Latest News

Wednesday, December 28, 2016

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများ ချက်ပြုတ် စားသောက်ရာ၌ သတိပြုစရာများ

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများ ချက်ပြုတ် စားသောက်ရာ၌ သတိပြုစရာများ



နေ့စဉ်စားသောက်တဲ့ အစားအစာတွေမှာ ရောဂါ ကာကွယ်နိုင်တဲ့ ဗီတာမင် ဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို စားသုံးဖို့ လိုအပ်ပါတယ်။

ဒါတွေကို စားသုံးတဲ့အခါမှာ သဘာဝအတိုင်း မဟုတ်ဘဲနဲ့ ပြုပြင်ထားတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေ၊ ပိုးသတ်ဆေးနဲ့ ဓာတ်မြေဩဇာ စတဲ့ ဓာတုပစ္စည်းတွေ ပါဝင်တာတွေကို စားသုံးမိတဲ့ အခါမှာတော့ ဝမ်းပျက်ဝမ်းလျှော၊ ဗိုက်ရစ်နာ၊ အော့အန်၊ ခေါင်းကိုက် မူးဝေတာတွေ ဖြစ်ပေါ်လာနိုင်ပြီးတော့ နောက်ပိုင်းမှာ ဦးနှောက်နဲ့ အာရုံကြော ထိခိုက်တာတွေ၊ မျိုးပွားနိုင်စွမ်း လျော့နည်းတာတွေ၊ သန္ဓေသား ချို့ယွင်းတာတွေ၊ နှင်းခူရောဂါတွေနဲ့ ကင်ဆာရောဂါ စတာတွေ ဖြစ်ပွားနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းစေဖို့ ဝါဝင်းနေအောင် ပြုလုပ်ထားတဲ့ သစ်သီးတွေကို စားသုံးခြင်းကနေ ရှောင်ကြဉ်ဖို့၊ စိုက်ခင်းတွေမှာ အသုံးပြုတဲ့ ပိုးသတ်ဆေးတွေနဲ့ ဓာတုပစ္စည်းတွေ အစားအသောက်ထဲမှာ မပါဝင်စေဖို့ ဟင်းသီးဟင်းရွက်တွေကို မလှီးဖြတ်ခင်မှာ ရေသန့်သန့်နဲ့ စင်ကြယ်စွာ ဆေးကြောပြီးမှ ချက်ပြုတ်စားဖို့၊ အစိမ်းစားမယ့် ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေကိုလည်း ရေသန့်သန့်နဲ့ အထပ်ထပ်ဆေးပြီးမှ စားသုံးဖို့ လိုအပ်ပါတယ်။

Sources - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန The Voice


No comments:

Post a Comment