Latest News

Wednesday, December 14, 2016

အကြမ်းဖက်သမား ဘင်္ဂါလီတစ်ဦးကို လုံးထွေး ဖမ်းဆီးခဲ့တဲ့ လ၀က ၀န်ထမ်း ရာထူးတိုး

အကြမ်းဖက်သမား ဘင်္ဂါလီတစ်ဦးကို လုံးထွေး ဖမ်းဆီးခဲ့တဲ့ လ၀က ၀န်ထမ်း ရာထူးတိုး

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ခံရမှု ဖြစ်စဉ်အတွင်း အကြမ်းဖက်သမား ဘင်္ဂါလီတစ်ဦးကို လုံးထွေးဖမ်းဆီးခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းတစ်ဦးကို ရာထူးတိုးခန့်အပ်လိုက်ပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၀ နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်မှာ အကြမ်းဖက်ဘင်္ဂါလီတစ်ဦးကို အသက်ကို ပဓာနမထားဘဲ ၀င်ရောက် လုံးထွေးပြီး အရှင်ဖမ်းဆီးခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ အနောက်ဘက် နယ်စပ်ဒေသ (ရခိုင်ပြည်နယ်)မှ အမှုတွဲထိန်း ဦးကျော်ဝင်းလှိုင်ကို လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူးအဖြစ် ရာထူးတိုးခန့်ထားလိုက်တာဖြစ်ပါတယ်။

အခုလိုရာထူးတိုးခန့်ထားဖို့ကို ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်တဲ့ အမှုထမ်းအဆင့် ၀န်ထမ်းရေးရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

SOURCES © 2016 MCN TV (NEWS CHANNEL)

No comments:

Post a Comment