Latest News

Tuesday, December 20, 2016

ထိုင်းနိုင်ငံတွင် လူသတ်မှုကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံထားရသူ တရားခံပြေး တစ်ဦးအား မော်လမြိုင်မြို့၌ ဖမ်းမိ

ထိုင်းနိုင်ငံတွင် လူသတ်မှုကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံထားရသူ တရားခံပြေး တစ်ဦးအား မော်လမြိုင်မြို့၌ ဖမ်းမိ

ထိုင်းနိုင်ငံတွင် လူသတ်၍ထွက်ပြေး တိမ်းရှောင်လာသော ထိုင်းနိုင်ငံသား တရားခံပြေး တစ်ဦးအား ဒီဇင်ဘာ ၁၈ ရက် ည ၆ နာရီ အချိန်က မော်လမြိုင်မြို့ ဖက်ခင်းရပ်ရှိ ရာမညဟိုတယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါ ထိုင်းနိုင်ငံသား တရားခံပြေးတစ်ဦးမှာ မော်လမြိုင်မြို့ဖက်ခင်းရပ်ရှိ ရာမညဟိုတယ်တွင် တည်းခိုနေသည်ဟု သတင်းအရ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ရဲတပ်ဖွဲ့ ဝင်များ၊ မုပွန်နယ်မြေရဲစခန်း စခန်းမှူးနှင့် ရဲတပ်ဖွဲ့ ဝင်များ၊ မွန်ပြည်နယ် လူကုန်ကူးတား တပ်ဖွဲ့စုမှ ဒုတိယရဲမှူးဦးစီး အဖွဲ့နှင့် သက်ဆိုင်ရာနယ်မြေ အုပ်ချုပ်ရေးမှူးများမှ ဟိုတယ်အတွင်း ၀င်ရောက်ရှာဖွေရာ အခန်းအမှတ် (၃၁၅) တွင် ထိုင်းနိုင်ငံ၊ ဖက်ဘူရီခရိုင်၊ ကတ်လိုဝမ်မြို့၊ အမှတ် (၁၇၄)၊ (၂) လမ်းနေ ထိုင်းနိုင်ငံသား ဒေါက်တာဆိုဖာ့ (ခ) နိုင်အောင်မင်း (၆၂) နှစ် (ဘ) ဦးကိတ်၊ မွန်-ထိုင်းလူမျိုး (နှလုံးဆီးချို အထူးကု သမားတော်) ဆိုသူအား တွေ့ရှိ၍ စစ်ဆေးစဉ် ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး သမ်မာဝတ်၊ ရဲအုပ်မစ္စတာ ယပ်ဆက်နှင့် စကားပြန်ဖြစ်သူ ဦးခင်မောင်ချိုတို့ ရောက်ရှိလာပြီး ဒေါက်တာ ဆိုဖာ့ (ခ) နိုင်အောင်မင်းမှာ (၂၀၁၂) ခုနှစ် သြဂုတ်လ အတွင်းက မြန်မာနိုင်ငံသား ခြံအလုပ်သမား ငါးဦးအား လုပ်အားခငွေမပေးဘဲ တုတ်နှင့် ရိုက်၊ ဓါးနှင့်ခုတ်၍ သတ်ဖြတ်ပြီး မီးရှို့ခဲ့သည့် လူသတ်မှုဖြင့် ထိုင်းနိုင်ငံ၊ ဖက်ဘူရီခရိုင် ဖက်ဘူရီ ရဲစခန်းတွင် (ပ) ၄၃၇၇/၂၅၅၆ ဖြင့် ဖမ်းဆီးထားရှိပြီး အာမခံဖြင့် ခံဝန်ပေးထားရှိရာမှ ထွက်ပြေး တိမ်းရှောင်နေသည့် တရားခံပြေး ဖြစ်ကြောင်းနှင့် ၂၀၁၅ ခုနှစ်တွင် ထိုင်းတရားရုံးမှ တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ထားသည့် တရားခံပြေးဖြစ်ကြောင်း၊ ၎င်းအပြင် ထိုင်းနိုင်ငံတွင် လူကုန်ကူးမှုဖြင့် အမှုဖွင့် အရေးယူထားသည့် တရားခံပြေးဖြစ်ကြောင်းနှင့် အခြားအမှုဖြင့် အရေးယူထားမှု မရှိကြောင်းအား မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးအား ရှင်းလင်း တင်ပြခဲ့ကြောင်းကို ရဲမှတ်တမ်းများအရ သိရသည်။


တရားခံပြေး ဒေါက်တာ ဆိုဖာ့ (ခ) နိုင်အောင်မင်းမှာ ယာဉ်အမှတ် KYN-4M/8905 တိုယိုတာဆလွန်း အဖြူရောင် မော်တော်ယာဉ်ဖြင့် မော်လမြိုင်မြို့သို့ ၎င်း၏ ဇနီးဖြစ်သူနှင့်အတူ ရောက်ရှိလာပြီး ရာမညဟိုတယ် အခန်းအမှတ် (၃၁၅) တွင် တည်းခို ရောက်ရှိနေကြောင်း၊ ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှ ဒုတိယရဲမှူးကြီး သမ်မာဝက်နှင့်အဖွဲ့မှာ တရားခံပြေးဖြစ်သူ ဒေါက်တာ ဆိုဖာ့ (ခ) နိုင်အောင်မင်းအား ဖမ်းဆီးရမိနိုင်ရေးအတွက် ဒေါက်တာဆိုဖာ့ (ခ) နိုင်အောင်မင်း၏ မယားငယ်ဖြစ်သူ စီဝါရာ (၃၉) နှစ်က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လေယာဉ်အမှတ် DD/4320 ဖြင့် ထွက်ခွာမည့် သတင်းရရှိခဲ့သဖြင့် အဆိုပါလေယာဉ်ဖြင့် စီဝါရာ မသိအောင် လိုက်ပါခဲ့ပြီး ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း၊ စီဝါရာမှာ ရန်ကုန်မြို့မှ မော်လမြိုင်မြို့သို့  မန္တလာမင်းခရီးသည်တင်ယာဉ်ဖြင့် ထွက်ခွာလာခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးမှာ စကားပြန်ဖြစ်သူ ဦးခင်မောင်ချိုနှင့် ဆက်သွယ် ရရှိခဲ့ပြီး ဦးအားတီ (၄၃) နှစ်၏ ဆက်သွယ်ပေးမှုအရ ဦးခင်မောင်ချို၏ အဆက်အသွယ်ဖြင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်နယ် မြေရဲစခန်းမှူး ရဲအုပ်တင်အောင်စိုးနှင့် ဆက်သွယ် အကြောင်းကြား၍ တရားခံများ ဖမ်းဆီးရမိရေး အကူအညီ တောင်းခံခဲ့ပြီး ဖက်ဘူရီခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး သမ်မာဝတ်၊ ရဲအုပ် မစ္စတာ ယပ်ဆက်နှင့် စကားပြန်ဖြစ်သူ ဦးခင်မောင်ချိုတို့ မှာ ယာဉ်အမှတ် YGN-1J/6446 ရွှေငါးမတ်တူး အမျိုးအစား မော်တော်ယာဉ်ဖြင့် မော်လမြိုင်မြို့သို့ တရားခံပြေးဖြစ်သူ ဒေါက်တာဆိုဖာ့ (ခ) နိုင်အောင်မင်း၏ မယားငယ်စီဝါရာအား နောက်ယောင်ခံ လိုက်လာခဲ့ရာမှ တရားခံအား ဖမ်းဆီးရမိပြီးမှ ထိုင်းနိုင်ငံသံရုံးသို့ ပြန်လည် အကြောင်းကြားမည် ဖြစ်ကြောင်းနှင့် တရားခံပြေး ဖမ်းဆီးရမိရေးအတွက် အရေးပေါ် လတ်တလော အခြေအနေအရ စီဝါရာအား နောက်ယောင်ခံ လိုက်ပါလာခဲ့ခြင်းဖြစ်၍ နိုင်ငံဖြတ်ကျော် သွားလာမှုအား ဆက်သွယ် အကြောင်းကြားနိုင်ခဲ့ခြင်း မရှိကြောင်းကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုင်းနိုင်ငံမှ တရားခံပြေး ဒေါက်တာ ဆိုဖာ့ (ခ) နိုင်အောင်မင်းအား ထိုင်းနိုင်ငံသို့ ဥပဒေနှင့်အညီ လွှဲပြောင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်းနှင့် တရားခံပြေးအား မုပွန်နယ်မြေ ရဲစခန်းတွင် ခေတ္တထိန်းသိမ်း ချုပ်နှောင်ထားကြောင်း သတင်းရရှိသည်။
Writer:
ဘိုဘိုမြင့်
Eleven Media Group

No comments:

Post a Comment