Latest News

Thursday, December 22, 2016

တရားစီရင်ရေးတွင် မမှန်မကန် ပေါ်ပေါက်ပါက လက်နှေးမည်မဟုတ်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြောကြား

တရားစီရင်ရေးတွင် မမှန်မကန် ပေါ်ပေါက်ပါက လက်နှေးမည်မဟုတ်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

တရားစီရင်ရေးကိစ္စတွင် မမှန်မကန် ပေါ်ပေါက်သည့် ကိစ္စများ ရှိနေပါက လက်နှေးနေမည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

“တရားစီရင်ရေးကို တကယ်ကို ဖြောင့်မတ်မှန်ကန်စေချင်တယ်။ တကယ်လို့ မဖြောင့်မတ်မမှန်ကန်ဘူး ဆိုရင် ဆိုလို့ ရှိရင်လည်း အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ဖော်စေချင်တယ်။ ပေါ်ရင်တော့ ကျွန်တော်တို့ အမှန်အကန်ပြောပါ့မယ်။ ပေါ်ရင်တော့ ကျွန်တော်တို့အနေနဲ့ လက်နှေးမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

ယနေ့ (ဒီဇင်ဘာ ၂၁) ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း မီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

မိတ္ထီလာမြို့တွင် ဒီဇင်ဘာ ၁၈ ရက်နေ့က ပြုလုပ်သော မြို့ခံလူထုတို့နှင့် တွေ့ဆုံပွဲတွင် NLD မှ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က တိုင်းပြည်၏ မဏ္ဍိုင်ကြီးသုံးရပ်အနက် ဥပဒေပြုကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍတို့တွင် ယန္တရား ကောင်းစွာ လည်ပတ်နိုင်နေပြီ ဖြစ်သော်လည်း တရားစီရင်ရေး ကဏ္ဍတွင် ဆိုးရွားနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဗမာပြည်မှာရှိတဲ့ တရားဥပဒေကဏ္ဍဟာ တော်တော်ကို ဆိုးဆိုးရွားရွား ဖြစ်နေတာ၊ ကျွန်တော့်ဆီကို တိုင်စာတွေ တစ်ပုံကြီး ရောက်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ဆီမှာလည်း တိုင်စာတွေ တစ်ပုံကြီး၊ လွှတ်တော်ဥက္ကဋ္ဌဆီမှာလည်း တိုင်စာတွေ တစ်ပုံကြီး ရောက်နေတယ်။ အဲဒီထဲမှာ ထက်ဝက်ကျော်က တရားသူကြီးတွေနဲ့ ပတ်သက်နေတယ်။ အဲဒီဟာ မှန်တာတွေ များမယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်” ဟု ဦးဝင်းထိန်က ဆိုသည်။

တရားစီရင်ရေးမဏ္ဍိုင်နှင့် ပတ်သက်သော တိုင်ကြားမှုမျာ သက်ဆိုင်ရာ တိုင်ကြားသူများကို ခေါ်ယူတွေ့ဆုံသောအခါတွင် နောက်ပြန်ဆုတ်သွားသော အဖြစ်များစွာ ရှိနေသေးသဖြင့် ထိရောက်မှု နည်းနေကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုများထံမှ သိရသည်။

S-01

SOURCES THE VOICE

No comments:

Post a Comment