Latest News

Thursday, December 22, 2016

ထိုင်းနိုင်ငံက တရုတ်နဲ့ပူပေါင်းပြီး စက်လက်နက်ပစ္စည်းစက်ရုံ တည်ဆောက်ရန် စီစဉ်နေ

ထိုင်းနိုင်ငံက တရုတ်နဲ့ပူပေါင်းပြီး စက်လက်နက်ပစ္စည်းစက်ရုံ တည်ဆောက်ရန် စီစဉ်နေ

ထိုင်းနိုင်ငံက တရုတ်နဲ့ပူးပေါင်းတည်ဆောက်မယ့် စက်လက်နက်ပစ္စည်းစက်ရုံမှာ လက်နက်ငယ်နဲ့ ဒရုန်းကဲ့သို့ လုံခြုံရေးဆိုင်ရာပစ္စည်းတွေကို ထုတ်လုပ်နိုင်ရန် မျှော်လင့်ထားပါတယ်။
 
ထိုင်းမှာ စစ်လက်နက်ပစ္စည်းစက်ရုံ တည်ဆောက်ရန် တရုတ်နိုင်ငံနဲ့ ဆွေးနွေးညှိနှိုင်းနေကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က ဒီဇင်ဘာ ၂၁ ရက်မှာ ပြောကြားပါတယ်။ ယခု အစီအစဉ်ဟာ အမေရိကန်ရဲ့ ကာလရှည်ကြာ မဟာမိတ်ဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုရင်းနှီးကောင်းမွန်လာတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

တရုတ်နဲ့ထိုင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု

ထိုင်းနဲ့ အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးမှာ ၂၀၁၄ ခုနှစ် မေလက ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အေးစက်နေခဲ့ပါတယ်။ အမေရိကန်က ထိုင်းနိုင်ငံမှာ ဒီမိုကရေစီစနစ်သို့ ပြန်မရောက်မချင်း နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်မဖြစ်နိုင်ကြောင်း ပြောထားပါတယ်။ အာဏာသိမ်း ထိုင်းစစ်တပ်အစိုးရက အထွေထွေရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ်မှာ ပြုလုပ်ပေးပြီး ဒီမိုကရေစီစနစ်ကို ပြန်လည်ဖော်ဆောင်မယ်လို့ ကတိပြုထားပါတယ်။

ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နဲ့ ဆက်ဆံမှုပိုမိုကောင်းမွန်အောင် ဆောင်ရွက်လာခဲ့ကြောင်း သိရပါတယ်။ တရုတ်အစိုးရအနေနဲ့ ထိုင်းစစ်တပ်မှာ အသုံးပြုနေတဲ့ ၎င်းတို့နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ရန်အတွက် ထိုင်းနိုင်ငံအတွင်း စစ်လက်နက်ပစ္စည်းစက်ရုံ တည်ဆောက်သွားရန် စိတ်ဝင်စားနေကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်းနိုင်ငံက တရုတ်နဲ့ပူးပေါင်းတည်ဆောက်မယ့် စက်လက်နက်ပစ္စည်းစက်ရုံမှာ လက်နက်ငယ်နဲ့ ဒရုန်းကဲ့သို့ လုံခြုံရေးဆိုင်ရာပစ္စည်းတွေကို ထုတ်လုပ်နိုင်ရန် မျှော်လင့်ထားကြောင်း သိရပါတယ်။ ထိုင်းအစိုးရဟာ ရုရှားနိုင်ငံနဲ့လည်း အလားတူ စစ်လက်နက်ပစ္စည်းစက်ရုံ တည်ဆောက်ရန် ဆွေးနွေးနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ထိုင်းမှာ ၂၀၁၄ ခုနှစ်က စစ်တပ်အာဏာသိမ်းပြီးနောက် အမေရိကန်က လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အကူအညီးပေးမှုတွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် လက်ထက်မှာ အမေရိကန်ရဲ့ အာရှဒေသကို ရှုမြင်မှုတွေ ပြောင်းလဲသွားနိုင်ကြောင်း ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။ ထိုအခြေအနေတွေကြောင့် ထိုင်းအစိုးရက တရုတ်နဲ့ ရုရှားကဲ့သို့ နိုင်ငံတွေနဲ့ ဆက်ဆံရေးပိုကောင်းအောင် လုပ်ဆောင်နေကြောင်း သတင်းများက သုံးသပ်ထားပါတယ်။

Source & Photo: Reuters:Duwun
 

No comments:

Post a Comment