Latest News

Sunday, December 18, 2016

ဟုမ္မလင်းတွင် စည်းကမ်းချက်နှင့် မညီသော ရွှေတူးဖော်ရေး ကုမ္ပဏီများကို ပိတ်သိမ်းသည်အထိ အရေးယူမည်

ဟုမ္မလင်းတွင် စည်းကမ်းချက်နှင့် မညီသော ရွှေတူးဖော်ရေး ကုမ္ပဏီများကို ပိတ်သိမ်းသည်အထိ အရေးယူမည်


ကလေး၊ ဒီဇင်ဘာ  ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ရှိ ရွှေတူးဖော်သည့် လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီများအနက် စည်းကမ်းနှင့် မကိုက်ညီဘဲ လုပ်ကိုင်နေသည့်  ရွှေတူးဖော်ရေး ကုမ္ပဏီများကို ပိတ်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့မှ စတင်၍ ဒီဇင်ဘာ ၁၆ ရက်နေ့အထိ ဟုမ္မလင်း မြိုနယ်သို့ ဝန်ကြီးချုပ်က သွားရောက်ခဲ့ပြီး ဟုမ္မလင်းမြို့နယ်ရှိ ရွှေတူးဖော်ရေး လုပ်ငန်းများကို စစ်းဆေးခဲ့ကြောင်း၊ တရားမဝင် ရွှေတူးဖော်မှုနှင့် တရားဝင် ရွှေတူးဖော်သည့် ကုမ္ပဏီများ စည်းကမ်းနှင့် မကိုက်ညီစွာ တူးဖော်နေမှုကြောင့် ကျေးရွာနေအိမ်များ ထိခိုက်ခြင်း၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံးနေခြင်းတို့ကို မြင်တွေ့ခဲ့ရပြီးနောက်  ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဟုမ္မလင်းမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးကျော်ဌေးလွင်က ရှင်းပြသည်။
“တရားမဝင် ရွှေမျေားတွေကို ပိတ်ဖို့ ပြောသွားတယ်၊ တရားဝင် ရွှေမျောတွေ ကျတော့လည်း စည်းကမ်းနဲ့ မညီညွတ်တာတွေ တွေ့လို့ ရပ်ဆိုင်းထားဖို့ ပြောသွားတယ်” ဟု ၎င်းက ပြောဆိုသည်။

ဟုမ္မလင်းမြို့နယ်အတွင်း တရားဝင် ရွှေတူးဖော်သည့် လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီပေါင်း ၁ဝဝ ကျော် ရှိပြီး ကုမ္ပဏီအများစုမှာ စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီစွာ ရွှေတူးဖော်မှု လုပ်ငန်းများ လုပ်ကိုင်နေကြောင်း၊ ယင်းသို့ လုပ်ကိုင်နေမှုကြောင့် သဘာဝပတ်ဝန်းကျင် များစွာ ထိခိုက်ပျက်စီးနေကြောင်း၊ ဟုမ္မလင်းမြို့နယ်မှာ သယံဇာတ ကျိန်စာသင့်သည့် အရပ်ဒေသ ဖြစ်ပြီး  ရွှေမျောများ ပိတ်လိုက်သည့်အတွက်  လတ်တလောတွင် အကျပ်အတည်းများ တွေ့နိုင်သော်လည်း အနာဂတ် မျိုးဆက်များအတွက် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ခွင့်ပြုသက်တမ်း ကုန်ပေမယ့် ဆက်လုပ်နေတဲ့ ကုမ္ပဏီတွေ ရှိတယ်၊ တချို့ကုမ္ပဏီတွေကျတော့ လုပ်ကွက်ဘေးမှာ ခိုးပြီး လုပ်နေတာတွေ၊ အချို့ကုမ္ပဏီကျတော့ လုပ်ကွက်ရတယ်ဆိုပြီး ဒေသခံတွေကို ပြန်လုပ်ဆိုပြီး လုပ်ကွက်ရိုက်ပြီး ပြန်ရောင်းစားတာတွေ ရှိတယ်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု များပြီး ပြည်သူကို အကျိုး ပုနည်းတဲ့ ရွှေတူးဖော်မှုလုပ်ငန်း ခွင့်ပြုမယ် ဆိုရင်လည်း သေသေချာချာ စိစစ်ပြီးမှ ခွင့်ပြုသင့်တယ်” ဟု ဟုမ္မလင်းလူငယ် ကွန်ရက်မှ ဦးဖုန်းခန့်ဇော်က ပြောဆိုသည်။  

SOURCESTHE VOICE

No comments:

Post a Comment