Latest News

Wednesday, December 14, 2016

ကျုံပျော်မြို့မဈေး အတွင်း ဆိုင်ခန်းများ ဖောက်ထွင်းခံရမှု သတင်း

ကျုံပျော်မြို့မဈေး အတွင်း ဆိုင်ခန်းများ ဖောက်ထွင်းခံရမှု သတင်း




ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်တွင် 9.12.2016 ရက်နေ့ နံနက် ၂း ၃၀ အချိန်ခန့် ကျုံပျော်မြို့မဈေး ရှိ
ပြည့်ဝဖုန်းနှင့်အိမ်သုံးဆေးဝါးအရောင်းဆိုင်တွင်း ဖုန်းဟမ်းဆက်မျိုးစုံ (၉)လုံး၊စုစုပေါင်းတန်ဖိုး ၁၁၇၀၀၀၀ကျပ်ဖိုးပျောက်ဆုံးသွားသဖြင့် စုံစမ်းဖော်ထုတ်ပေးရန် တိုင်ကြားသဖြင့် ကျုံပျော်မြို့မရဲစခန်း (ပ)၁၇၃/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၈၀ဖြင့်အမူ့ဖွင့်၍ စခန်းမူး ဒုရဲမူး ခိုင်ကျော်ဦး မှစစ်ဆေးခဲ့ပါသည်။

ကျုံပျော်မြို့မစခန်းမူး ဒုရဲမူးခိုင်ကျော်ဦး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်
မြတ်မင်းဟန်နှင့်နယ်ထိန်းအဖွဲ့ တရားခံဖမ်းမိစေရေးအတွက် ကူညီ
ပေးကြသော ဦးမျိုးသက်​ ၊ဦးထိန်ဝင်း၊နှင့် ကျုံပျော်သားများ ဧ။် သတင်းပေးကူညိမူ့ကြောင့် 13.12.2016 ရက်နေ့တွင် နိုင်လင်းအောင်အား နံနက် ၀၂၀၀ အချိန်၊ကုလားလေး(ခ)လင်းထိုက် အား ညနေ ၀၈၀၀ အချိန်ဖမ်းဆီးရရှိခဲ့ပါသည်။ပြစ်မူ့ကျုးလွန်သူများအား စစ်ဆေး၍ ဥပဒေနှင့်အညီ တရားစွဲတင်ပို့သွားပါမည်။

Don Don

No comments:

Post a Comment