Latest News

Wednesday, December 28, 2016

"တရားစီရင်ရေးတွင် မသမာမှုများတွေ့ပါက လွှတ်တော်၌ ကြားနာနိုင်ရန် ဆောင်ရွက်မည်ဟု လွှတ်တော်ကော်မတီပြော"



"တရားစီရင်ရေးတွင် မသမာမှုများတွေ့ပါက လွှတ်တော်၌ ကြားနာနိုင်ရန် ဆောင်ရွက်မည်ဟု လွှတ်တော်ကော်မတီပြော"


တရားစီရင်ရေးဖြောင့် မတ်မှန်ကန်မှုရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်တရားသူကြီးများ၊ ဥပဒေအရာရှိများနှင့် ရဲအရာရှိများကို စောင့်ကြည့်၍ မသမာမှုတွေ့ရှိပါက လွှတ်တော်၌ ကြားနာမည် ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ် တော်တရားစီရင်ရေး၊ ဥပဒေစိုးမိုး ရေးနှင့် တိုင်ကြားစာများ၊ အသ နားခံစာများ စိစစ်ရေးကော်မတီမှ သတင်းရရှိသည်။

မြို့နယ်တရားသူကြီးများ၊ ဥပဒေအရာရှိများနှင့် ရဲအရာရှိ များက ပြည်သူများအပေါ် မမှန်မ ကန်ပြုလုပ်ခြင်းများတွေ့ရှိပါက အထက်ပါကော်မတီတွင် အကြိမ် ကြိမ်ဆွေးနွေး၍ လွှတ်တော်သို့ ခေါ်ယူကြားနာမည် ဖြစ်ကြောင်း ယင်းကော်မတီအဖွဲ့ဝင် လှိုင်မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောသည်။

‘‘တရားရေးမဏ္ဍိုင်ကို ၀င် ရောက်စွက်ဖက်ဖို့ မဟုတ်ပါဘူး။ လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ကော်မတီအနေနဲ့ စောင့်ကြည့်ခွင့် ရှိတယ်။ အပြန်အလှန်စစ်ဆေးပြီး မမှန်မကန်ဆောင်ရွက်တာတွေ့ ရင် လွှတ်တော်ကိုခေါ်ပြီး ကြားနာ သွားမယ်’’ဟု ၎င်းက ဆိုသည်။

ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်မြို့နယ် ၄၄ ခုတွင် ကွင်းဆင်း လေ့လာမှုကို လာမည့် ၂၀၁၇ ဇန်န၀ါရီလလယ်တွင် အပြီးလုပ် ဆောင်မည်ဖြစ်ပြီး ကော်မတီ၏ အပြီးသတ်အစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် စတုတ္ထပုံမှန်အ စည်းအဝေးသို့ တင်ပြမည်ဖြစ်ကြောင်း ဦးကျော်ကျော်ထွန်းက ဆိုသည်။

တရားရုံးများတွင် တရားသူ ကြီးများ၏ ဆုံးဖြတ်ချက်ကို လွှတ်တော်ကော်မတီတစ်ရပ်က ခေါ်ယူကြားနာခြင်း၊ မေးမြန်းခြင်းများပြုလုပ်ပါက ပြည်သူလူထုသည် တရားရုံးများကို ယုံကြည်မှုရှိမည်မဟုတ်ဘဲ တရားစီရင်ရေးပျက်ပြားသွားနိုင်ကြောင်းနှင့် ကော်မတီအနေဖြင့် တရားစီရင် ရေးမဏ္ဍိုင်အပေါ် ၀င်ရောက်စွက် ဖက်ခြင်းမပြုသင့်ကြောင်း တရား လွှတ်တော်ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း)က မှတ်ချက်ပြု သည်။

Source: 7 Day

No comments:

Post a Comment