Latest News

Thursday, December 22, 2016

မောင်တော နယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရမှုအတွင်း ဆုံးရှုံးခဲ့သည့် လက်နက်များထဲမှ ၂၆ လက်သာ ပြန်လည်ရရှိထား

မောင်တော နယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရမှုအတွင်း ဆုံးရှုံးခဲ့သည့် လက်နက်များထဲမှ ၂၆ လက်သာ ပြန်လည်ရရှိထား


မောင်တော နယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရမှုအတွင်း ဆုံးရှုံးခဲ့သည့် လက်နက်များထဲမှ ၂၆ လက်သာ ပြန်လည်ရရှိထားပြီး ၃၉ လက် ပျောက်ဆုံးနေသေးကြောင်း အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးမှ ရဲမှူးချုပ် သူရစန်းလွင်က ပြန်ကြားရေးဝန်ကြီးဌာန ဦးဆောင်မှုဖြင့် မောင်တောဒေသသို့ သွားရောက် သတင်းရယူနေသည့် မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သံသယရှိသူ ၈၂ ဦးအား မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) အပါအ၀င် အခြား ပုဒ်မများဖြင့်လည်း တရားစွဲဆိုထားကြောင်း ၊ ထို့အတူ မောင်တောဒေသတွင် လက်ရှိအချိန်ထိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။

မီဒီယာများနှင့် တွေ့ဆုံစဉ် ရဲမှုးချုပ်သူရစန်းလွင်က အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရသည့် အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)သို့ ရောက်ရှိရာ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံ ရမှုဖြစ်စဉ် မဖြစ်ပွားမီအခြေ အနေ၊ ဖြစ်စဉ်ဖြစ် ပွားမှုနှင့် ဖြစ်စဉ်ဖြစ် ပွားပြီး နောက်ပိုင်း အခြေအနေများကို လည်းကောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးရမိမှု၊ စစ်ဆေးမှု၊ အမှုဖွင့်အရေးယူ ဆောင်ရွက်မှု၊ ပြစ်ဒဏ်ကျမှု၊ ပြန်လည်စေလွှတ်မှုနှင့် စစ်ဆေး ဆောင်ရွက်ဆဲအခြေအနေများ ကို ရှင်းလင်းပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာအဖွဲ့သည် မောင်တောဒေသသို့ ပထမဦးဆုံး သွားရောက်၍ သတင်းရယူသော အဖွဲ့ ဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ဖြစ်သည်။ မီဒီယာများ သွားရောက် သတင်းရယူခွင့်အတွက် နောက်ထပ် ခရီးစဉ်များ ထပ်မံ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ကြေညာထားသည်။

Sources : The Ladies News

No comments:

Post a Comment