ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ တရားမဝင် တင်လာသည့် မီးသွေးအိတ်များ ဖမ်းမိ
နတ်မောက်၊ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ရှောင်တခင် စစ်ဆေးခဲ့ရာ ခရီးသည်တင် မှန်လုံယာဉ် တစ်စီးပေါ်မှ တရားမဝင် တင်ဆောင်လာသည့် မီးသွေးအိတ်များ ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။
မကွေး-နတ်မောက် ကားလမ်း မိုင်တိုင်အမှတ် ၆၃/၇ အနီးတွင် မင်းဘူးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံအမြန်ယာဉ်မှ မီးသွေးအိတ်ပေါင်း ၁၀၀ ခန့် ၁၆ ဒသမ ၆၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး ယင်းသို့ သယ်ဆောင်သည့်ယာဉ်မောင်းကို သစ်တောဥပဒေ ပုဒ်မ ၄၁ (က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဌာနမှ စုံစမ်းသိရှိရသည်။
R-02
SOURCESTHE VOICE
Subscribe to:
Post Comments (Atom)
No comments:
Post a Comment