Latest News

Thursday, December 22, 2016

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဆက်သွယ်နိုင်မယ့် Call Center ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဆက်သွယ်နိုင်မယ့် Call Center ဖွင့်လှစ်

ဒီဇင်ဘာ ၂၁ ရက်က တရားဝင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
 
မန္တလေးတိုင်းဒေသကြီးထဲမှာ ဖြစ်ပွားနေတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နယ်မြေလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်မယ့် 1882 Call Center ကို ဒီဇင်ဘာ ၂၁ ရက်က တရားဝင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

1882 Call Center ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေ ပိုမိုလွယ်ကူစေဖို့နဲ့  ပြည်သူတွေရဲ့ ဆက်သွယ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွေကို အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ Blue Ocean Operation Management ကုမ္ပဏီတို့ ပူးပေါင်းဝန်ဆောင်မှုပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Call Center ရှေ့ပြေးစီမံချက်အနေနဲ့ အောက်တိုဘာ ၁၅ ရက်ကစပြီး အထွေထွေစုံစမ်းမေးမြန်းမှုတွေ စတင်ဝန်ဆောင်မှု ပေးခဲ့ပြီး ဝန်ဆောင်မှုတွေ ထပ်မံတိုးချဲ့ဖို့နဲ့  ပြည်သူတွေ ပိုမိုသိရှိနိုင်စေဖို့ ဒီဇင်ဘာ ၂၁ ရက်မှာ မန္တလေးမြို့အောင်မြေသာစံမြို့နယ် သီရိမန္တလာဈေးမှာ Call Center တရားဝင် ဖွင့်လှစ်တဲ့ပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

1882 Call Center ကနေ အစိုးရအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေ သဘာဝဘေးအန္တရာယ် သတိပေးချက်တွေ၊ ပညာပေးအစီအစဉ်တွေ၊ တိုင်းဒေသကြီးအလိုက် ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေ လက်ခံဖြေရှင်းပေးတာတွေနဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေကို  ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။

Source : 7DayDaily & Duwun

Photos : gomyanmar,Kashmir Digest
 

No comments:

Post a Comment