Latest News

Sunday, December 18, 2016

မူဆယ်-လားရှိုးလမ်းရက်ရှည်ပိတ်ဆို့မှုကြောင့် ကုန်စည်ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်

မူဆယ်-လားရှိုးလမ်းရက်ရှည်ပိတ်ဆို့မှုကြောင့် ကုန်စည်ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်

မူဆယ်-လားရှိုးပြည် ထောင်စုလမ်းမကြီးတွင် ကား အ စီးရေ ထောင်ချီ၍ ရက်ရှည်ဆိုး ရွားစွာပိတ်မိနေသဖြင့် ကုန်သွယ် ရေးလုပ်ငန်းများ နှောင့်နှေးပြီး ကုန်စည်ထိခိုက်ပျက်စီးမှုများ ဖြစ် ပေါ်နေကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုလမ်းမကြီးရှိ ကွတ်ခိုင်မြို့နယ် ရှုခင်းသာဒေသ တွင် ဒီဇင်ဘာ ၁၁ ရက်က စတင်၍ ကားများပိတ်ဆို့မှု ဖြစ်ပေါ်နေပြီး ယခုတစ်ရက်၊ နှစ်ရက်အတွင်း ပိုမိုဆိုးရွားလာကြောင်း အဆိုပါလမ်းကြောင်းရှိ ကုန်တင်ယာဉ်မောင်းသူများက ပြောသည်။ ရှုခင်းသာအနီးတွင် ပိတ်မိနေသည့် ကားတန်းရှည်မှာ ခုနစ်မိုင်မှဆယ်မိုင်ခန့်ရှိနေကြောင်း မူဆယ် - မန္တလေး ကုန်တင်ယာဉ်မောင်းသူ ကိုနိုင်လင်းကပြောသည်။

‘‘မူဆယ်ကနေ မန္တလေးကို လာတာ လေးညအိပ်ငါးရက်ခရီး တောင်ကြာတယ်။ ရှုခင်းသာမှာ ကားတန်းက ခုနစ်မိုင်ကနေဆယ် မိုင်လောက်ရှိတယ်။ ကားတန်းက နှစ်ထပ်၊ သုံးထပ်၊ လေးထပ် အထိ ဖြစ်ကုန်တယ်။ အခုလည်းပိတ် တုန်းပဲ။ ပုံမှန်ဆိုရင် မနက်စော စောထွက်ရင် လမ်းမှာတစ်ညပဲ အိပ်ရတယ်။ ဟိုကနေညထွက် လာရင် မန္တလေးကို နောက်ည ၈ နာရီလောက်ရောက်တယ်။ အခု ရှုခင်းသာမှာ နှစ်ညအိပ်ခဲ့ရတယ်’’ ဟု ကိုနိုင်လင်းကပြောသည်။

  လက်နက်ကိုင်များက ချောင်းမြောင်းပစ်ခတ်မှု ရှိနေခြင်း နှင့် လမ်းများပြန်ပွင့်လာပြီးနောက် ယခုရက်ပိုင်းအတွင်း ကားအရေ အတွက်များစွာ ကုန်သွယ်မှုပြု လာခြင်းတို့ကြောင့် လမ်းများပိတ် ဆို့လာခြင်းဖြစ်ကြောင်း မူဆယ် ခရိုင် အုပ်ချုပ်ရေးမှူးရုံး ဦးစီးအ ရာရှိ ဦးဇော်မင်းကပြောသည်။

‘‘အချိန်နဲ့လွှတ်တာလည်းပါ တယ်။ ရှုခင်းသာမှာချောင်းချောင်း ပစ်နေတာလည်းပါတယ်။ စစ် ကြောင်းပို့လာတဲ့ ကားတွေအပြန် ကို။ တိုက်ပွဲဖြစ်နေတဲ့အခါ ကား ကိုဟိုဘက်၊ ဒီဘက်ပိတ်ထား တော့ အဲဒီလိုဖြစ်ကုန်တာပေါ့။ နောက်ပြီး ကားတွေကလည်း အ ခုနောက်ပိုင်းမှာ ခြောက်ရက်၊ခုနစ် ရက် နောက်ပိုင်း ဖရဲ၊ သခွားကား တွေ အ၀င်ကလည်းများလာ တယ်။  ကားတွေကများတော့ ကျွန်တော်တို့က ကားကြီးတွေကို အဆင်းကား၊ အတက်ကားဆိုပြီး အချိန်ပိုင်းနဲ့လွှတ်နေရတာလည်း ပါတယ်’’ဟု ၎င်းကပြောသည်။

 ရက်ရှည်လမ်းပိတ်နေမှု ကြောင့် မူဆယ်သို့ပို့မည့်သီးနှံများ ထိခိုက်ပျက်စီးမှု ကြုံနေရပြီး ဈေးကောင်းမရဖြစ်လာကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်အတွင်းရေးမှူး ဦး စိုင်းခင်မောင်ကပြောသည်။

‘‘တချို့ကားတွေဆိုရင်ပိတ် မိနေတာ ခြောက်ရက်လောက်ရှိ ပြီ။ သီးနှံတွေပျက်စီးတာဖြစ်လာ နိုင်တယ်။ သခွားမွှေးဆိုရင် အဲဒီ လောက်ပိတ်ရင် တော်တော်ပျက် စီးမှာပဲ။ ကျွန်တော်စိုးရိမ်တာက တော့ ဈေးကကောင်းပေမယ့် အပုပ်၊ အနာကများတာပဲ’’ဟု ဦးစိုင်းခင်မောင်ကပြောသည်။

ယခုရက်ပိုင်းအတွင်း ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်သို့တစ်ရက်လျှင် ဖရဲ၊ သခွားကား အစီးရေ တစ်ရာခန့် ပုံမှန်ဝင်နေ ရမည်ဖြစ်သော်လည်း လမ်းပိတ် ဆို့မှုကြောင့် အစီးရေးငါးဆယ်ခန့်သာဝင်ကြောင်း ဦးစိုင်းခင်မောင်ကပြောသည်။ လမ်းကြောင်းပွင့် သည့် ပုံမှန်ရက်များတွင် ကား အစီးရေ နှစ်ရာ၊ သုံးရာခန့် ၀င် လာနိုင်သည့် အခြေအနေဖြစ် ကြောင်း၎င်းကပြောသည်။

‘‘ကားလမ်းတွေပိတ်နေတာ က ကုန်သွယ်ရေးကို တအားထိ ခိုက်တယ်။ ကြန့်ကြာကုန်တာ ပေါ့။ သစ်သီးဝလံတွေရဲ့ အဓိက အသက်က လက်ဆတ်မှုလေဗျာ။ အခုလိုဖြစ်ကုန်လို့ကုန်သွယ်မှု ပမာဏ ဘယ်လောက်လျော့ကုန် တာလဲ သေချာမပြောနိုင်ပေမယ့် ၀င်လာတဲ့ကားအစီးရေကတော့ သိသိသာသာသည်းကို လျော့ကျ ကုန်တယ်’’ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်ကပြောသည်။

 ကားလမ်းများပိတ်နေ၍လားရှိုးနှင့်သိန်းနီမြို့တို့အကြား၊ ကွတ်ခိုင်မြို့ရှောင်လမ်းနှင့် ၁၀၅ မိုင်တို့တွင် ကားများကိုပိတ် ထားပြီး အဆင်းကား၊ အတက် ကား အသုတ်လိုက်ခွဲကာ လွှတ် ပေးနေရကြောင်း ဦးဇော်မင်းက ပြောသည်။

‘‘ယာဉ်ကြောကြီးက တစ် ကြောကြီးလုံးဖြစ်နေပြီ။ ကွတ်ခိုင် ကတ္တားကနေတားထားတာ ကွတ် ခိုင်မြို့ထဲအ၀င်အထိ။ တစ်ခါမြို့ ထဲအ၀င်အထိကနေဒီဘက် သိန်း နီဘက်ကနေ တက်မယ်ဆိုရင် ကွတ်ခိုင်မြို့အ၀င်ကနေ လွိုင် ဆမ်စစ်ကျော်ကျော်အထိ ကား တန်းကြီးကရှိတယ်ဗျ။ ကားလေး ကစ ပေးမလွှတ်ဘူး။ တားထား တာရှိတယ်။ လားရှိုးမြို့ရှောင် လမ်းကနေ တားထားတာကလည်း ကားတန်းကမယ်ဟန်ရွာ အထိရှိတယ်။ ဖရဲ၊ သခွားတွေ၊ ရေထွက်ကုန်တွေ အပျက်အစီးရှိတယ်’’ဟု ကိုနိုင်လင်းက ပြောသည်။

အဆိုပါယာဉ်ကြောပိတ်ဆို့ မှုကြောင့် ကုန်တင်ယာဉ်မောင်း နှင်သူများသည် ခရီးစရိတ် ပိုမိုကုန် ကျနေပြီး ယာဉ်ကြောပိတ်၍ ရပ် နားနေရသည့်နေရာများတွင် အ စားအသောက်များကို ဈေးကြီးပေးကာ  ၀ယ်စားနေရကြောင်းသတင်းရရှိသည်။

SIURCES 7 DAY

No comments:

Post a Comment