Latest News

Monday, December 19, 2016

သိပ္ပံပညာရှင်ကြီး အက်ဒီဆင်ပေးခဲ့တဲ့ ဘ၀သင်ခန်းစာ

သိပ္ပံပညာရှင်ကြီး အက်ဒီဆင်ပေးခဲ့တဲ့ ဘ၀သင်ခန်းစာ



အက်ဒီဆင်ကိုတော့ လူတိုင်း သိကြပါလိမ့်မယ်။ တီထွင်သူ သိပ္ပံပညာရှင်ကြီးပါ။ ကင်မရာ၊ လှုပ်ရှားမှုတွေ ပါဝင်တဲ့ ဗွီဒီယို
ရိုက်စက်၊ မီးသီး စတဲ့ အမျိုးအမည်ပေါင်း ထောင်ချီ တီထွင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ အခုတီထွင်လိုက်၊ အက်ဒီဆင်ဟာ အမျိုးအမည်တစ်ခုကို ချက်ချင်းတီထွင် ချက်ချင်း အောင်မြင်တာ မဟုတ်ပါဘူး။ စမ်းသပ်မှုတွေ အကြိမ်ကြိမ် ကျော်ဖြတ်ပြီး မဆုက်မနစ်သော ဇွဲ၊ လုံ့လ၊ ၀ီရိယနဲ့ ကြိုးစားခဲ့ရတာပါ။

တစ်နေ့တော့ အက်ဒီဆင်ဟာ ပစ္စည်းတစ်မျိုးကို သဲကြီးမဲကြီး တီထွင်နေပါတယ်။ သူ တီထွင်တဲ့ ပစ္စည်းဟာ အောင်မြင်မှု မရသေးဘဲ အကြိမ်ပေါင်း တစ်ထောင်ကျော်တဲ့အထိ အောင်မြင်မှု မရသေးပါဘူး။ ကြာတော့ အက်ဒီဆင့်ဆီကို လာပြီး ပညာသင်နေတဲ့ တပည့်လေးက စိတ်ပျက်လက်ပျက် စကားတစ်ခွန်းပြောပါတယ်။

” ဆရာရေ  … ဒီမှာ အကြိမ်တစ်ထောင်လောက် တီထွင်စမ်းသပ်ခဲ့တာတောင် အခုထက်ထိ အောင်မြင်မှု မရသေးဘူး … ကျွန်တော်တို့ အချိန်တွေ တော်တော်ဖြုန်းခဲ့မိတာပဲဗျာ … အားလုံး အချည်းအနှီးပဲ”ဆိုပြီး ပြောပါတယ်။ အက်ဒီဆင်က သူ့တပည့်ကို ပြုံးပြီးကြည့်တယ်။ နောက် လေးလေးပင်ပင် ပြောတယ် … ” အချည်းအနှီးမဖြစ်ပါဘူး ငါ့တပည့်ရာ … အ
နည်းဆုံးတော့ ဒီအကြိမ်တစ်ထောင်လောက် လုပ်ခဲ့တဲ့ စမ်းသပ်မှုတွေဟာ … ဒီပစ္စည်းကို တီထွင်လို့မရဘူးဆိုတာ ငါတို့ ကောင်းကောင်ကြီး သိခဲ့ပြီးပြီလေ … “လို့ ဆိုပါတယ်။ အဲဒီတော့မှ တပည့်ကလေးဟာ ဆရာကြီးရဲ့ လုပ်ငန်းအပေါ်မှာ ခံယူတဲ့ သဘောထားကို လေးစားသွားရတယ်လို့ ဆိုပါတယ်။

အက်ဒီဆင်က လူတွေရဲ့ အဓိက အားနည်ချက်က အလွယ်တစ်ကူ စွန့်လွှတ်ချင်တဲ့စိတ်၊ အရှုံးပေးချင်တဲ့ စိတ်လို့ ဆိုပါတယ်။ တစ်ကြိမ်နဲ့ မအောင်မြင်ရင် နှစ်ကြိမ်လောက်ထိတော့ ကြိုးစားချင် ကြိုးစားကြမယ်၊ သုံးကြိမ်လောက်ဆိုရင် လုပ်သာ လုပ်နေရတယ် စိတ်က မပါတော့ဘူးဆိုတဲ့ အထဲက ဖြစ်ပါတယ်။

အက်ဒီဆင်ကတော့ ဒီလို မဟုတ်ပါဘူး။ သူ လုပ်မယ့်အရာတစ်ခုကို ရေကုန်ရေခမ်း လုပ်ပါတယ်။ ဒါပေမယ့် နည်းလမ်း တစ်ခု ရှိပါတယ်။ သူက တစ်ကြိမ်နဲ့ မအောင်မြင်လို့ နောက်တစ်ကြိမ် လုပ်မယ်ဆိုရင် အရင်ကြိမ်နဲ့ မတူညီတဲ့ နည်းလမ်းကိုသာ စဉ်းစားတာပါ။ အရင်ပုံစံအတိုင်းပဲ မအောင်မြင်မှန်းသိရက်နဲ့ ထပ်ကာထပ်ကာ လုပ်နေတာမျိုးမဟုတ်ပါဘူး။

အက်ဒီဆင်က မတူညီတဲ့ နည်လမ်းတွေနဲ့ သူတီထွင်လိုရာကို ကြိုးစားပမ်းစား တီထွင်ပါတယ်။ ဒါဟာ အချိန်ဖြုန်းတာ မ
ဟုတ်ပါ။ အက်ဒီဆင်ပြောသလိုပဲ အနည်းဆုံးတော့ ဒီတီထွင်မှုအတွက် အသုံးမ၀င်တဲ့ အရာတွေကို သိသွားရတာပါဘဲ။ ဒါက သိပ်ကို အဖိုးတန်တဲ့ ကိုယ့်လုပ်အားနဲ့ ရယူလိုက်ရတဲ့ ပညာပါ။

ကျွန်တော်တို့ အညာဘက်မှာ ကျွန်တော်တို့ ဆယ်တန်းတုန်းက အဖြစ်အပျက်လေးကို ပြန်ပြီး မှတ်မိပါသေးတယ်။ ကျ
နော်တို့ ဆယ်တန်းဖြေတော့ ကျနော်တို့ထက် အသက် 20 လောက်ထိ ကြီးမယ့် အမျိုးသားတစ်ယောက် ကျွန်တော်တို့နဲ့အတူတူ ဆယ်တန်းလိုက်ဖြေပါတယ်။ အားလုံးက ချီးကျူးကြပါတယ်။ ဒီလူ အတော်ဇွဲကောင်းတဲ့သူပေါ့။ တကယ်လည်း သူက အရင်တုန်းကတည်း ဆယ်တန်းကို ဆယ်ကြိမ်လောက် ၀င်ဖြေဖူးခဲ့သူ ဖြစ်ပါတယ်။ ဆယ်တန်းကို ဇွဲရှိရှိနဲ့ ဖြေနေသူလို့ အများက သတ်မှတ်ကြပါတယ်။

ကျွန်တော့် အတွေးကတော့ သူများနဲ့ မတူပါဘူး။ ဒီလူကမှ တကယ့်ကို အချိန်နဲ့ ငွေ ဖြုန်းနေတဲ့သူလို့ ကျွန်တော်ကတော့
မြင်ပါတယ်။ အကြောင်းကတော့ သူကိုယ်တိုင် ဆယ်တိုက်လိုက်ဖြေတာ မှန်ပေမယ့် နှစ်စဉ်နှစ်တိုင်း စာမေးပွဲအတွက် ပြင်ဆင်တယ်ဆိုတာ လုံးဝ မရှိခဲ့ပါဘူး။ သူများတွေ ဆယ်တန်းစာမေးပွဲ သွားဖြေတော့မယ်ဆိုမှာ ထွန်ဖြုတ်ပြီး ဘော့ပင်နဲ့ ခဲတံတွေ ကသုတ်ကယတ် ၀ယ်ပြီး စာမေးပွဲလိုက်ဖြေသူ ဖြစ်ပါတယ်။

စာမေးပွဲအတွက် ဘာမှ ပြင်ဆင်မထားတဲ့သူက စာမေးပွဲဝင်ဖြေရင်တော့ အပိုအလုပ်ပါဘဲ။ တစ်နှစ် နှစ်နှစ် သုံးနှစ် … ဒီအတိုင်းသာ ဆက်သွားနေတဲ့ ဒီလူ အချိန်တွေ အတော်လေး နှမြောစရာကောင်းနေပါပြီ။ သူ့ကို မေးကြည့်တယ်။ ဘာလို့ စာမေးပွဲကို စာမလုပ်ဘဲ လိုက်ဖြေနေရတာလဲလို့ မေးတော့ သူက ပြန်ဖြေတယ် … ကံကောင်းထောက်မပြီး အောင်မလားလို့ပါ-တဲ့။ သြော် .. အများက အထင်ကြီးနေတဲ့ ဇွဲကောင်းလိုက်တဲ့လူဆိုတဲ့ ဂုဏ်ပုဒ်တောင် ပျောက်သွားပါတယ်။ သူက
စာမေးပွဲအတွက်လည်း ဘယ်တုန်းကမှ မပြင်ဆင်ခဲ့သလို၊ အချောင် အောင်မလားလို့တောင် မှန်းနေပါသေးတယ်။

သူနဲ့ အက်ဒီဆင်နဲ့ကျတော့ တစ်ခြားဆီပါ။ အက်ဒီဆင်က ဘယ်လောက်ပဲ ကျရှုံးသည်ဖြစ်စေ မတူညီတဲ့ နည်းလမ်းတွေနဲ့ထပ်ကာထပ်ကာ ကြိုးစားပါတယ်။ ဒီတော့ Shwemom ရဲ့ ပရိသတ်ကြီးလည်း ကျရှုံးတိုင်းလည်း စိတ်မညစ်ပါနဲ့ … ထပ်ကာ ထပ်ကာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကြိုးစားကြပါ … တစ်ခုတော့ ရှိပါတယ် … ဖြစ်နိုင်တာကိုပဲ ကြိုးစားပါ … စာတစ်လုံးမှ မပြင်ဆင်ပဲ ဆယ်တန်းစာမေးပွဲ လိုက်ဖြေနေတဲ့လူလို မဖြစ်ပါစေနဲ့လို့ တိုက်တွန်းရင်း …။

နတ်စည်တော် (Shwemom)

Sources ; Shwemom

No comments:

Post a Comment