ဘရာစီယာ သောင်းနဲ့ချီ လှန်းထားတဲ့ ခြံစည်းရိုး
နယူးဇီလန်နိုင်ငံ အဝေးပြေးလမ်းကြီးတစ်ခုရဲ့ ဘေးမှာ ဘရာစီယာရောင်စုံထည်ပေါင်း များစွာလှန်းထားတဲ့ ခြံစည်းရိုးတစ်ခု ရှိပါတယ်။
နယူးဇီလန်နိုင်ငံ၊ အော်တာဂိုအရပ်မှာ ရှိတဲ့ ခြံစည်းရိုးဟာ သာမန်ခြံစည်းရိုးမဟုတ်ဘဲ ဘရာစီယာပေါင်း သောင်းနဲ့ ချီရှိတာကြောင့် နာမည်ကျော်ပါတယ်။ ဘာကြောင့် ခြံစည်းရိုးပေါ်မှာ ဘရာစီယာများစွာ ရှိနေရတာပါလိမ့်။
၁၉၉၈ နဲ့ ၁၉၉၉ ခုနှစ်အတွင်း အဆိုပါ အရပ်ကို ရောက်လာခဲ့ကြတဲ့ ခရီးသွားအချို့က အဲဒီခြံစည်းရိုးပေါ်မှာ ဘရာစီယာ တစ်ထည်စ၊ နှစ်ထည်စ ချိတ်သွားခဲ့တာကစလို့ ဒီအလေ့အကျင့် ဖြစ်လာတာပါ။ ကာဒရိုနာ တောင်ကြားနဲ့ ကားလမ်းမကြီးကို ပိုင်းခြားထားတဲ့ ခြံစည်ရိုးတစ်လျှောက်မှာ ဘရာစီယာ ရောင်စုံထည်တွေကို မြင်တွေ့နိုင်ပါတယ်။ နောက်ပိုင်း ဖြတ်သွား ဖြတ်လာ ခရီးသွားတွေကလည်း အဲဒီအရပ်ရောက်ရင် ကိုယ့်မှာ ပါလာတဲ့ ဘရာစီယာ တစ်ထည်လောက်တော့ ချွတ်ပြီး ချိတ်ခဲ့လိုက်ရမှ ကျေနပ်တယ်လို့ ဆိုကြပါတယ်။
အမျိုသမီးလေးဦးက အဲဒီခြံစည်းရိုးပေါ်မှာ ဘယာစီယာလေးထည် ချိတ်သွားခဲ့တာကစလို့ နောက်ပိုင်း ဘယာစီပေါင်း သောင်းနဲ့ချီတဲ့အထိ ရှိလာပါတယ်။ ဘာအဓိပ္ပါယ်နဲ့ လုပ်ကြသလဲဆိုတာကိုတော့ ဘယ်သူမှ တိတိကျကျ မပြောကြသေးပါဘူး။
Source : Wikipedia : duwun
Photos : hallohalloo
Sunday, December 18, 2016
ဘရာစီယာ သောင်းနဲ့ချီ လှန်းထားတဲ့ ခြံစည်းရိုး
ဘရာစီယာ သောင်းနဲ့ချီ လှန်းထားတဲ့ ခြံစည်းရိုး
Reviewed by Ar Ti
on
5:42 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment