Monday, December 12, 2016
ပြည်တွင်း အခြေခံစားသောက်ကုန်ဈေးကွက်တွင် ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်
ပြည်တွင်း အခြေခံစားသောက်ကုန်ဈေးကွက်တွင် ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်
မြန်မာပြည်တွင်းက ကုန်စည်ဒိုင်ကြီးတချို့မှာ အရောင်းအဝယ်ဖြစ်နေပြီး အခြေခံစားသောက်ကုန် ဈေးကွက်မှာ ဈေးနှုန်းအပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မီးဖိုချောင်သုံး စားသောက်ကုန်တွေဖြစ်တဲ့ ကြက်သွန်နီ ၁ ပိဿာ ကို ၂၇၅ ကျပ်ကနေ ၁၀၂၅ ကျပ်ကြား အရောင်းအဝယ် ဖြစ်နေပါတယ်။
အာလူးကတော့ ၁ ပိဿာကို ၃၂၀ ကျပ်နဲ့ ၉၂၀ ကျပ်ကြား အရောင်းအဝယ်ဖြစ်ပါတယ်။
အာလူးနဲ့ ကြက်သွန်က ၁ ပိဿာကို ၂၀၀ လောက် ဈေးကျသွားတယ်လို့ ဘုရင့်နောင် ကုန်စည်ဈေးနှုန်းတွေအရ သိရပါတယ်။
မန္တလေးကုန်စည်ဈေးကွက်မှာတော့ ၄၅ ပိဿာဝင် စမုံ(နှမ်းနက်) ၁ အိတ်ကို ကျပ် ၁ သိန်း ၄ သောင်းကနေ ၁ သိန်း ၅ သောင်းထိ အရောင်းအဝယ်ဖြစ်ပါတယ်။
ပေါ်ဆန်းဆန်ဈေးတွေကတော့ ၁ အိတ်ကို ကျပ် ၃ သောင်းကနေ ၄ သောင်း ၅ ထောင် ဖြစ်တယ်လို့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ပါတယ်။
မူဆယ်-လားရှိုး ကုန်စည်ဈေးကွက်မှာတော့ ပြောင်း ၁ ပိဿာကို ၃၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။
ပြည်ပကိုတင်ပို့တဲ့ ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲကတော့ ၁ တန်ကို ကျပ် ၁ သိန်း ၇ သောင်း ရှိပါတယ်။ ပဲတီစိမ်းကတော့ ၁ တန်ကို ကျပ် ၈ သောင်း ၄ ထောင့် ၅ ရာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကထက် ၄ သောင်းနီးပါး ဈေးတက်လာပါတယ်။
Sources ; DVB
ပြည်တွင်း အခြေခံစားသောက်ကုန်ဈေးကွက်တွင် ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်
Reviewed by Ar Ti
on
9:01 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment