Latest News

Sunday, December 18, 2016

ဝက်စ်ဘရွန်းနှင့် ပွဲအပြီး မန်ယူတစ်သင်းလုံး ပရိသတ်များကို ဂျာစီလက်ဆောင် ပေးရသည့် အကြောင်းရင်း

ဝက်စ်ဘရွန်းနှင့် ပွဲအပြီး မန်ယူတစ်သင်းလုံး ပရိသတ်များကို ဂျာစီလက်ဆောင် ပေးရသည့် အကြောင်းရင်း

ပွဲအပြီးမှာ မန်ယူကစားသမားတွေက ပရိသတ်တွေထံ ဂျာစီချွတ်ပြီး ပေးခဲ့တာဖြစ်ပါတယ်။
     
ယမန်နေ့ညက ဝက်စ်ဘရွန်းကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ မန်ယူတစ်သင်းလုံး အင်္ကျီဂျာစီတွေချွတ်ပြီး ပရိသတ်တွေထံ လက်ဆောင်ပေးခဲ့ရတဲ့ အကြောင်းရင်းကို နည်းပြမော်ရင်ဟိုက ရှင်းပြလိုက်ပြီဖြစ်ပါတယ်။

လက်ရှိအချိန်ဟာ ခရစ္စမတ်ကာလဖြစ်တဲ့အတွက် ဒီကာလမှာ လက်ဆောင်တွေပေးကြတဲ့ထုံးစံကို လိုက်နာပြီး အဝေးကွင်း လိုက်လံ အားပေးတဲ့ ပရိသတ်တွေကို ကစားသမားတွေရဲ့ ဂျာစီလက်ဆောင်ပေးဖို့ ပွဲမတိုင်ခင် ညွှန်ကြားထားခဲ့တာဖြစ်ကြောင်း မော်ရင်ဟိုက ရှင်းပြပါတယ်။ ပွဲကစားပြီးခါစမှာ ကစားသမားတွေရဲ့ ချွေးတွေမခြောက်သေးတဲ့ ဂျာစီဟာ အသင်းပရိသတ်တွေအတွက် အဓိပ္ပါယ်အများကြီး ရှိတယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။

" ကျွန်တော်သူတို့ကို ပြောထားပါတယ်။ အခုက ခရစ္စမတ်ကာလပါ။ ချွေးမခြောက်သေးတဲ့ ကစားသမားတွေရဲ့ ဂျာစီဟာ ပရိသတ်တွေအတွက် အရမ်းကို အဓိပ္ပါယ်ရှိပါတယ်။ မန်ယူကစားသမားတွေကတော့ ပွဲပြီးရင် ဂျာစီကို တာဝန်ရှိတဲ့သူဆီ၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ဆီ၊ ဒါမှမဟုတ် ဝက်စ်ဘရွန်းအသင်း ကစားသမားတစ်ယောက်ယောက်ဆီ ပေးလိုက်မှာပါပဲ။ ဒါပေမယ့် ပရိသတ်တွေအတွက်တော့ အရမ်းကို အဓိပ္ပါယ်ရှိသွားမှာပါ။ လူတိုင်းမရနိုင်တဲ့ အရာဖြစ်လို့ ရသွားတဲ့ပရိသတ်အတွက်တော့ ဝမ်းသာစရာ ဖြစ်မှာပါပဲ" လို့ မော်ရင်ဟိုက ပွဲအပြီးမှာ ပြောပါတယ်။

အဆိုပါပွဲစဉ်မှာ မန်ယူအသင်းဟာ ဝက်စ်ဘရွန်းကို တိုက်စစ်မှူးအီဗရာဟီမိုဗစ်ခ်ျရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ သုံးမှတ်အကွာကို ရောက်လာခဲ့တာဖြစ်ပါတယ်။

Source : BBC : duwun

No comments:

Post a Comment