Latest News

Thursday, December 22, 2016

“မြန်မာလုပ်သား ၁၀၈ ဦးကိုအလုပ်ထုတ်တဲ့ ကိစ္စ ထိုင်းကုမ္ပဏီကို တရားစွဲဆိုမည်။”



“မြန်မာလုပ်သား ၁၀၈ ဦးကိုအလုပ်ထုတ်တဲ့ ကိစ္စ ထိုင်းကုမ္ပဏီကို တရားစွဲဆိုမည်။”

ဒီဇင်ဘာ၊ ၂၂ ရန်ကုန်

မြန်မာအလုပ်သမားတစ်ရာကျော်ကို အကြောင်းမဲ့ အလုပ်ထုတ်ပစ်လိုက်တဲ့ကိစ္စနဲ့ပတ်သတ်ပြီးတိရိစ္ဆာန် အစားအသောက်ထုတ်လုပ်တဲ့ ထိုင်းကုမ္ပဏီကိုတရားစွဲဆိုဖို့စီစဉ်ဆောင်ရွက်နေတယ်လို့ ထိုင်းနိုင်ငံရှိမြန်မာလုပ်သားကူညီစောင့်ရှောက်ရေးအဖွဲ့ AAC မှအထွေထွေတာဝန်ခံ ကိုရဲမင်းကပြောပါတယ်။

AAC အဖွဲ့နဲ့ အတူမြန်မာနိုင်ငံ သံရုံးမှ အလုပ်သမားဆိုင်ရာအရာရှိတွေကလည်း တရားစွဲဆိုမှုကို ပါဝင်ကူညီသွားမယ်လို့ ကိုရဲမင်းကပြောပါတယ်။

“အလုပ်သမားတွေက ဥပဒေကိုနားမလည်ဘူး။အဲ့ဒါကြောင့် ကူညီပေးမှာဖြစ်တယ်။သူတို့နိုင်ငံမှာ အလုပ်သမားလိုပြီဆိုရင် စွဲခန့်တယ်။မလိုဘူးဆိုရင် ဖြုတ်ပစ်တယ်။ဥပဒေအရ အကြောင်းမဲ့ အလုပ်ဖြုတ်ပစ်လို့ မရပါဘူး။အလုပ်သမားတွေကလည်း တရားဝင်ခေါ်ထားတဲ့ အလုပ်သမားတွေဖြစ်တယ်”လို့ ကိုရဲမင်းကဆက်လက်ပြောပါတယ်။

အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သား ၁၀၈ ဦးအတွက် သည်ကနေ့မှစပြီး ကုမ္ပဏီကိုတရားစွဲဆိုဖို့ဆောင်ရွက် နေတယ်လို့သိရပါတယ်။

အလုပ်သမားတွကို အလုပ်ထုတ်ထားတဲ့ ရက်ကနေ အခု ၂၂ရက်ကြာတဲ့အချိန်ထိ အလုပ်သမားတွေက ပေးအပ်ထားတဲ့ အာမခံငွေကောနစ်နာကြေးကိုပါကုမ္ပဏီက ပြန်လည်ထုတ်ပေးခြင်းမရှိခဲ့ပါဘူးလို့သိရပါတယ်။

အဆိုပါအလုပ်သမားတွေဟာ တရားဝင် အစိုးရနဲ့သဘောတူညီမှုနဲ့ သွားရောက်တဲ့လုပ်သားတွေဖြစ်ပါတယ်။

ဒါ့အပြင် နစ်နာကြေးပေးဖို့ တောင်းဆိုတဲ့အခါအလုပ်ရှင် က ညှိနှိုင်းလို့ မရတဲ့ အခြေအနေဖြစ်နေတဲ့ အတွက် တရားစွဲဆိုမှုပြုလုပ်ရတာဖြစ်ပါတယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအရ အလုပ်သမားတစ်ဦးကို အကြောင်းမဲ့ အလုပ်ထုတ်ပိုင်ခွင့်မရှိတဲ့အပြင် လုပ်သက် ၄လနဲ့ ၁နှစ်ကြားမှာရှိတဲ့ အလုပ်သမား တစ်ဦးကို အလုပ်ထုတ်မယ်ဆိုရင် တစ်လစာနစ်နာကြေး ဘတ်၉ ၀၀၀ ၊လုပ်သက်၁နှစ်ကနေ ၃နှစ်အထိရှိတဲ့ သူတွေဆိုရင် သုံးလစာနစ်နာကြေး ဘတ်၂၇၀၀၀ စတဲ့ နစ်နာကြေးပေး ပြီးမှ သာ ထုတ်ပိုင်ခွင့်ရှိပါတယ်။လက်ရှိ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၁၀၈ဦးမှာ လုပ်သက် ၄လနဲ့ ၃နှစ် အတွင်း ရှိသူများသာဖြစ်တယ်လို့ သိရပါတယ်။

Sources : မို့မို့သန္တာ Kumudra

No comments:

Post a Comment