Latest News

Monday, December 12, 2016

မြိတ်ကျွန်းစုကို ယူနက်စကို စာရင်းဝင်ဖြစ်လာဖို့ ဆောင်ရွက်မယ်

မြိတ်ကျွန်းစုကို ယူနက်စကို စာရင်းဝင်ဖြစ်လာဖို့ ဆောင်ရွက်မယ်

ကျွန်းပေါင်း ၈၀၀ ကျော်ရှိတယ်။
 
တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ကျွန်းစုဒေသတွေကို (ယူနက်စကို) ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာစေဖို့ ဆောင်ရွက်မယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားထားပါတယ်။

ကော့သောင်းနား အနီးတစ်ဝိုက်နဲ့ ထားဝယ်နားအနီးတစ်ဝိုက်ကျွန်းတွေကို အသုံးချပြီး ကျန်နေတဲ့ကျွန်းတွေ ကို ယူနက်စကိုရဲ့ အစီအစဉ်နဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းထဲထည့်ကာ ထိန်းသိမ်းရင် ကောင်းမယ်လို့ စဉ်းစားမိတာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောထားတာ ဖြစ်ပါတယ်။

အဆိုပါဒေသမှာ ကျွန်းပေါင်းက ၈၀၀ ကျော်ရှိတာကြောင့် ကျွန်းတွေအားလုံးကို အသုံးချဖို့ မဖြစ်နိုင်ဘဲ အသုံးချလို့ရတဲ့ ကျွန်းတွေကိုသာ ခရီးသွားလုပ်ငန်းအတွက် အသုံးချမှာဖြစ်ပြီး ကျန်ရှိတဲ့ကျွန်းတွေ ထိန်းသိမ်းဖို့  အစိုးရအဖွဲ့အစည်းအဝေးကို တင်ပြမယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ပုဂံရှေးဟောင်းဒေသကို ယူနက်စကို စာရင်းဝင်ဒေသဖြစ်ဖို့ ဆောင်ရွက်နေပြီး နေရာဒေသတစ်ခုကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဆောင်ရွက်ရေးကိစ္စဟာ အဆင့်ပေါင်းများစွာ လိုအပ်တယ်လို့လည်း သိရပါတယ်။

Source: 7Day Daily
Photos: Myanmar

No comments:

Post a Comment