Latest News

Friday, December 9, 2016

ပြည်မြို့တွင် ၇တန်း ကျောင်းသူအား အကြိမ်ကြိမ် အဓမ္မပြုကျင့်သူ ကျောင်းထိုင် ဆရာတော်အား ပြစ်ဒဏ် အနှစ်၂၀ ချမှတ်

ပြည်မြို့တွင် ၇တန်း ကျောင်းသူအား အကြိမ်ကြိမ် အဓမ္မပြုကျင့်သူ ကျောင်းထိုင် ဆရာတော်အား ပြစ်ဒဏ် အနှစ်၂၀ ချမှတ်

ပြည်၊ ဒီဇင်ဘာ(၉)ရက်။

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် အရွယ်မရောက်သေးသူ ၁၂ အရွယ် ၇ တန်းကျောင်းသူ မိန်းကလေးငယ် အား အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သူ ကျောင်းထိုင်ဆရာတော်အား ပုဒ်မ ၃၇၆ ၏ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း ပြည်ခရိုင်တရားရုံးမှ သိရှိရသည်။

အဆိုပါ အမှုအား ဒီဇင်ဘာလ ၉ ရက်နေ့ညနေပိုင်းက ဒုတိယခရိုင်တရားသူကြီးမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အမှုအား ၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ စတင်က ၂၀၁၆ ယခုဒီဇင်ဘာလအထိ နှစ်နှစ်အကြာရုံးတင် စစ်ဆေးပြီးနောက် ယခုကဲ့သို့အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

“သင်္ကန်းအရည်ခြုံပြီးတော့လုပ်သွားတာ ကျောင်းတိုင်ဘုန်းကြီးတစ်ပါးဖြစ်တယ်။ အုပ်ထိန်းသူလည်း ဖြစ်တယ် ပေါ့နော်။ စောင့်ရှောက်ရမယ့် တာဝန်အပြည့်အ၀ရှိတဲ့သူကနေပြီးတော့ ဒီလိုမျိုးလုပ် တာဟာ ကိုယ်ကျင့်တရား ကို အလွန့်အလွန်ပျက်ပြားစေတယ်။နောက်ပြီးတော့ ဘာသာသနာကိုလည်း ညှိုးနွမ်းစေတယ်။”ဟု တရားလို ရှေ့နေ ဒေါ်အေးသန္တာက ပြောသည်။

ယခုအမှုတွင် အဓမ္မပြုကျင့်မှုအတွက် ပုဒ်မ ၃၇၆၊ သာသနာအရေခြုံမှု ပုဒ်မ ၂၉၅ တို့ဖြင့် တရားရုံး တင်ခဲ့ခြင်း ဖြစ်ပြီး ပုဒ်မ ၃၇၆ အတွက် ထောင်ဒဏ် အနှစ် ၂၀၊ ပုဒ်မ ၂၉၅ အတွက်ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ် များကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ယခုအမှုမှာ ၂၀၁၄ ခုနှစ်တွင်း ပြည်မြို့ ဘုရင့်နောင်လမ်းမကြီးရှိ ခမ်းရတနာ ဘုန်းတော်ကြီး ကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကျောင်းမှာ သာသနာပြု ပရဟိတမူလတန်းလွန် ကျောင်းဖွင့်ထားသော ကျောင်းဖြစ်ပြီး ကျောင်းတွင် ပညာသင်ကြားနေသော ၇ တန်းကျောင်းသူကို ကျောင်းထိုင်ဆရာတော်မှ ကျူးလွန်းသောအမှုဖြစ်ကြောင်း သိရသည်။

ထိုဖြစ်စဉ်များကို ကျောင်းတွင်စာသင်သော ဆရာမမှ ပထမဦးစွာသိရှိခဲ့ပြီး တိုင်တန်းမှုများပြုလုပ်မှုနှင့်အတူ မြို့နယ်သာသနာရေးတာဝန်ရှိသူများနှင့်အတူ ရဲတပ်ဖွဲ့မှ လူဝတ်လဲဖမ်းဆီးခဲ့ပြီး ပြည်မြို့မရဲစခန်းမှ (ပ)၁၀၄၄/၂၀၁၄ ပုဒ်မ ၃၇၆/၂၉၅ အမှုဖွင့်အရေးယူခံပြီးနောက် ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

Sources ; Shwe Myitmakha Media Group

No comments:

Post a Comment