Latest News

Sunday, December 18, 2016

မတ်လထဲမှာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ

မတ်လထဲမှာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ

သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပမယ်လို့ သိရပါတယ်။

၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ် မတ်လမှာ ကျင်းပမယ်လို့ သိရပါတယ်။ မတ်လ(၁၈)ရက်နေ့မှာ ပြုလုပ်မယ့် အကယ်ဒမီပေးပွဲကို သုဝဏ္ဏအားကစားရုံ(၁)မှာ ကျင်းပဖို့အတွက် လျှောက်လွှာ တင်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၆ခုနှစ်အတွင်း နိုဝင်ဘာလကုန်အထိ ရုံတင်ပြသတဲ့ စာရင်းအရ ရုပ်ရှင် ဇာတ်ကား ၃၀ကျော်  ရှိပြီး ရုပ်ရှင် အကဲဖြတ်အဖွဲ့ဝင်များက ဒုတိယအကြိမ်အထိ ကြည့်ရှုပြီးပြီလို့ သိရပါတယ်။

အကယ်ဒမီစာရင်းဝင်ရုပ်ရှင်ဇာတ်ကားတွေထဲကမှ ဆန်ကာတင်စာရင်းတွေကိုတော့ တရားဝင်ထုတ်ပြန်မှာ မဟုတ်ဘူးလို့လည်းသိရပါတယ်။ ပရိသတ်တွေကတော့ ဘောစီရုပ်ရှင်ဇာတ်ကားနဲ့ တက္ကသိုလ် ဂွမ်းပုံကို အထူးဆုရရှိနိုင်ပြီး အမျိုးသမီးဇာတ်ပို့ဆုအတွက်ကတော့ "ငဘ" ရုပ်ရှင်နဲ့ အေးမြတ်သူကို တစ်ပေးထားတယ်လို့ သိရပါတယ်။

Source : Morning Post Journal:Duwun

No comments:

Post a Comment