Latest News

Saturday, December 10, 2016

ရန်ကုန်မြို့ရဲ့ ပထမဆုံး ဖြစ်ရပ် ၁၀ ခု

ရန်ကုန်မြို့ရဲ့ ပထမဆုံး ဖြစ်ရပ် ၁၀ ခု











ရန်ကုန်မြို့အတွက် ပထမဆုံးသော အဖြစ်အပျက်တွေ၊ အဆောက်အအုံတွေရဲ့ သမိုင်းကြောင်းကို စုစည်းဖော်ပြထားတာဖြစ်ပါတယ်။
     
၁၁ ရာစုလောက်က စတင်တည်ထောင်ခဲ့တဲ့ရန်ကုန်ဟာ အင်္ဂလိပ်အုပ်ချုပ်ရေးလက်အောက်မှာ နိုင်ငံရဲ့မြို့တော်ဖြစ်လာပြီး စီးပွားရေးမြို့တော်လည်းဖြစ်ခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ စီပွားရေးမြို့တော်ဖြစ်နေဆဲဖြစ်တဲ့  ရန်ကုန်ဟာ တစ်ချိန်က တိုးတက်တဲ့ မြို့တစ်မြို့အဖြစ် အခိုင်အမာ ရပ်တည်နိုင်ခဲ့တဲ့သမိုင်းကြောင်းလည်းရှိပါတယ်။ သမိုင်းကြောင်းထဲက ရန်ကုန်မြို့ရဲ့ ပထမဆုံး ဖြစ်ရပ်တွေ ကို အောက်မှာဖော်ပြပေးထားပါတယ်။

၁။ ရန်ကုန်မြို့ ၏ ပထမဆုံး ဓာတ်ရထား

ရန်ကုန်မှာပထမဆုံး ဓာတ်ရထားပြေးဆွဲခြင်းကို ၁၉၀၆ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ ကြည့်မြင်တိုင်ဈေး ကနေ သိမ်ကြီးဈေးအထိ ပြေးဆွဲပြီး ၁၉၀၆ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စတင်ခဲ့တာပါ။

၂။ ပထမဆုံးရေနွေးငွေ့စက်ခေါင်း

ဓာတ်ရထားကို ၁၉၀၆ ခုနှစ်မှ စတင်ပြေးဆွဲခဲ့ပေမဲ့ ပထမဆုံးရေနွေးငွေ့စက်ခေါင်းနဲ့ သံလမ်းပေါ်မောင်းနှင်တဲ့ ယာဉ်တွေကို ၁၈၈၆ ခုနှစ်ကတည်းက စတင်ပြေးဆွဲနေတာဖြစ်ပါတယ်။ အဲဒီတုန်းက ရန်ကုန်မှာပဲ စတင်ပြေးဆွဲပြီး တရုတ်တန်းလမ်းမကတဆင့် ဘုရားလမ်းကို ဖြတ်ပြီး ရွှေတိဂုံဘုရားအထိ သွားတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။

၃။ ပထမဆုံး မီးရထားဒီဇယ်စက်ခေါင်း

ဒါပေမဲ့ ယနေ့အချိန်ထိ အသုံးပြုနေဆဲဖြစ်တဲ့ မီးရထားဒီဇယ်စက်ခေါင်းနဲ့ ပြေးဆွဲတာကိုတော့ ၁၉၅၈ ခုနှစ်မှာ စတင်နိုင်ခဲ့ ပါတယ်။ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ဒီဇယ်စက်ခေါင်းတွေနဲ့ စတင်ပြေးဆွဲနိုင်ခဲ့တာဖြစ်ပါတယ်။

၎။ ပထမဆုံး မြို့ ပတ်ရထား

ပထမဆုံး မြို့ပတ်ရထားတွေကိုတော့ ဒီဇယ်စက်ခေါင်းတွေ အသုံးပြုပြီး တစ်နှစ်အကြာ ၁၉၅၉ ခုနှစ်မှာ စတင်ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ် မေလ ၁၀ ရက်နေ့ဟာ ရန်ကုန်မြို့မှာ မြို့ပတ်ရထားစနစ်  စတင်ပေါ်ပေါက်လာတဲ့ ခုနှစ်ဖြစ်ပါတယ်။

၅။ ပထမဆုံး ဟယ်လီကော်ပတာ

ရန်ကုန်မြို့မှာ ဟယ်လီကော်ပတာလို့ခေါ်တဲ့  ခေတ်ဟောင်းရဟတ်ယာဉ် ပထမဆုံးပျံသန်းခဲ့တာကတော့ ၁၉၅၆ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာဖြစ်ပါတယ်။ အဲဒီတုန်းက သမ္မတအိမ်တော်ဝင်အတွင်းကို ဟယ်လီကော်ပတာ ဆင်းသက်ခဲ့တာဖြစ်ပါတယ်။

၆။ မြို့ တော်ခန်းမ

ရန်ကုန်မြို့ရဲ့ ပထမဆုံးမြို့တော်ခန်းမကြီးဟာ   ကိုလိုနီခေတ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မြန်မာပြည် ဘုရင်ခံ ဆာအာချီဘောလ် ကော့ကရိန်းက ၁၉၃၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ပေးခဲ့ပြီး ယနေ့တိုင် အသုံးပြုနေဆဲ ဖြစ်ပါတယ်။

၇။ လွတ်လပ်ရေးကျောက်တိုင်

မဟာဗန္ဓုလပန်းခြံထဲမှာ တည်ဆောက်ထားတဲ့ လွတ်လပ်ရေးကျောက်တိုင်ကို ၁၉၅၀ ပြည့်နှစ် နိုင်ဝင်ဘာ ၂၆ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

၈။ ပထမဆုံး ရန်ကုန်စာတိုက်ကြီး

ရန်ကုန်မြို့အတွက် ရန်ကုန်စာတိုက်ကြီးကို ၁၈၅၂ ခုနှစ်ကတည်းက စတင်တည်ထောင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး စာပို့ဌာနဟာ ရန်ကုန်စာတိုက်ကြီး မပေါ်ပေါက်ခင် ၁၈၃၄ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

၉။ ပထမဆုံး မီးရထားလမ်း

မြန်မာနိုင်ငံအတွက်ရော ရန်ကုန်အတွက်ပါ ပထမဆုံးမီးရထားလမ်းကို ၁၈၈၇ ခုနှစ်မှာ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ရန်ကုန်နဲ့ ပြည်ကိုပြေးဆွဲတဲ့ ပထမဆုံးမီးရထားလမ်းဖြစ်ပြီး ၁၆၁ မိုင်ရှည်လျားတဲ့ မီးရထားလမ်းဖြစ်ပါတယ်။

၁၀။ ပထမဆုံး ရုပ်မြင်သံကြား

ယနေ့ပြည်လမ်းပေါ်မှာရှိတဲ့ အသံလွှင့်ရုံကို ၁၉၅၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ရုပ်မြင်သံကြားပြသတာကို ၁၉၈၀ ပြည့်နှစ်မှာ စတင်နိုင်ခဲ့ပါတယ်။

မှတ်ချက် - စာရေးဆရာမိုးမြင့်မောင် ရေးသားထုတ်ဝေထားသော မြန်မာ့ပထမဆုံးများ စာအုပ်ကို မှီငြမ်းဖော်ပြပါသည်

Photo : travelinmyanmar.ethnies-mekong.com
     
Duwun

No comments:

Post a Comment