Latest News

Thursday, December 22, 2016

စိတ်ဓာတ်တွေ ကျနေရင် သင့်ခန္ဓာကိုယ်မှာ ဖြစ်တဲ့ လက္ခဏာ (၅) ခု

စိတ်ဓာတ်တွေ ကျနေရင် သင့်ခန္ဓာကိုယ်မှာ ဖြစ်တဲ့ လက္ခဏာ (၅) ခု

အစားအသောက် ပိုစားတာတွေ၊ လျှော့စားတာတွေ ဖြစ်လာတယ်။
 
၁ - နာကျင်မှု

အကြောင်းတစ်ခုကြောင့်နာတယ်ဆိုရင် ကိစ္စမရှိပေမဲ့ ဘာအကြောင်းကြောင်းကြောင့်မှ မရှိဘဲ နာကျင်နေတာဟာ စိတ်ကျမှုရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ ကျောတွေ အောင့်တာ၊ ကြွက်သားတွေ နာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့အခါမျိုးမှာ နာကျင်မှုကို သာမန်ထက်ပိုခံစားမိနေနိုင်ပါတယ်။

၂ - ခန္ဓာကိုယ် အလေးချိန်

စိတ်ဓာတ်ကျတဲ့အခါ စားချင်သောက်ချင်စိတ်ကိုပါ ထိခိုက်စေပါတယ်။ စိတ်ဓာတ်ကျနေတဲ့လူတစ်ယောက်ဟာ အစားအသောက် ပိုစားတာတွေ၊ လျှော့စားတာတွေ ဖြစ်လာပြီး ခန္ဓာကိုယ်အလေးချိန် အပြောင်းအလဲတွေ ဖြစ်လာပါတယ်။

၃ - အိပ်မပျော်ဘူး

နွမ်းနယ်တာတွေ၊ ပင်ပန်းတာတွေ အမြဲဖြစ်နေတတ်ပေမဲ့လည်း အိပ်မပျော်ပါဘူး။ စိတ်ဓာတ်ကျခြင်းမှာ အဆိုးဆုံးလက္ခဏာဖြစ်ပြီး သင့်ရဲ့ အာရုံစိုက်နိုင်မှုတွေကိုပါ သက်ရောက်နိုင်ပါတယ်။

၎ - အရေပြား

စိတ်ဓာတ်ကျမှုတွေ အရမ်းဖြစ်တဲ့အခါ အရေပြားမှာပါ ပြဿနာ ရှိလာပါတယ်။ စိတ်ဖိစီးနဲ့ဆိုင်တဲ့ ဟော်မုန်းတွေ ထွက်လာပြီး အရေပြားကို သက်ရောက်မှုရှိတာကြောင့် ဖြစ်ပါတယ်။ ဝက်ခြံတွေ ပိုထွက်လာတာမျိုး၊ ပိုဆိုးလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

၅ - အစာအိမ်

အစာအိမ်မှာ မအီမသာဖြစ်တာ၊ ဝမ်းချုပ်တာ ၊ ရင်ပူတာ စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။

Photos & Source: Prevention : Duwun

No comments:

Post a Comment