Latest News

Thursday, December 22, 2016

မန္တလေးတိုင်းတွင် ကလေးငယ်များအား တောင်းရမ်းစေခိုင်းသူများကို ဇန်န၀ါရီလကုန်၌ စတင်ကြပ်မတ်အရေးယူမည်

မန္တလေးတိုင်းတွင် ကလေးငယ်များအား တောင်းရမ်းစေခိုင်းသူများကို ဇန်န၀ါရီလကုန်၌ စတင်ကြပ်မတ်အရေးယူမည်



မန္တလေးတိုင်းအတွင်း၌ ကလေးသူငယ်များအား တောင်း ရမ်းခြင်းကို နောက်ကွယ်မှစေခိုင်း သည့် မိဘ(သို့မဟုတ်) အုပ်ထိန်း သူများကို ၂၀၁၇ ဇန်န၀ါရီလကုန် ကစ၍ စစ်ဆေးအရေးယူမည်ဖြစ် ကြောင်း ကလေးသူငယ် လူကုန် ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့ (မန္တ လေး) မှ ရဲအုပ်သိန်းဇော်ကပြော ကြားသည်။

‘‘လမ်းပေါ်တောင်းရမ်းစား သောက်သူ ကလေးများပပျောက် ရေးကို လုပ်ဆောင်နေပြီဖြစ်ပါ တယ်။ လက်ရှိမှာပညာပေးကာလ အနေနဲ့ စတင်ဆောင်ရွက်ပေးနေ ပြီး ၂၀၁၇ ဇန်န၀ါရီ လကုန်တာ နဲ့ ပညာပေးကာလသုံးလပြည့် သွားပြီဖြစ်တဲ့အတွက် ကလေးသူ ငယ်ဥပဒေနဲ့အညီ နောက်ကွယ် က ကြိုးကိုင်တာတွေ၊ အုပ်ထိန်း သူတွေကို အရေးယူမှာ ဖြစ်ပါ တယ်’’ဟု ၎င်းကပြောသည်။

မန္တလေးတိုင်းအတွင်း လမ်း ပေါ်နေ ကလေးသူငယ်များ လျော့နည်းပပျောက်ရေးနှင့် တောင်းရမ်းစားသောက်သည့် ကလေးသူငယ်များလျော့ပါးရေး အတွက် စီမံချက်ကို ပညာပေး ကာလအဖြစ်   ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေးရဲတပ် ဖွဲ့၊ လူမှုဖူလုံရေး ဦးစီးဌာနနှင့် အ ရပ်ဘက် အဖွဲ့အစည်းများပူး ပေါင်းကာ ၂၀၁၆ နိုဝင်ဘာကစ၍ ပြုလုပ်လျက်ရှိပြီး လူစည်ကား သည့်နေရာများ၊ အဝေးပြေးဂိတ် များတွင် စတစ်ကာနှင့် ဗီနိုင်းများ ကပ်ခြင်း၊ တောင်းရမ်းစားသောက် သည့် ကလေးငယ်များနှင့် မိဘ များအား ပညာပေးခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။

‘‘တောင်းရမ်းစားသောက် တဲ့ကလေးတွေက မန္တလေးမြို့ ပေါ်က ကလေးတွေပဲမဟုတ်ပါ ဘူး။ ရပ်ဝေးဒေသကနေ ရောက် နေတာတွေလည်း ရှိတဲ့အတွက် အဝေးပြေး မော်တော်ယာဉ်တွေမှာစတစ်ကာတွေကပ်ပြီးတော့ ပြည် သူတွေသိအောင် လုပ်တာမျိုးတွေ လည်းရှိပါတယ်’’ဟု ရဲအုပ်သိန်း ဇော်ကပြောသည်။

လူမှုဝန်ထမ်းဦးစီးဌာန (မန္တ လေး)နှင့်ကလေးသူငယ် ကာ ကွယ်စောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက်နေသော INGO, NGO အဖွဲ့အစည်းများပူးပေါင်း ကောက်ယူထားသည့် စစ်တမ်း ငယ်တစ်ခုအရ မန္တလေးခရိုင်ရှိ လမ်းပေါ်နေကလေးငယ်များ၏ ၆၂ ရာခိုင်နှုန်းသည် မူလတန်း ပညာမပြီးဆုံးမီ ကျောင်းထွက်နေ ရပြီး ၀င်ငွေရရှိစေရန် ကြုံရာ ကောက်ခြင်းနှင့် တောင်းရမ်း ခြင်းအလုပ်ကို အများဆုံးလုပ် ကိုင်နေကြောင်း ဖော်ပြထား သည်။

Sources : 7Day

No comments:

Post a Comment