Latest News

Thursday, December 22, 2016

အုပ်စုပထမနေရာအတွက် ကာဇက်စတန်ကို ဂိုးပြတ်ဖို့လိုနေတဲ့ မြန်မာယူ-၁၉ အမျိုးသမီးအသင်း

အုပ်စုပထမနေရာအတွက် ကာဇက်စတန်ကို ဂိုးပြတ်ဖို့လိုနေတဲ့ မြန်မာယူ-၁၉ အမျိုးသမီးအသင်း

ထိုင်းအသင်းနဲ့ အုပ်စုဗိုလ်နေရာ လုရမှာပါ။
 
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ၂၀၁၇ အာရှယူ-၁၉ အမျိုးသမီးပြိုင်ပွဲ အုပ်စု(ဂ) ခြေစစ်ပွဲမှာ မြန်မာယူ-၁၉ အမျိုးသမီးအသင်းအနေနဲ့ အုပ်စုပထမနေရာရရှိဖို့ ဒီနေ့ညနေ ၆ နာရီမှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကစားမယ့် ကာဇက်စတန်အသင်းနဲ့ပွဲကို အနိုင်ရဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းက ဒီဇင်ဘာလ ၂၀ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပါလက်စတိုင်းအသင်းနဲ့ပွဲမှာ ဆယ်ဂိုးပြတ် အနိုင်ရခဲ့ထားပေမဲ့ အုပ်စုတွင်းပြိုင်ဘက် ထိုင်းအသင်းနဲ့ အုပ်စုဗိုလ်နေရာလုရမယ့်အနေအထားဖြစ်နေပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့က ကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ ထိုင်းအသင်းက ကာဇက်စတန်အသင်းကို ၇ ဂိုးပြတ်အနိုင်ရထားလို့ ဒီနေ့ညနေမှာ ကစားမယ့် ကာဇက်စတန်အသင်းနဲ့ပွဲကို ဂိုးပြတ်အနိုင်ရဖို့လိုအပ်နေတာပါ။


"ဂိုးကွာခြားချက်က အရေးကြီးပေမဲ့ တစ်ပွဲချင်းစီကို အနိုင်ကစားသွားပါမယ်။ ကျွန်တော့်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ကြိုးစားအားထုတ်မှုကိုလည်း ချီးကျူးလိုပါတယ်“လို့ မြန်မာယူ-၁၉ အမျိုးသမီးအသင်း နည်းပြချုပ် ဦးဝင်းမြင့်သွင်က ပြောပါတယ်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းက ဒီပြိုင်ပွဲရဲ့နောက်ဆုံးပွဲစဉ်ကို လာမယ့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ၂၀၁၇ အာရှယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲရဲ ခြေစစ်ပွဲစဉ်တွေကို မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်းလေးနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေပြီး အုပ်စုတွင်းပြိုင်ပွဲတွေမှာ နိုင်ပွဲအများဆုံးရတဲ့ အသင်းတစ်သင်းပဲ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမှာပါ။

Sources & Photos : MFF : Duwun
 

No comments:

Post a Comment