Latest News

Monday, December 19, 2016

ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ဝယ်လိုအားကျဆင်းလာပြီးငွေလဲနှုန်းလဲလျော့ကျ

ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ဝယ်လိုအားကျဆင်းလာပြီးငွေလဲနှုန်းလဲလျော့ကျ

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ။ ။ ငွေကြေးဈေးကွက်အတွင်းအမေရိကန်ဒေါ်လာဝယ်လိုအား ကျဆင်းလာတာ ကြောင့်အမေရိကန်ဒေါ်လာငွေလဲနှုန်းတွေလဲကျဆင်းလာပါတယ်လို့ဈေးကွက်အတွင်းကသိရပါတယ်။

“ကားလိုင်စင်လျှောက်ဖို့ဘဏ်မှာနိုင်ငံခြားငွေစာရင်းအပ်နှံဖို့အတွက်ဝယ်ကြတယ်၊ဝယ်လိုအားကကားကခါတော်မှီဖြစ်တော့ဘယ်အချိန်ပဲဖြစ်ဖြစ်အချိန်နဲ့တပြေညီလျှောက်ရမယ်ဆိုတော့ဒေါ်လာဘယ်လောက်တက်တက်ဝယ်ရတာပေါ့၊အကျကိုမစောင့်နိုင်ဘူး။ခုလဲကာလတစ်ခုပြီးသွားတော့ဒေါ်လာဈေးကပြန်အေးသွားတာပေါ့”လို့အမေရိကန်ဒေါ်လာနှင့်ပို့ကုန်ငွေကြေးသုံးသပ်သူဦးစန်းဝင်းကပြောပါတယ်။

ဒီဇင်ဘာလအတွင်းpersonal permit ကားလိုင်စင်လျောက်ထားသူတွေ ၂၃ ရက် dead line နီးကပ်လာခြင်း၊Importer အများစုမှာလည်း ဒေါ်လာဈေးအဆမတန် တက်မှုကြောင့်အဝယ်ရပ်ထားရခြင်း၊ စတဲ့အချက်တွေကြောင့်ဈေးကွက်အတွင်းအမေရိကန်ဒေါ်လာဝယ်လိုအားကျဆင်းပြီးငွေလဲနုန်းတွေလဲလျော့ကျလာပါတယ်။

ဒါ့အပြင်ဈေးကွက်သဘောတရားအရအတက်တန်းမှာကြာနေပြီဖြစ်နေတာကြောင့်ပြည်တွင်းငွေလဲနန်းတွေကကျဆင်းရမယ့်အချိန်ကျုရောက်နေပြီဖြစ်တယ်လို့သုံးသပ်ပြပါတယ်။

အမေရိကန်ဒေါ်လာပြည်တွင်းလဲလှယ်နှုန်းဟာတစ်ဒေါ်လာကိုကျပ် ထောင့်လေးရာငါးဆယ်ဝန်းကျင်အထိမြင့်တက်ခဲ့ပြီးနောက်ယနေ့မှာတော့ ကျပ် ထောင့်လေးရာဝန်းကျင်ကိုပြန်လည်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် ဘဏ်လိုင်စင်ရထားသော ဘဏ်(၁၃) ခုအား import & export လုပ်ငန်းရှင်တွေအတွက်နိုင်ငံခြားငွေaccountဖွင့်ခွင့်ပေးမယ်လို့သိရပြီးပြည်တွင်းလုပ်ငန်းရှင်များအားဒေါ်လာဖြင့်ငွေချေးခွင့်ပေးမယ်လို့သိရပါသည်။

ဒါ့ကြောင့်ဈေးကွက်အတွင်းဒေါ်လာ supply များလာနိုင်ပါတယ်။

လုပ်ငန်းရှင်အများစုကလည်း တရုတ်နှစ်ကူးနားမှာ ဒေါ်လာဈေးအကျဆုံးရှိနိုင်မယ်လို့ယူဆချက်တွေရှိနေတာကြောင့်အမေရီကန်ဒေါ်လာလဲလှယ်နုန်းဟာအကျပိုင်းကိုရောက်ရှိနိုင်တယ်လို့သုံးသပ်ကြပါတယ်။

Sources ; Kumudra မိုးသိင်္ဂီေီေီဇော်

No comments:

Post a Comment