Latest News

Tuesday, December 20, 2016

ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်၊ မိသားစု ၃ ဦးသေဆုံး

ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်၊ မိသားစု ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ စကားကုန်းအုပ်စု၊ ယင်းခဲကျေးရွာဘေး ရွှေကူ ကသာ ကားလမ်းမပေါ်မှာ ဒီဇင်ဘာလ ၂၀ ရက်နေ့ည ၁၀ နာရီလောက်က ကားနဲ့ ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိလို့ မိသားစုဝင် ၃ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။

ယာဉ်မောင်းချစ်မင်းထွန်း မောင်းနှင်ပြီး ရန်မျိုးနိုင် လိုက်ပါလာတဲ့ ၈ (ဈ) / ၉၄၆၁ ဆန်နီအမျိုးအစား ၁၀ ဘီးကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။

ဆိုင်ကယ်စီးနင်းလာသူ ရွှေကူမြို့နယ် ရွှေညောင်ပင်ကျေးရွာက ကိုအောင်ကို ၃၇ နှစ် ဇနီးဖြစ်သူ မတင်ဌေး ၃၅ နှစ်နဲ့ သားဖြစ်သူ မောင်ပေါက်စ ၄ နှစ်တို့ မိသားစု ၃ ဦးဟာ ဦးခေါင်းပိုင်း ထိခိုက်ဒဏ်ရာတွေ ရရှိပြီး သေဆုံးခဲ့ကြပါတယ်။

ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်နှစ်ဦးလည်း ကားရှေ့ပိုင်း ပိန်ရှုံ့ပြီး ညှပ်မိနေတာကြောင့် ဘက်ဟိုးကားနဲ့ ဆွဲလှန်ပြီး ကယ်ထုတ်ခဲ့ရာမှာ မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ယာဉ်မောင်း ချစ်မင်းထွန်း မြောင်းတော်လှကျေးရွာ ဝမ်းတွင်းမြို့နယ် နေသူကို ကသာမြို့မ ရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။

Sources :  (ကသာ)သီဟဆွေ dvb

No comments:

Post a Comment