစ်ခုကိုလုပ်ဆောင်တဲ့အခါ သမဂ္ဂတွေက အလုပ်သမားနဲ့ အလုပ်ရှင်တို့ ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိစေဖို့ အတွက်ရယ်၊ အလုပ်သမားတွေကို အကာ အကွယ်ပေးသင့်ပြီးတော့ အဲဒီသမဂ္ဂတွေကို ကြိုဆိုကြရမယ်ဆိုတာကို အစကတည်းက ရှင်း ရှင်းလင်းလင်းဖြစ်အောင်လုပ်ရမှာပါ။ ပြီးတော့ ကျွန်မထင်တာ အဲဒါကတော့ သမဂ္ဂလှုပ်ရှား မှုနဲ့ဆက်စပ်နေတဲ့ စိုးရိမ်မှုတွေကိုဖယ်ရှားပေး ရပါမယ်။ သမဂ္ဂတွေရှိလာမှာဖြစ်ပေမယ့် စိုး ရိမ်မှုတွေကနေ ကျွန်မတို့ ရုန်းမထွက်နိုင်သေး ပါဘူး။ ပြီးတော့ ပြည်သူတွေက မြင့်မားတဲ့ လုပ်အားခတောင်းတယ်ဆိုတာ လူတိုင်းဟာ မြင့်မားတဲ့လုပ်အားခလိုချင်တဲ့အတွက်ဖြစ်ပါ တယ်။ ပိုချမ်းသာလာဖို့အတွက် အလုပ်အရမ်း ကြိုးစားနေတဲ့ မီလျံနာတွေကို ကြည့်လိုက်ပါ။

မေး - FDI နဲ့ပတ်သက်လို့ ကျွန်မတို့စိုးရိမ် စရာမလိုဘူးထင်တာလား။ ယေဘုယျအားဖြင့် တော့  FDI အတွက် အပေါင်းလက္ခဏာဆောင် တဲ့ဦးတည်ချက်လို အရွေ့တစ်ခု ကျွန်မတို့မြင် ရမှာလား။
ဖြေ - အဲဒါနဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိပါ ဘူးလို့ ကျွန်မ မပြောချင်ပါဘူး။ ဘာကြောင့် လဲဆိုတော့ အမှတ်မထင်ဖြစ်တတ်တာမျိုးလည်း ရှိတတ်လို့ပါ။ ကျွန်မတို့ အဲဒါကို သေသေချာ ချာကိုင်တွယ်နေပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုတွေ အလုပ်ဖြစ်အောင်လုပ်ချင်ပါတယ်။ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိဖို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေက ကျွန်မတို့ကို ကူညီပေးနိုင်မယ် ဆိုတာကို သေချာအောင်လုပ်ချင်ပါတယ်။

မေး - ငွေကြေးဖောင်းပွမှုနဲ့ ပတ်သက်လို့ရော ဘာပြောချင်ပါသလဲ။ ကိုးရာခိုင်နှုန်းလောက် မြင့်တက်နေတဲ့ ငွေကြေးဖောင်းပွမှုကို ကျွန်မတို့ မြင်တွေ့နေရပြီး ဒီအဆင့်ဟာ ငွေကြေးဖောင်းပွ မှုနဲ့လျော်ညီတဲ့ သူတို့ရဲ့လုပ်အားခတွေရရှိဖို့ မြန်မာနိုင်ငံက သာမန်ပြည်သူတွေအတွက်သိ သာတဲ့ အခက်အခဲတစ်ခုဖြစ်ပါတယ်။ အဲဒါ နဲ့ပတ်သက်ပြီးတော့ စိုးရိမ်ပါသလား။ ၀င်ငွေ တွေယုတ်လျော့လာရင် ရှင့်ကို မဲပေးခဲ့ကြတဲ့ ပြည်သူတွေက အကျိုးကျေးဇူးမရဘူးလို့ ခံ စားရနိုင်တာကိုရော စိုးရိမ်ပါသလား။
ဖြေ - ဒီအချိန်မှာ ငွေကြေးဖောင်းပွမှုဖြစ်နေ တာကလွဲလို့ ပြည်သူတွေရဲ့ဝင်ငွေတွေ ကျ ဆင်းလာတယ်လို့တော့ ကျွန်မမထင်ပါဘူး။ ဒါဟာ တချို့လူတွေအတွက် နိုင်ငံရေးလက် နက်တစ်ခုပါပဲ။ ကျွန်မတို့က အတိုက်အခံပါတီ မဟုတ်တော့ဘူးဆိုတာကို အမြဲတမ်းမေ့နေပါ တယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ အတိုက်အခံက အဲဒါကိုပဲ အာရုံစိုက်ချင်ပါလိမ့်မယ်။ ဒါပေ မဲ့ ဒေါ်လာဈေးတက်နေတယ်ဆိုတာ ရှင်လည်း သိပါလိမ့်မယ်။ ကျွန်မတို့နိုင်ငံမှာသာမဟုတ် ဘဲ ယေဘုယျအားဖြင့် ငွေကြေးဖောင်းပွမှုရော ပါပဲ။ ထပ်ပြီးတော့ပြောရမယ်ဆိုရင် ဖွံ့ဖြိုးမှု ကသာရှေ့ရောက်နေမယ်ဆိုရင် ငွေကြေး ဖောင်းပွမှုကို ကြောက်စရာမလိုပါဘူး။ အဲဒီ တော့ လူတွေကမေးကြလိမ့်မယ်။ ကျွန်တော် တို့ဖွံ့ဖြိုးနေပြီမဟုတ်ဘူးလားလို့။ ကျွန်မတို့ အခုမှ အစပဲရှိသေးတယ်လို့ထင်ပါတယ်။ ပထမကိုးလကတော့ ခက်ခဲခဲ့ပါတယ်။ ဘာ လို့လဲဆိုတော့ အရင်တုန်းကလုပ်ဆောင်ခဲ့တာ တွေထဲက အမှိုက်အများအပြားကို ရှင်းထုတ် ရပါတယ်။ အခုတော့ ဦးတည်ရာလမ်းကြောင်း တစ်ခုအတွက် စတင်ရုံပဲရှိပါသေးတယ်။ ကျွန်မ တို့ဟာ ကျွန်မတို့နိုင်ငံအတွက် အရမ်းအရေး ကြီးတဲ့ နိုင်ငံရေးကိစ္စတွေကို အမြဲတမ်းစောင့် ကြည့်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖွံ့ ဖြိုးမှုနဲ့ တည်ငြိမ်မှုက အတူတကွဖြစ်တည် နိုင်မှဖြစ်မှာပါ။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုမရှိ ဘဲ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုမရနိုင်ပါဘူး။ ငြိမ်း ချမ်းရေးနဲ့တည်ငြိမ်မှုကို သာယာဝပြောမှုမရှိ ဘဲ မထိန်းသိမ်းနိုင်ပါဘူး။ ဒါကြောင့် အဲဒါတွေ အားလုံးအတူတကွ လုပ်ဆောင်ကြရမှာဖြစ် ပါတယ်။ ပြီးတော့ အမြင်တစ်ခုတည်းကမဟုတ် ဘဲ ဘက်ပေါင်းစုံကနေ ကြည့်ရှုကြရပါမယ်။

မေး - နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန် အပြင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူ ထားသေးတယ်နော်။ ဒါကြောင့် ကျွန်မတို့က ကမ္ဘာတစ်ခွင်မှာ ဖြစ်နေတဲ့အရာတွေကိုကြည့် လိုက်တဲ့အခါ ထရန့်အစိုးရရဲ့အောက်မှာ အမေရိ ကန်က တံခါးပိတ်ဝါဒကျင့်သုံးမှာနဲ့ ပတ်သက် လို့စိုးရိမ်ပါသလား။ ပြီးတော့ အဲဒါကမြန်မာ နိုင်ငံအပေါ် ဘယ်လိုအကျိုးသက်ရောက်လာ မှာလဲ။
ဖြေ - ကျွန်မတို့နှစ်နိုင်ငံကြားမှာရှိတဲ့ ဆက်ဆံ ရေးကိုပြောင်းလဲစေမယ်လို့ ကျွန်မမထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကန်နဲ့ ကျွန်မတို့ ဆက်ဆံရေးကောင်းမွန်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ပြီးတော့ကျွန်မတို့ ကျင့်သုံးနေတဲ့နိုင်ငံ ခြားရေးမူဝါဒကကောင်းတယ်လို့ထင်ပါတယ်။ လွတ်လပ်ရေးရခဲ့ချိန်ကတည်းက ကျွန်မတို့ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတွေနဲ့ ရင်းနှီးဖော် ရွေတဲ့ဆက်ဆံရေးကို ထူထောင်ဖို့ကိုပဲအာရုံ စိုက်ခဲ့ပါတယ်။ ကျွန်မတို့ဟာ ကြားနေနိုင်ငံ တစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ဟာ စစ်အေး ခေတ်အတွင်း ဘယ်ဘက်ကိုမှ မပါဝင်ခဲ့သလို တစ်ဖက်ဖက်ကနေ ရပ်တည်တာမျိုးလည်းမရှိခဲ့ ပါဘူး။ ကျွန်မတို့ကလူတိုင်းနဲ့ အလုပ်အတူတူတွဲ လုပ်ချင်တာပါ။ ရွေးစရာမရှိတဲ့အတွက် ကျွန်မ တို့ဟာငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရပါ မယ်။ လူသားမျိုးနွယ်ကို ပြန်ကြည့်လိုက်တဲ့အခါ ဂူတွေထဲမှာတစ်ဦးနဲ့တစ်ဦးဖွဲ့စည်းနေထိုင်း ရင်းနဲ့ လှုပ်ရှားရုန်းကန်ခဲ့တဲ့အချိန်ကနေတိုး တက်ခဲ့ကြတာပဲလေ။

မေး - ၀မ်းမြောက်စရာပါပဲ။ ဒါပေမဲ့အမေရိ ကန်ဟာ အာရှမှာ တက်ကြွတဲ့ကဏ္ဍကနေမပါ ၀င်ခဲ့ဘူးဆိုရင် အင်အားချိန်ခွင်လျှာပြောင်းလဲမှု မဖြစ်နိုင်ဘူးလား။
ဖြေ - အမေရိကန်ဟာ အင်အားကြီးမားပါ တယ်။ ပြီးတော့ကမ္ဘာပေါ်မှာ အကြီးမားဆုံးပါ။ ဒါကြောင့် အင်အားချိန်ခွင်လျှာပြောင်းလဲနိုင် ပါတယ်။ ဒါပေမဲ့အဆိုးဆုံးဆိုတာထက်ပိုမို ကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခုအတွက် ကျွန်မတို့လုပ်ဆောင်ကြည့်နိုင်ပါတယ်။ လူတိုင်း အတွက်ပေါ့။
မေး - ပြီးတော့ နက်နက်နဲနဲပြောင်းလဲမှုတွေ လည်း ဖြစ်ပေါ်လာနိုင်တယ်လို့ထင်လား။ လက်ရှိသမ္မတဘားရက်အိုဘားမားနဲ့ ဆက်ဆံ ရေးကောင်းမွန်ခဲ့တဲ့ပုံပဲလေ။ မစ္စတာထရန့်နဲ့ ရောအတူတူပဲ ဖြစ်လာနိုင်မလား။
ဖြေ - ကျွန်မ ထရန့်ကိုမမြင်ဖူးပါဘူး။ ဒါပေမဲ့ ကျွန်မသူနဲ့ ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ တော့ တော်တော်လေး ပြင်ဆင်ထားပါတယ်။

အပိုင်း (၂)

မေး : အာရှမှာ တရုတ်နိုင်ငံအနေနဲ့ ဘယ်ကဏ္ဍကနေပါဝင်နေတာကို မြင်ချင်ပါသလဲ။
ဖြေ : ကောင်းမွန်တဲ့ကဏ္ဍကနေပါ။ ဘာကြောင့်လဲဆိုတော့ တရုတ်နိုင်ငံက အင်အားကြီးပါတယ်။ ပြီးတော့ သူ့ရဲ့ အင်အားကြီးမားမှုက ကောင်းမွန်တဲ့ နည်းလမ်းနဲ့ လုပ်ဆောင်မယ်ဆိုရင် ကောင်းမွန်တဲ့အလုပ်တွေကို အများကြီးလုပ်နိုင်မှာပါ။ ကျွန်မတို့ရဲ့လွတ်လပ်တဲ့ နိုင်ငံတစ်ခုရဲ့သမိုင်း တစ်လျှောက်လုံးမှာ တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ ပြီးတော့ တရုတ်ကွန်မြုနစ်အစိုးရကို စတင်ထူထောင်တဲ့ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့ပေမယ့်လည်း တရုတ်နိုင်ငံက သူတို့ရဲ့ အိမ်နီးချင်း နိုင်ငံတစ်ခုအနေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ဖို့နဲ့ တရားဝင်အသိအမှတ်ပြု လက်ခံခဲ့ တဲ့ပထမဆုံးနိုင်ငံတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဝေးကွာလို့မရပါဘူး၊ ဒါကြောင့် ကောင်းမွန်တဲ့ အိမ်နီးချင်းတွေအနေနဲ့ နေထိုင်နိုင်ဖို့ ကျွန်မတို့လုပ်ဆောင်ရမှာဖြစ်ပါတယ်။

မေး : ပြီးတော့ ကျွန်မတို့ရဲ့ ဒေသမှာ တရုတ်ရဲ့ လက်ဝါးကြီးအုပ်မှုဟာ တိုးတက်လာတယ်လို့ ဝေဖန်သူ တချို့က ပြောတဲ့အပေါ် မစိုးရိမ်ဘူးလား။
ဖြေ : စိုးရိမ်တဲ့ဆိုတဲ့စကားလုံးကို ကျွန်မသုံးသင့်တယ်လို့ မထင်ပါဘူး။ စိုးရိမ်တဲ့ဆိုတာ ကောင်းတာ ဖြစ်မလာနိုင်စေပါဘူး။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို ထူထောင်ဖို့ကို သေချာ အာရုံစိုက် လုပ်ဆောင်ရမယ်လို့ပဲ ထင်ပါတယ်။

မေး : မြန်မာနိုင်ငံမှာ နိုင်ငံရေးဖွံ့ဖြိုးမှုတော်တော်များများဟာ ရှင်နဲ့ ရှင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ သက်ဆိုင်နေပါတယ်။ တကယ်လို့သာ ရှင်သာမရှိမနေခဲ့တော့ဘူးဆိုရင် တစ်ကျော့်ပြန်ပြီးတော့ စစ်တပ်ကနေ အာဏာရယူတာမျိုး လုပ်လာနိုင်မယ်လို့ ထင်လား။
ဖြေ : ကျွန်မနေအိမ်အကျယ်ချုပ်နဲ့ ၁၅ နှစ် ကျခံနေရတုန်းက ပြည်သူတွေအတွက်ပဲ စဉ်းစားနေခဲ့ပါတယ်၊ ပြီးတော့ ကျွန်မတို့ အခက်အခဲကြီးတွေ ရှိတဲ့ကြားထဲက ကျွန်မတို့ပါတီဆက်လက်ရပ်တည်ရေးကို လုပ်ဆောင် ခဲ့ရ ပါတယ်၊ ဒါကြောင့် ရှင်တို့က ကျွန်မတို့နိုင်ငံရေးပါတီအဖွဲ့ဝင်တွေ တော်တော်များများရဲ့ လုပ်ဆောင်နိုင်စွမ်း ကို မလျှော့တွက်သင့်ပါဘူး၊ ကျွန်မတို့ရဲ့ အဖွဲ့ဝင်တွေဟာ တကယ်တော့ ပြည်သူတွေပါပဲ၊ ကျွန်မတို့ဟာ ပြည်သူတွေနဲ့ အရမ်းနီးစပ်ပါတယ်။
ဥပမာအားဖြင့် ပြီးခဲ့တဲ့နှစ်မှာ ရွေးကောက်ပွဲရလာဒ်တွေ ထွက်ပေါ်လာတုန်းက အံ့သြသင့် ခဲ့ကြတဲ့သူတွေ ရှိပါတယ်။ ကျွန်မတို့ကတော့ အောက်ခြေက ပြည်သူတွေနဲ့ပါ အရမ်း နီးကပ်တဲ့အတွက်ကြောင့် အံ့သြသင့်မှု မရှိပါဘူး။ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ အတိအကျ ကျွန်မတို့ သိခဲ့ပါတယ်။ မဲဆန္ဒနယ် ခြောက်ခု၊ ခုနှစ်ခုလောက်မှာ ကျွန်မတို့ အမှားအယွင်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အမတ်နေရာပေါင်း တစ်ထောင်ကျော်နဲ့ ပတ်သက်လို့ ပြောကြဆိုကြတဲ့အခါ ဒါဟာ စဉ်းစားပုံ မှားယွင်းတယ်ဆိုတာပါပဲ၊ နေရာ ၆ ခုနှင့် ၇ ခု မှားယွင်းခဲ့တယ်ဆိုပေမယ့်လည်း လူထုရဲ့ စိုးရိမ်မှုတွေကို မှန်ကန်စွာနဲ့ ကိုင်တွယ်နိုင်ခဲ့တယ်ဆိုတာပါပဲ။ လူထု ထောက်ခံမှုအပေါ် တည်ဆောက်ထားတဲ့ ပါတီဖြစ်တဲ့ အတွက် အဲဒါဟာ ကျွန်မတို့ရဲ့ အကြီးမားဆုံး ခွန်အားပဲလို့ထင်ပါတယ်။ ကျွန်မတို့ဟာ သာမန်လူတွေထဲကပဲ ပေါက်ဖွားလာကြတာပါ၊ ဒါကြောင့် ဆက်လက်ရပ်တည်သွားနိုင်မှာပါ၊ ပြီးတော့ ပါတီဟာ မတူကွဲပြားတဲ့အခြေအနေတွေမှာ ဆက်လက် လုပ်ဆောင် သွားမယ်လို့ ကျွန်မထင်ပါတယ်။

မေး : ပြောရမယ်ဆိုရင် လာမည့် နှစ် ၂၀ ကာလလောက်အတွက် ဒီမိုကရေစီလမ်းကို ဆက်လက် လျှောက်လှမ်းဖို့ ဦးဆောင်မှုဆက်ခံမည်သူကို လုံလုံလောက်လောက် ပျိုးထောင်ပေးခဲ့ပြီးပြီလား။
ဖြေ : ကျွန်မဟာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မတို့ရဲ့ အောင်မြင်မှုဟာ ကျွန်မကိုယ်ကျွန်မ မရှိမဖြစ်မဟုတ်တော့ဘူးဆိုတာနဲ့ ဆုံးဖြတ်ပါတယ်။ ပြီးတော့  ကျွန်မရဲ့ပါတီနဲ့ နိုင်ငံက ရှေ့ဆက် လုပ်ဆောင်သွားမယ့်ကိစ္စတွေမှာ ကျွန်မကိုမလိုအပ်တော့ဘူးဆိုတဲ့ ကျွန်မကိုယ်ကျွန်မ မရှိမရှိရင်လည်း ဖြစ်အောင် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

မေး : တကယ်လား အတိုင်ပင်ခံပုဂ္ဂိုလ်ရှင့်။
ဖြေ : တကယ်ပါ၊ ဘာကြောင့်လဲဆိုတော့ တာဝန်ယူတတ်တဲ့ ခေါင်းဆောင်တိုင်းရဲ့ ရည်မှန်းချက်တစ်ခုဖြစ်သင့် တယ်လို့ထင်တယ်။ ရှင်လည်း ရှင်ရှိမှဖြစ်မယ်ဆိုတာမျိုးမဖြစ်အောင် လုပ်ကြည့်ပါ။ ဒါမှမဟုတ် ရှင့်တိုင်းပြည် အတွက် ဆိုတာထက် ရှင့်အတွက် ရှင်ဘာတွေများလုပ်နေလဲလို့ပေါ့။

မေး : ပြီးတော့ အဲဒီလိုဖြစ်လာနိုင်ဖို့အတွက် တစ်ယောက်ယောက်ကိုရော တွေ့ထားပြီလား။
ဖြေ : ရှိတာပေါ့။ ကျွန်မရဲ့ ပါတီမှာ လုပ်နိုင်စွမ်းရှိတဲ့သူတွေ တော်တော်များများရှိပါတယ်။

မေး : ကျွန်မတို့ကိုရော မပြောပြချင်ဘူးလား။
ဖြေ : အရမ်းစောသေးတယ်လို့ထင်ပါတယ်။

မေး : ညအိပ်တဲ့အခါ ရှင့်မိဘတွေက ရှင့်မိဘတွေက အခုရှင်လုပ်နေတာနဲ့ ပတ်သက်ပြီး ကျေနပ်နေလိမ့်မယ်လို့ ထင်လား
ဖြေ : ကျွန်မညဘက်အိပ်တဲ့အခါ အဲဒါတွေနဲ့ ပတ်သက်လို့ မစဉ်းစားမိတာ အားနာစရာပါပဲ။ ဒါပေမယ့် ကျွန်မ ဒီညတော့ စဉ်းစားကြည့်ပါ့မယ်။

မေး : ဒါပေမယ့် ဒီထက်ပိုပြီး ရှင့်ရဲ့ဘဝကို ရှင်ဦးဆောင်ခဲ့ပုံနဲ့ပတ်သက်ပြီး သူတို့က နှစ်သက်သဘောကျမယ်လို့ ထင်လား
ဖြေ : ကျွန်မဘ၀မှာ လုပ်ဖို့လိုအပ်တာတွေကို အကောင်းဆုံးလုပ်ခဲ့တယ်လို့ သူတို့ ယူဆမယ်လို့ ကျွန်ထင်ပါတယ် ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ဦးလုံးဟာ ဘဝရဲ့အမျိုးအစားကို ရွေးချယ်ဖို့ ခွင့်ပြုတဲ့ နေရာမှာ ယုံကြည်ထားလို့ပါ။ ကျွန်မအဖေကတော့ ခွင့်ပြုပါမလား သေချာတော့မသိပါဘူး၊ ဒါပေမယ့် သူကွယ်လွန်စဉ်မှာ ကျွန်မကအရမ်းငယ်သေးတဲ့အတွက် သူ ခွင့်ပြုတဲ့အတိုင်း ကျွန်မတွေးတောစဉ်းစားခဲ့မှာပါ။ ဒါပေမယ့် ကျွန်မအမေက လွတ်လွတ်လပ်လပ်တွေးခေါ်တဲ့ အမျိုးသမီးဖြစ်တဲ့အတွက် သူက ကျွန်မက လွတ်လွတ်လပ်လပ်တွေးခေါ်သင့်တယ်ဆိုတာနဲ့ ပတ်သက်လို့ ကျွန်မကိုတော်တော်လေး နားလည် ပေးခဲ့တယ်လို့ ထင်ပါတယ်။
လင်းရှုလင် : အတိုင်ပင်ခံပုဂ္ဂိုလ်ရှင့် အခုလိုပြောဆိုပေးလို့ ကျေးဇူးအရမ်းတင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် : ကျေးဇူးတင်ပါတယ်။
Ref - CNA
Democracy today

No comments:

Post a Comment